၂၀၂၁ စစ်အာဏာသိမ်းမှုအတွက် ကြိုတင်ပြင်ဆင်မှုများ

by အောင်အောင်
1124 views

(ကိုယ်ပိုင်အမှတ်-ကြည်း၁၄၂၃၂) မင်းအောင်လှိုင်သည် ၁၉၉၉ ခုနှစ်တွင် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၌ ဗိုလ်မှူးကြီး( နည်းဗျူဟာမှူး အဆင့်သာရှိခဲ့သော်လည်း ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဗိုလ်ချုပ် (တိုင်းမှူး) အဆင့်ရောက်ချိန်တွင်မူ ကာကွယ်ရေးဦးစီးချုပ်အဆင့်အတွက် အခွင့်အလမ်း ရခဲ့သည်။ ၁၉၈၈ အရေးတော်ပုံကို ရက်ရက်စက်စက် နိမ်နင်းခဲ့ပြီးသည်နှင့် တစ်နိုင်ငံလုံးမှာရှိခဲ့သော ယခင်သမဝါယမ ဆိုင်အားလုံးကို ဓမ္မာရုံများအဖြစ်ပြောင်းလဲခဲ့သည်။ သမဝါယမဆိုင်မရှိသော လမ်းများမှာ လမ်းထိပ်၌ ဓမ္မာရုံများ ဆောက်တည်ခဲ့သည်။ ရဟန်းသံဃာ ကျောင်းသားပြည်သူအပါအဝင် ပြည်သူများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် စစ်အာဏာရှင်များက ဗုဒ္ဓဘာသာကို စတင်အလွဲသုံးစားပြုလာခဲ့ပြီ။

၁၉၈၉ ဖောင်ကြီးသင်တန်းက စစ်အာဏာရှင်များ၏ မွတ်စလင်မုန်းတီးရေးသင်တန်းသာ ဖြစ်သည်။ ဖောင်ကြီးသင်တန်းမှာ ရခိုင်ကိုယ်စားလှယ်များက ခိုးဝင်ဘင်္ဂလီပုံပြင်ကို စနစ်တကျတင်ပြခဲ့ရာ ဗိုလ်ချုပ်ခင်ညွှန့်က ရိုဟင်ဂျာတို့အား လူမျိုးတုံးသတ်ဖြတ်ရန် စီမံကိန်းများရေးဆွဲခဲ့သည်။ ပထမဦးဆုံးလုပ်ခဲ့သည်မှာ ရိုဟင်ဂျာတို့လက်ဝယ်ရှိ အမျိုးသားမှတ်ပုံတင် (NRC) များကို သိမ်းပြီး white card ထုတ်ပေးခြင်းပါ။ မင်းအောင်လှိုင်က တိုင်းမှူးအဖြစ် ရခိုင်ပြည်ရောက်သည့်အခါ ၁၉၉၀မှစ၍ နာဇီအကျဉ်းစခန်းပမာ ချုပ်နှောင်ခံထားရသည့် ရိုဟင်ဂျာများ၏ပိုင်ဆိုင်မှုများကို မတရားလုယူကာ သန်းရွှေကို များများစားစား ဆက်သနိုင်ခဲ့ရာ သန်းရွှေအကြိုက်ဖြစ်လာခဲ့သည်။ တဖက်တွင် မင်းအောင်လှိုင်၏မိန်းမ ကြူကြူလှက ရခိုင်သူဖြစ်သည့်အတွက် ရခိုင်နိုင်ငံရေးသမားများကလည်း သူ့ထံချဉ်းကပ်၍ ဆက်သခဲ့ကြ၏။

