ဂျီနိုဆိုဒ်တရားခံ မြန်မာစစ်ခေါင်းဆောင်များနှင့်တရုတ်သမ္မတကို ရုရှားက အားပေးအားမြှောက်လုပ်ခြင်း

1531 views

မော်စကိုတွင်ပြုလုပ်သော ကွန်ဖရင့်သို့တက်ရောက်ရန် ရိုဟင်ဂျာဂျီနိုဆိုဒ် တရားခံများ၏ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားသို့ ခရီးနှင်ခဲ့သည်။ ဖေဖော်ဝါရီလက အာဏာရယူပြီးချိန်မှစ၍ ပြည်ပသို့ သွားရောက်သည့် သူ၏ဒုတိယအကြိမ်ခရီးစဉ်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၂၂ မှ ၂၄ ရက်အထိ ကျင်းပသည့် နိုင်ငံတကာလုံခြုံရေး ဆိုင်ရာမော်စကို ကွန်ဖရင့်ကို တက်ရောက်ခဲ့သည်။

နို၀င်ဘာလက အပြတ်အသတ်အနိုင်ရသည့်ရွေးကောက်ပွဲအပေါ် မဲလိမ်လည်သည်ဟု စွပ်စွဲ၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အရပ်သားအစိုးရအားဖြုတ်ချခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံသို့လက်နက်တင်ပို့မှုကိုရပ်တန့်ရန်၊ ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် စစ်တပ်အား တိုက်တွန်းခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသည် ရုရှားဖက်ဒရေးရှင်း၏ ရိုးရာအစဉ်အလာဖြစ်ခဲ့သည့်တက္ကသိုလ်မှချီးမြှင့်သည့်ဂုဏ်ထူးဆောင် ပါမောက္ခကို လက်ခံရရှိသောကြောင့် ဂုဏ်ယူခဲ့သည်။ ဂုဏ်ထူးဆောင် ပါမောက္ခ၏ဂုဏ်သိက္ခာနှင့်အညီ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှား – မြန်မာစစ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံစစ်တပ်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကျိုးစီးပွားများကို ဖြည့်ဆည်းခြင်းနှင့်ပိုမိုတိုးတက်စေရန်ယဉ်ကျေးမှု၊ သူက တတ်နိုင်သလောက် နယ်ပယ်အားလုံးတွင် ဆက်ဆံရေးခိုင်မာစေမည်ဟု ပြောခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုအပြီးတွင် (ရခိုင်) မှမောင်းထုတ်ခံရပြီး ဘင်္ဂလားဒေ့ရ်ှတွင်ခိုလှုံခဲ့ကြသောရိုဟင်ဂျာ ၁.၁ သန်း (၁၁ သိန်း) ကိုပြန်လည်​ခေါ်ဆောင်ရန် ဆွေးနွေးမှုများရှိခဲ့သည်။ သို့သော် စစ်ခေါင်းဆောင်များက ပြန်ခေါ်လိုစိတ်မရှိသောကြောင့် IDP Concentration Camp များတွင် 2012 ကတည်းက နေထိုင်ရသူများသည်ပင် သူတို့၏မူလနေရာများသို့ အခြေချခွင့်မရကြပေ။ စစ်အစိုးရသည် ရိုဟင်ဂျာတို့အား ဆက်လက်၍ မျိုးတုံးသတ်ဖြတ်မည့်လေသံဖြင့်ပြောဆိုနေသည်။ သူတို့၏ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီက ပြောကြားရာတွင် ရိုဟင်ဂျာပြသနာသည်သူတို့ ဦးစားပေးစာရင်းတွင် မပါဝင်ကြောင်းပြောကြားခဲ့သည်။၎င်းမှာ ရခိုင်အမျိုးသားရေးဝါဒီခေါင်းဆောင်များ၏ ဖိအားကြောင့်ဖြစ်သည်ဟု ဆင်ခြေပေး၏။

မြန်မာစစ်အစိုးရက အာဏာကိုလွှဲပြောင်းယူပြီးနောက် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကိုထောက်ခံသူများနှင့် ပြည်သူလူထု၏ ပြင်းထန်သောဆန့်ကျင်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု စိတ်ကူးမထားခဲ့ပါ။ စစ်အစိုးရသည်နိုင်ငံတကာအသိအမှတ်ပြုမှုကို စောင့်ဆိုင်းနေဆဲဖြစ်သည်။ ရိုဟင်ဂျာပြသနာသည်လည်း ၎င်းတို့ ဦးစားပေးကိစ္စမဟုတ်ပါ။ အာဆီယံနိုင်ငံများသည်လည်း မြန်မာနိုင်ငံ၏စစ်အစိုးရကိုဆန့်ကျင်ခြင်း မရှိပါ။

ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံသည်တရုတ်အတွက်အရေးပါသည်။ ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသောရခိုင်ဒေသသည် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ပထဝီအနေအထားဆိုင်ရာ မဟာဗျူဟာစီမံကိန်းဖြစ်သော Belt and Road Initiative (BRI) တွင်အထူးသဖြင့် မဟာဗျူဟာအရ အရေးပါမှုဖြစ်လာခဲ့သည်။ ကမ်းလွန်ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်မှ မြန်မာပြည်အနှံ့လောင်စာဆီသိုလှောင်ရုံမှ တရုတ်နိုင်ငံကူမင်းသို့ဓာတ်ငွေ့သယ်ယူရန်အတွက်ကျောက်ဖြူဆိပ်ကမ်းမှ ပိုက်လိုင်းများကိုတည်ဆောက်ခဲ့သည်။ ရခိုင်လူထု၊သူတို့၏နိုင်ငံရေးပါတီ ANP (ရခိုင်အမျိုးသားပါတီ) နှင့်လက်နက်ကိုင်တပ်ဖွဲ့ Arakan Army (AA) နှင့် United League of ရခိုင် (ULA) တို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကို ဆန့်ကျင်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ၆၀ ရာခိုင်နှုန်းသော ဗုဒ္ဓဘာသာဝင်များဖြစ်သော ဒေသခံများသည် ၃၀ရာခိုင်နှုံးသာ ရှိသော ရိုဟင်ဂျာများကို မုန်းတီး​​​​နေခြင်းသည်လည်း အစိုးရ၏သွေးခွဲပေါ်လစီကြောင့်ပင် ဖြစ်၏။ ရက္ခိုင့်တပ်​တော်သည် ရခိုင်ပြည်နယ်ရှိ အိန္ဒိယကုလားတန်စီမံကိန်းကို ဆန့်ကျင်ရုံသာမက ရိုဟင်ဂျာများကိုလည်း ဆန့်ကျင်ကြသည်။ ရခိုင်တို့သည် တရုတ်တို့၏အထူးစီးပွားရေးဇုန်ကိုလည်း ဆန့်ကျင်ကြသည်။ ထိုစီမံကိန်းနှင့်အတူ အိန္ဒိယနိုင်ငံသားများကိုပါ တိုက်ခိုက်ကြသည်။ အိန္ဒိယသားတချို့ပြန်ပေးဆွဲခံရပြီး ရွေးနုတ်ခြင်းလည်း ပုံမှန်ရှိနေသည်။ရခိုင်ပြည်နယ် မောင်တောအနီးရှိ စီးပွားရေးဇုန်တွင် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်စီစဉ်ထားသည်။ ထိုစီမံကိန်းအကောင်အထည်ဖော်ရေးအတွက် မြန်မာစစ်တပ်က Genocidal Clearance Operation ကို စတင်ခဲ့သည်။

ယခုအခါ စစ်အစိုးရကိုဆန့်ကျင်သော မဟာမိတ်အဖွဲ့ဖြစ်သော အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) ကိုအခြေခံအားဖြင့် NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းခဲ့သည်။ NUG သည်၎င်း၏နိုင်ငံရေးကြိုးပမ်းမှုများနှင့်အတူ လက်နက်ကိုင်ပုန်ကန်မှုကိုပါ အားပေးသော်လည်း မြန်မာစစ်တပ်နှင့်ရင်ဆိုင်ရန် လုံလောက်သောအင်အားကိုမတည်ဆောက်နိုင်ခဲ့ပေ။ နိုင်ငံမှထွက်ပြေးခဲ့ရသော ရိုဟင်ဂျာများဒုက္ခသည်များ နိုင်ငံသားအဖြစ်ပြန်လည်လက်ခံရန် NUG ကတိပေးခဲ့သည်။

ရိုဟင်ဂျာတို့ လူမျိုးတုံးသုတ်သင်ခြင်းခံရသည်မှာ ၁၉၇၀ကတည်းကပင် ဖြစ်သော်လည်း ကမ္ဘာက သိခဲ့သည်မှာ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အချိန်မှပင် ဖြစ်ခဲ့သည်။ ရိုဟင်ဂျာတို့အား လူမျိုးတုံးသတ်ဖြတ်ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ပေါ်လစီပင်ဖြစ်ပါသည်။ တရုတ်၏စီမံကိန်းများ အောင်မြင်ရေးအတွက် စစ်တပ်နှင့်တရုတ်ပူးပေါင်း၍ စနစ်တကျ လုပ်ဆောင်လာခြင်း ဖြစ်သည်။ မြန်မာစစ်ခေါင်းဆောင်များနှင့် ရခိုင်နိုင်ငံရေးသမားများက ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ရေး စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် အောက်ပါအတိုင်း စနစ်တကျစီစဉ်ခဲ့ကြသည်။