မင်းအောင်လှိုင်သည် ၂၀၀၇တွင် ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဖြစ်လာပြီး ၂၀၀၇ သံဃာ့အရေးတော်ပုံ ရက်ရက်စက်စက် နိမ်နင်းပြီး ရဟန်းများစွာကို ထောင်ချနိုင်ခဲ့သည့်အတွက် ဗိုလ်ချုပ်ရာထူးရခဲ့သည်။ ၂၀၁၁ မတ်လတွင် မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာ၏။ စစ်ထောက်လှမ်းရေး၊ အယောင်ဆောင်ဘုန်းကြီးများနှင့် ရခိုင်များဖြင့် ဖွဲ့စည်းထားသော ၉၆၉နှင့်မဘသ အကြမ်းဖက်အဖွဲ့များကို ဖွဲ့ခဲ့သည်။ တစ်ချိန်တည်းမှာ AA လည်း ပေါ်လာ၏။ ၂၀၁၁ ဒီဇင်္ဘာလမှာ ရခိုင်ကျောင်းသားများက ကျောက်ဖြူ ရွှေဂတ်စ်စီမံကိန်းကို ကန့်ကွက်ဆန္ဒပြခဲ့ရာ အာရုံပြောင်းရန် မသီတာထွေး ရုပ်ရှင်ရိုက်ပြကာ ဘုန်းကြီး ဟန်ဆောင်သည့် ရခိုင်အကြမ်းဖက်သမားထောင်ချီ၍ ရွှေတီဂုံဘုရားပေါ်တက်ကာ ဘင်္ဂလီဆန့်ကျင်ရေး လုပ်ပြခဲ့သည်။

မီဒီယာသမားများသိမ်းထားသော ပုံများမှ ထိုပုဂ္ဂိုလ်များကို ခြေရာခံကြည့်ပါက အများစုမှာ ရခိုင်ဖြစ်ကြောင်း တွေ့ရလိမ့်မည်။ ၂၀၁၂ ဇွန်လ ၃ ရက်နေ့တွင် မြန်မာမွတ်စလင် ၁၀ ဦးကို လူမဆန်စွာ မတရားသတ်ဖြတ်ပြီး ယင်းကို ဦးသိန်းစိန်အစိုးရကိုယ်တိုင် စီစဉ်ခဲ့ကြောင်း သတင်းစာအရ သိရ၏။ မင်းအောင်လှိုင်၏ အကြံအစည်နှင့်အေးမောင်အပါအဝင် ရခိုင်နိုင်ငံရေးသမားအားလုံး ကြံရာပါ၏။ တစ်ဆက်တည်းမှာပင် ရခိုင်ပြည်အနှံ့၌ ရိုဟင်ဂျာများနေထိုင်ရာ မြို့ရွှာများတွင် လျှပ်စစ်မီးဖြတ်တောက်၍ ရခိုင်အကြမ်းဖက်သမားများနှင့် မဘသအကြမ်းဖက်သမားများက ရိုဟင်ဂျာရွာများကို မီးကွင်းပစ်ရှို့ခဲ့သည်။ ရိုဟင်ဂျာများကလည်း တုတ်ဓါးကိုင်ပြီး အကြမ်းဖက်သမားများ၏ရန်ကို ခုခံရန်ကြိုးစားခဲ့စဉ် လုံခြုံရေးတပ်များ၊ ရဲများ၊ ရခိုင်လက်နက်ကိုင်အုပ်စုများနှင့် စစ်သားများက သေနတ်များဖြင့် ဒလဟောပစ်ခတ်အပြီး အိမ်ထဲ၌ ကျန်ရစ်သူများကို စစ်တပ်က အတင်းဆွဲချကာ လယ်ကွင်းဘက်သို့ ပို့ဆောင်ပေးခဲ့သည်။ Smart ဖုန်းမရှိသည့် အချိန်ဖြစ်၍ ရှားရှားပါးပါးရှိခဲ့သည့် ကင်မရာ ၂-၃ ခုက UN အထိ ဓါတ်ပုံဗီဒီယိုမှတ်တမ်းအချို့ တင်ပြခွင့်ရခဲ့၏။

မင်းအောင်လှိုင်က ရခိုင်အကြမ်းဖက်သမားများနှင့် မဘသအကြမ်းဖက်သမားများကို အသုံးချ၍ ကျောက်ဖြူမှ သည် ကူမင်းအထိ ဂတ်စ်ပိုက်လှိုင်း မပြီးမချင်း ရခိုင်ပြည်မှသည် မီတိလ္လာအထိ မီးရှို့ပွဲ လူသတ်ပွဲများကို စနစ်တကျ ကျင်းပခဲ့သည်။ တနိုင်ငံလုံး၌ ဘင်္ဂလီဆန့်ကျင်းရေး ဝါဒဖြန့်မှုကို အဓိက တာဝန်ယူဆောင်ခဲ့သူမှာ မှူးဇော်ခေါ် ဇော်ဌေးပင်ဖြစ်သည်။ ရခိုင်အကြမ်းဖက်သ မားများနှင့် မဘသအကြမ်းဖက်သမားများက ရခိုင်ပြည်နယ်၌သာမက ရန်ကုန် မန္တလေးတို့၌ပင် UN MSF OIC အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။ ယနေ့အထိ ရိုဟင်ဂျာ ၂၄၀၀၀၀ စခန်း၌ ရှိနေ၏။ ၂၀၁၃ တွင် ရခိုင်အကြမ်းဖက်ခေါင်းဆောင် အေးမောင်နှင့် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တရုတ်ပြည်သွားခဲ့သည်။ ၂၀၁၄ တွင် AA က ရခိုင်လက်နက်ကိုင် ALP ကို အပြီးသတ် ချေမှုန်းခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD က မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ရာ ကာကွယ်ရေးအပြင် အရေးပါသော အုပ်ချုပ်ရေး၊ တရားရေးနှင့်ပြန်ကြားကိုပါ ရအောင်ယူခဲ့သည်။ ဒေါ်စုက ရင်ကြားစေ့လိုခြင်းသည် ရာဇဝတ်ကောင်မင်းအောင်လှိုင်နှင့်ရခိုင်အကြမ်းဖက်သမားများအတွက် အခွင့်အလမ်းကောင်း ဖြစ်လာ၏။ ရာဇဝတ်ကောင် ဇော်ဌေးက ဒေါ်စုအစိုးရမှာ ပြန်ကြားရေးညွှန်ချုပ်ဖြစ်လာ၏။ တနိုင်ငံလုံးတွင် အကြမ်းဖက်မှုများကို စတင်လာလေ၏။ ဦးကိုနီကို ရက်ရက်စက်စက်လုပ်ကြံခဲ့၏။ အနောက်တိုင်းအမြင်အရ ဒေါ်စုလက်ထက်မှာ အကြမ်းဖက်မှု အများဆုံးဖြစ်ခဲ့၏။ AA က Arakan Dream 2020 ကို လူသိရှင်ကြား ကျေညာခဲ့သည်။ ၂၀၁၆ မှာ တပ်မှူး၊ နယ်ခြားစောင့်ရဲမှူးနှင့် ရခိုင်တို့အတွက် WY ကယ်ရီလုပ်ပေးသောအဖွဲ့ကို ARSA အမည်ပေးပြီး တုတ်ဓါးကိုင်စေကာ ရုပ်ရှင်ရိုက်ခဲ့၏။

တချိန်တည်းမှာ စစ်တပ်နှင့် AA တို့လည်း စစ်ပွဲအသွင်ဖြင့် drama လုပ်ပြခဲ့၏။ ဒေါ်စုက အာဆီယံ အစည်းအဝေးတက်ရန် ထွက်ခွာသည့်အခါ သမ္မတဦးထင်ကျော်ထံမှ နယ်မြေရှင်းလင်းရေးအတွက် လက်မှတ်ရထားပြီဖြစ်၍ ရခိုင်အကြမ်းဖက်သမားများနှင့်စစ်တပ်တို့က ရိုဟင်ဂျာများအား စိတ်ကြိုက်မုဒိန်းကျင့်၊ မီးရှို့သတ်ဖြတ်ခဲ့၏။ ရိုဟင်ဂျာ တစ်သန်းနီးပါး ဘင်္ဂလားဒေ့ချ်ဘက်သို့ အသက်လု ထွက်ပြေးခဲ့ရသည်။ ဒေါ်စု ပြန်လာ၍ သမ္မတဦးဝင်းမြင့်ကို သမ္မတခန့်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် AA က NLD အမတ်လောင်းသုံးဦးကို ပြန်ပေးဆွဲခဲ့သည်။ ရွေးကောက်ပွဲအပြီး မင်းအောင်လှိုင်နှင့် AA တို့က ဒီဇင်ဘာ၌ ရွေးကောက်ပွဲကျင်းပ ပေးရန်တောင်းဆိုခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာမှာ မင်းအောင်လှိုင်က AA ကို ချီးကျူးပြောခဲ့သည်။ မြန်မာနိုင်ငံ၏နိုင်ငံရေးမှာ မရှိမဖြစ်အရေးပါသော ရခိုင်ပြည်နယ်မှ ရက္ခိုင့်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၂၀၂၀ ဇန္နဝါရီ ၂၈ ရက်နေ့လုပ်သည့် CCN နှင့် အင်တာဗျူးတွင် “အနီပဲဖြစ်ဖြစ်၊ အစိမ်းပဲဖြစ်ဖြစ်၊ ဘယ်တုတ်နဲ့ ရိုက်ပါစေ ရခိုင်တွေ ခံရတာပဲဆိုတော့ စစ်တပ်အာဏာသိမ်းတာ ရခိုင်အတွက်အကျိုးရှိတယ်။” ဟု ပြောခဲ့သည်။

ယင်းနှင့်စပ်လျဉ်း၍ ဒေါက်တာမောင်ဇာနည်က “ AA leader Tun Myat Naing shows NO BROAD NATIONAL VISION or PRINCIPLES. I was so wrong to have supported Arakan Army leadership, thinking that it has the intellect and principle to LEAD THE ENTIRE UNION. ဟု မှတ်ချက်ပေးခဲ့သည်။ စစ်အာဏာသိမ်းသည့်နေ့တွင် ရခိုင်တို့က ပျော်ပွဲရွှင်ပွဲ (cheer party) ကျင်းပခဲ့သည်။ ၂၀၁၈ ခုနှစ်ရောက်မှာ ရခိုင်အမျိုးသားပါတီဥက္ကဌ (ဟောင်း) ဒေါက်တာအေးမောင်ကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ဖြင့်ထောင်ဒဏ်ချခြင်း၊ အကြမ်းဖက်ခေါင်းဆောင် ဝီရသူက လာရောက်အဖမ်းခံခြင်းတို့သည် ယခုပြုလုပ်နေသော နွေဦးတော်လှန်ရေးအတွက် အသုံးချရန် ကြိုတင်ပြင်ဆင်ခြင်းပင် ဖြစ်သည်။

မည်သို့ဆိုစေ၊ NLD အစိုးရသည် ရာဇဝတ်ကောင်မင်းအောင်လှိုင်အုပ်စု၊ တရုတ်ပြည်၏ လူလည်ကျမှုနှင့်အဝကျွန်းသား ရခိုင်အကြမ်းဖက်အုပ်စုတို့၏ထောင်ချောက်ထဲ၌ ရောက်ရှိသည့်အတွက် ကမ္ဘာမှာ အမည်းစက်ဖြစ်ခဲ့ပြီ။ ယခုအခါ CRPH အနေဖြင့် ကမ္ဘာကြီးအား အမှန်အတိုင်းဝန်ခံပြီး ပြည်သူကို ကယ်တင်ရမည့်အချိန်ပါ။ မြန်မြန်ပွင့်ဟပြောဆိုလေ စစ်ရာဇဝတ်ကောင်များ မြန်မြန်အဖမ်းခံရလေပါဘဲ။

(Zawgyi Version)

၂၀၂၁ စစ္အာဏာသိမ္းမႈအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား

(ကိုယ္ပိုင္အမွတ္-ၾကည္း၁၄၂၃၂) မင္းေအာင္လႈိင္သည္ ၁၉၉၉ ခုႏွစ္တြင္ အမွတ္ (၃၃) ေျချမန္တပ္မဌာနခ်ဳပ္၌ ဗိုလ္မႉးႀကီး( နည္းဗ်ဴဟာမႉး အဆင့္သာရွိခဲ့ေသာ္လည္း ၂၀၀၄ ခုႏွစ္ ႏိုဝင္ဘာလတြင္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၌ ဗိုလ္ခ်ဳပ္ (တိုင္းမႉး) အဆင့္ေရာက္ခ်ိန္တြင္မူ ကာကြယ္ေရးဦးစီးခ်ဳပ္အဆင့္အတြက္ အခြင့္အလမ္း ရခဲ့သည္။ ၁၉၈၈ အေရးေတာ္ပုံကို ရက္ရက္စက္စက္ နိမ္နင္းခဲ့ၿပီးသည္ႏွင့္ တစ္ႏိုင္ငံလုံးမွာရွိခဲ့ေသာ ယခင္သမဝါယမ ဆိုင္အားလုံးကို ဓမၼာ႐ုံမ်ားအျဖစ္ေျပာင္းလဲခဲ့သည္။ သမဝါယမဆိုင္မရွိေသာ လမ္းမ်ားမွာ လမ္းထိပ္၌ ဓမၼာ႐ုံမ်ား ေဆာက္တည္ခဲ့သည္။ ရဟန္းသံဃာ ေက်ာင္းသားျပည္သူအပါအဝင္ ျပည္သူမ်ားစြာကို ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့သည့္ စစ္အာဏာရွင္မ်ားက ဗုဒၶဘာသာကို စတင္အလြဲသုံးစားျပဳလာခဲ့ၿပီ။

၁၉၈၉ ေဖာင္ႀကီးသင္တန္းက စစ္အာဏာရွင္မ်ား၏ မြတ္စလင္မုန္းတီးေရးသင္တန္းသာ ျဖစ္သည္။ ေဖာင္ႀကီးသင္တန္းမွာ ရခိုင္ကိုယ္စားလွယ္မ်ားက ခိုးဝင္ဘဂၤလီပုံျပင္ကို စနစ္တက်တင္ျပခဲ့ရာ ဗိုလ္ခ်ဳပ္ခင္ၫႊန႔္က ႐ိုဟင္ဂ်ာတို႔အား လူမ်ိဳးတုံးသတ္ျဖတ္ရန္ စီမံကိန္းမ်ားေရးဆြဲခဲ့သည္။ ပထမဦးဆုံးလုပ္ခဲ့သည္မွာ ႐ိုဟင္ဂ်ာတို႔လက္ဝယ္ရွိ အမ်ိဳးသားမွတ္ပုံတင္ (NRC) မ်ားကို သိမ္းၿပီး white card ထုတ္ေပးျခင္းပါ။ မင္းေအာင္လႈိင္က တိုင္းမႉးအျဖစ္ ရခိုင္ျပည္ေရာက္သည့္အခါ ၁၉၉၀မွစ၍ နာဇီအက်ဥ္းစခန္းပမာ ခ်ဳပ္ေႏွာင္ခံထားရသည့္ ႐ိုဟင္ဂ်ာမ်ား၏ပိုင္ဆိုင္မႈမ်ားကို မတရားလုယူကာ သန္းေ႐ႊကို မ်ားမ်ားစားစား ဆက္သႏိုင္ခဲ့ရာ သန္းေ႐ႊအႀကိဳက္ျဖစ္လာခဲ့သည္။ တဖက္တြင္ မင္းေအာင္လႈိင္၏မိန္းမ ၾကဴၾကဴလွက ရခိုင္သူျဖစ္သည့္အတြက္ ရခိုင္ႏိုင္ငံေရးသမားမ်ားကလည္း သူ႔ထံခ်ဥ္းကပ္၍ ဆက္သခဲ့ၾက၏။

မင္းေအာင္လႈိင္သည္ ၂၀၀၇တြင္ ကာကြယ္ေရးဝန္ႀကီးဌာန အမွတ္ (၂) စစ္ဆင္ေရး အထူးအဖြဲ႕မႉး (ကစထမႉး) ျဖစ္လာၿပီး ၂၀၀၇ သံဃာ့အေရးေတာ္ပုံ ရက္ရက္စက္စက္ နိမ္နင္းၿပီး ရဟန္းမ်ားစြာကို ေထာင္ခ်ႏိုင္ခဲ့သည့္အတြက္ ဗိုလ္ခ်ဳပ္ရာထူးရခဲ့သည္။ ၂၀၁၁ မတ္လတြင္ မင္းေအာင္လႈိင္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္လာ၏။ စစ္ေထာက္လွမ္းေရး၊ အေယာင္ေဆာင္ဘုန္းႀကီးမ်ားႏွင့္ ရခိုင္မ်ားျဖင့္ ဖြဲ႕စည္းထားေသာ ၉၆၉ႏွင့္မဘသ အၾကမ္းဖက္အဖြဲ႕မ်ားကို ဖြဲ႕ခဲ့သည္။ တစ္ခ်ိန္တည္းမွာ AA လည္း ေပၚလာ၏။ ၂၀၁၁ ဒီဇဘၤာလမွာ ရခိုင္ေက်ာင္းသားမ်ားက ေက်ာက္ျဖဴ ေ႐ႊဂတ္စ္စီမံကိန္းကို ကန႔္ကြက္ဆႏၵျပခဲ့ရာ အာ႐ုံေျပာင္းရန္ မသီတာေထြး ႐ုပ္ရွင္႐ိုက္ျပကာ ဘုန္းႀကီး ဟန္ေဆာင္သည့္ ရခိုင္အၾကမ္းဖက္သမားေထာင္ခ်ီ၍ ေ႐ႊတီဂုံဘုရားေပၚတက္ကာ ဘဂၤလီဆန႔္ က်င္ေရး လုပ္ျပခဲ့သည္။

မီဒီယာသမားမ်ားသိမ္းထားေသာ ပုံမ်ားမွ ထိုပုဂၢိဳလ္မ်ားကို ေျခရာခံၾကည့္ပါက အမ်ားစုမွာ ရခိုင္ျဖစ္ေၾကာင္း ေတြ႕ရလိမ့္မည္။ ၂၀၁၂ ဇြန္လ ၃ ရက္ေန႔တြင္ ျမန္မာမြတ္စလင္ ၁၀ ဦးကို လူမဆန္စြာ မတရားသတ္ျဖတ္ၿပီး ယင္းကို ဦးသိန္းစိန္အစိုးရကိုယ္တိုင္ စီစဥ္ခဲ့ေၾကာင္း သတင္းစာအရ သိရ၏။ မင္းေအာင္လႈိင္၏ အႀကံအစည္ႏွင့္ေအးေမာင္အပါအဝင္ ရခိုင္ႏိုင္ငံေရးသမားအားလုံး ႀကံရာပါ၏။ တစ္ဆက္တည္းမွာပင္ ရခိုင္ျပည္အႏွံ႔၌ ႐ိုဟင္ဂ်ာမ်ားေနထိုင္ရာ ၿမိဳ႕႐ႊာမ်ားတြင္ လွ်ပ္စစ္မီးျဖတ္ေတာက္၍ ရခိုင္အၾကမ္းဖက္သမားမ်ားႏွင့္ မဘသအၾကမ္းဖက္သမားမ်ားက ႐ိုဟင္ဂ်ာ႐ြာမ်ားကို မီးကြင္းပစ္ရႈိ႕ခဲ့သည္။ ႐ိုဟင္ဂ်ာမ်ားကလည္း တုတ္ဓါးကိုင္ၿပီး အၾကမ္းဖက္သမားမ်ား၏ရန္ကို ခုခံရန္ႀကိဳးစားခဲ့စဥ္ လုံၿခဳံေရးတပ္မ်ား၊ ရဲမ်ား၊ ရခိုင္လက္နက္ကိုင္အုပ္စုမ်ားႏွင့္ စစ္သာမ်ားက ေသနတ္မ်ားျဖင့္ ဒလေဟာပစ္ခတ္အၿပီး အိမ္ထဲ၌ က်န္ရစ္သူမ်ားကို စစ္တပ္က အတင္းဆြဲခ်ကာ လယ္ကြင္းဘက္သို႔ ပို႔ေဆာင္ေပးခဲ့သည္။ Smart ဖုန္းမရွိသည့္ အခ်ိန္ျဖစ္၍ ရွားရွားပါးပါးရွိခဲ့သည့္ ကင္မရာ ၂-၃ ခုက UN အထိ ဓါတ္ပုံဗီဒီယိုမွတ္တမ္းအခ်ိဳ႕ တင္ျပခြင့္ရခဲ့၏။

မင္းေအာင္လႈိင္က ရခိုင္အၾကမ္းဖက္သမားမ်ားႏွင့္ မဘသအၾကမ္းဖက္သမားမ်ားကို အသုံးခ်၍ ေက်ာက္ျဖဴမွ သည္ ကူမင္းအထိ ဂတ္စ္ပိုက္လႈိင္း မၿပီးမခ်င္း ရခိုင္ျပည္မွသည္ မိတိလႅာအထိ မီးရႈိ႕ပြဲ လူသတ္ပြဲမ်ားကို စနစ္တက် က်င္းပခဲ့သည္။ တႏိုင္ငံလုံး၌ ဘဂၤလီဆန႔္က်င္းေရး ဝါဒျဖန႔္မႈကို အဓိက တာဝန္ယူေဆာင္ခဲ့သူမွာ မႉးေဇာ္ေခၚ ေဇာ္ေဌးပင္ျဖစ္သည္။ ရခိုင္အၾကမ္းဖက္သ မားမ်ားႏွင့္ မဘသအၾကမ္းဖက္သမားမ်ားက ရခိုင္ျပည္နယ္၌သာမက ရန္ကုန္ မႏၲေလးတို႔၌ပင္ UN MSF OIC အလိုမရွိေၾကာင္း ဆႏၵျပခဲ့သည္။ ယေန႔အထိ ႐ိုဟင္ဂ်ာ ၂၄၀၀၀၀ စခန္း၌ ရွိေန၏။ ၂၀၁၃ တြင္ ရခိုင္အၾကမ္းဖက္ေခါင္းေဆာင္ ေအးေမာင္ႏွင့္ AA ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္တို႔ တ႐ုတ္ျပည္သြားခဲ့သည္။ ၂၀၁၄ တြင္ AA က ရခိုင္လက္နက္ကိုင္ ALP ကို အၿပီးသတ္ ေခ်မႈန္းခဲ့သည္။

၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ NLD က မဲအျပတ္အသတ္ျဖင့္ အႏိုင္ရခဲ့ရာ ကာကြယ္ေရးအျပင္ အေရးပါေသာ အုပ္ခ်ဳပ္ေရး၊ တရားေရးႏွင့္ျပန္ၾကားကိုပါ ရေအာင္ယူခဲ့သည္။ ေဒၚစုက ရင္ၾကားေစ့လိုျခင္းသည္ ရာဇဝတ္ေကာင္မင္းေအာင္လႈိင္ႏွင့္ရခိုင္အၾကမ္းဖက္သမားမ်ားအတြက္ အခြင့္အလမ္းေကာင္း ျဖစ္လာ၏။ ရာဇဝတ္ေကာင္ ေဇာ္ေဌးက ေဒၚစုအစိုးရမွာ ျပန္ၾကားေရးၫႊန္ခ်ဳပ္ျဖစ္လာ၏။ တႏိုင္ငံလုံးတြင္ အၾကမ္းဖက္မႈမ်ားကို စတင္လာေလ၏။ ဦးကိုနီကို ရက္ရက္စက္စက္လုပ္ႀကံခဲ့၏။ အေနာက္တိုင္းအျမင္အရ ေဒၚစုလက္ထက္မွာ အၾကမ္းဖက္မႈ အမ်ားဆုံးျဖစ္ခဲ့၏။ AA က Arakan Dream 2020 ကို လူသိရွင္ၾကား ေက်ညာခဲ့သည္။ ၂၀၁၆ မွာ တပ္မႉး၊ နယ္ျခားေစာင့္ရဲမႉးႏွင့္ ရခိုင္တို႔အတြက္ WY ကယ္ရီလုပ္ေပးေသာအဖြဲ႕ကို ARSA အမည္ေပးၿပီး တုတ္ဓါးကိုင္ေစကာ ႐ုပ္ရွင္႐ိုက္ခဲ့၏။

တခ်ိန္တည္းမွာ စစ္တပ္ႏွင့္ AA တို႔လည္း စစ္ပြဲအသြင္ျဖင့္ drama လုပ္ျပခဲ့၏။ ေဒၚစုက အာဆီယံ အစည္းအေဝးတက္ရန္ ထြက္ခြာသည့္အခါ သမၼတဦးထင္ေက်ာ္ထံမွ နယ္ေျမရွင္းလင္းေရးအတြက္ လက္မွတ္ရထားၿပီျဖစ္၍ ရခိုင္အၾကမ္းဖက္သမားမ်ားႏွင့္စစ္တပ္တို႔က ႐ိုဟင္ဂ်ာမ်ားအား စိတ္ႀကိဳက္မုဒိန္းက်င့္၊ မီးရႈိ႕သတ္ျဖတ္ခဲ့၏။ ႐ိုဟင္ဂ်ာ တစ္သန္းနီးပါး ဘဂၤလားေဒ့ခ်္ဘက္သို႔ အသက္လု ထြက္ေျပးခဲ့ရသည္။ ေဒၚစု ျပန္လာ၍ သမၼတဦးဝင္းျမင့္ကို သမၼတခန႔္ခဲ့သည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲ မဲဆြယ္ကာလတြင္ AA က NLD အမတ္ေလာင္းသုံးဦးကို ျပန္ေပးဆြဲခဲ့သည္။ ေ႐ြးေကာက္ပြဲအၿပီး မင္းေအာင္လႈိင္ႏွင့္ AA တို႔က ဒီဇင္ဘာ၌ ေ႐ြးေကာက္ပြဲက်င္းပ ေပးရန္ေတာင္းဆိုခဲ့သည္။ ဒီဇင္ဘာ ၁၅ ရက္ေန႔ ရခိုင္ျပည္နယ္ေန႔ သဝဏ္လႊာမွာ မင္းေအာင္လႈိင္က AA ကို ခ်ီးက်ဴးေျပာခဲ့သည္။ ျမန္မာႏိုင္ငံ၏ႏိုင္ငံေရးမွာ မရွိမျဖစ္အေရးပါေသာ ရခိုင္ျပည္နယ္မွ ရကၡိဳင့္တပ္မေတာ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က ၂၀၂၀ ဇႏၷဝါရီ ၂၈ ရက္ေန႔လုပ္သည့္ CCN ႏွင့္ အင္တာဗ်ဴးတြင္ “အနီပဲျဖစ္ျဖစ္၊ အစိမ္းပဲျဖစ္ျဖစ္၊ ဘယ္တုတ္နဲ႔ ႐ိုက္ပါေစ ရခိုင္ေတြ ခံရတာပဲဆိုေတာ့ စစ္တပ္အာဏာသိမ္းတာ ရခိုင္အတြက္အက်ိဳးရွိတယ္။” ဟု ေျပာခဲ့သည္။

ယင္းႏွင့္စပ္လ်ဥ္း၍ ေဒါက္တာေမာင္ဇာနည္က “ AA leader Tun Myat Naing shows NO BROAD NATIONAL VISION or PRINCIPLES. I was so wrong to have supported Arakan Army leadership, thinking that it has the intellect and principle to LEAD THE ENTIRE UNION. ဟု မွတ္ခ်က္ေပးခဲ့သည္။ စစ္အာဏာသိမ္းသည့္ေန႔တြင္ ရခိုင္တို႔က ေပ်ာ္ပြဲ႐ႊင္ပြဲ (cheer party) က်င္းပခဲ့သည္။ ၂၀၁၈ ခုႏွစ္ေရာက္မွာ ရခိုင္အမ်ိဳးသားပါတီဥကၠဌ (ေဟာင္း) ေဒါက္တာေအးေမာင္ကို ႏိုင္ငံေတာ္ပုန္ကန္မႈပုဒ္မ ျဖင့္ေထာင္ဒဏ္ခ်ျခင္း၊ အၾကမ္းဖက္ေခါင္းေဆာင္ ဝီရသူက လာေရာက္အဖမ္းခံျခင္းတို႔သည္ ယခုျပဳလုပ္ေနေသာ ေႏြဦးေတာ္လွန္ေရးအတြက္ အသုံးခ်ရန္ ႀကိဳတင္ျပင္ဆင္ျခင္းပင္ ျဖစ္သည္။

မည္သို႔ဆိုေစ၊ NLD အစိုးရသည္ ရာဇဝတ္ေကာင္မင္းေအာင္လႈိင္အုပ္စု၊ တ႐ုတ္ျပည္၏ လူလည္က်မႈႏွင့္အဝကြၽန္းသား ရခိုင္အၾကမ္းဖက္အုပ္စုတို႔၏ေထာင္ေခ်ာက္ထဲ၌ ေရာက္ရွိသည့္အတြက္ ကမာၻမွာ အမည္းစက္ျဖစ္ခဲ့ၿပီ။ ယခုအခါ CRPH အေနျဖင့္ ကမာၻႀကီးအား အမွန္အတိုင္းဝန္ခံၿပီး ျပည္သူကို ကယ္တင္ရမည့္အခ်ိန္ပါ။ ျမန္ျမန္ပြင့္ဟေျပာဆိုေလ စစ္ရာဇဝတ္ေကာင္မ်ား ျမန္ျမန္အဖမ္းခံရေလပါဘဲ။

You may also like