(၁) ရိုဟင်ဂျာသမိုင်းကို ဖျောက်ဖျက်လိုခြင်း၊ ရိုဟင်ဂျာလူမျိုးဟူ၍ မြန်မာနိုင်ငံတွင် မရှိဟု နိုင်ငံတော်ပိုင် မီဒီယာများမှ တစ်ဆင့်ဝါဒ ဖြန့်ခြင်းသည် လူမျိုးတုံးသတ်ဖြတ်ခြင်းပင် ဖြစ်၏။

(၂) ရိုဟင်ဂျာတို့အား ကုလား၊ ခိုးဝင်ဘင်္ဂလီ၊ စစ်တကောင်းသားများဟု ခေါ်ဆို၍ နိုင်ငံတော်အတွက် အမှုထမ်းဆောင်ခွင့် မပေးခြင်း၊ နာဇီတို့က ဂျူးတို့အား ဆက်ဆံသကဲ့သို့ ဆက်ဆံခြင်းသည် လူမျိုးတုံးသတ်ဖြတ်ရေး စီမံချက်ပင် ဖြစ်သည်။

(၃) မြန်မာအစိုးရနှင့် ရခိုင်အာဏာပိုင်တို့သည် ရိုဟင်ဂျာတို့၏ အခွင့်အရေးများကို ငြင်းပယ်ရန်အတွက် ဥပဒေ၊ ဓလေ့ထုံးစံနှင့် နိုင်ငံရေးအာဏာတို့ကိုအသုံးပြုသည်။ မြန်မာစစ်တပ်က ရိုဟင်ဂျာတို့အား စနစ်တကျ ဖိနှိပ်ရုံသာမက ရခိုင်တို့လည်း ရိုဟင်ဂျာတို့အား ခွဲခြားဆက်ဆံလာအောင် သွေးတိုးလှုံ့ဆော်လာခဲ့ကြသည်။ အစိုးရဌာနများ၊ လုပ်ငန်းခွင်များတွင် ရိုဟင်ဂျာများ အလုပ်လုပ်ကိုင်ခွင့်မရသော ဒေသဆိုင်ရာဥပဒေကို နှုတ်အားဖြင့် ချမှတ်လျက် အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ကြသည်။ ထိုသို့ဖြင့် ရိုဟင်ဂျာတို့အားနိုင်ငံသားဖြစ်ခွင့်ကိုငြင်းပယ်လာခဲ့ကြ၏။

(၄) ရိုဟင်ဂျာတို့အား ခွေး၊ ပိုးဟပ်၊ အင်းဆက်၊ virus ဟူ၍ ခေါ်ဆိုလျက် လူသားဖြစ်မှုကိုငြင်းဆိုသည်။ ရိုဟင်ဂျာတို့အား လူမဆန်စွာသတ်ဖြတ်ခွင့် ရှိသည်ဟု မုန်းတီးရေးဝါဒဖြန့်ချိရေးကို သတင်းစာ ရေဒီယိုများမှ တစ်ဆင့် ဆောင်ရွက်လာခဲ့ကြသည်။

(၅) ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံတော်က အမြဲတမ်းစီစဉ်သည်။ မြန်မာအစိုးရက ရခိုင်လူမျိုးများကို အသုံးပြု၍ ရိုဟင်ဂျာများကို နိုင်ငံတော်၏အချုပ်အခြာကို အန္တရာယ်ပြုသူများဟု စွပ်စွဲ၍ ရက်ရက်စက်စက် သတ်ဖြတ်စေ၏။ တရုတ်နိုင်ငံကလည်း Golden Gas နှင့် Deep Sea Port စီမံကိန်းအကောင်အထည်ဖော်နိုင်ရန်နှင့်မောင်တောဒေသတွင် စက်မှုဇုံထူထောင်နိုင်ရန်အတွက် စစ်ခေါင်းဆောင်များ၏ လူမျိုးတုံးသတ်ဖြတ်ရေး စီမံကိန်းတွင် အပြည့်အဝ ကူညီခဲ့သည်။ ဝီဂါလူမျိုးတို့အား လူမျိုးတုံးသတ်ဖြတ်နေကြောင်းကို ဖုံးကွယ်ထားသော တရုတ်နိုင်ငံက ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ရေးမှာလည်း တိုက်ရိုက် ပါဝင်ပတ်သက်နေ၏။

လူသားတန်ဖိုးကို ဂရုမစိုက်သော တရုတ်သမ္မတက Wuhan မှာ ဖြစ်ပေါ်ခဲ့သော Wuhan virus ကို ကမ္ဘာအနှံ့သို့ Covid-19 အဖြစ် ရည်ရွယ်ချက်ရှိရှီ export လုပ်ခဲ့၏။ ဂျီနိုဆိုဒ်တရားခံ မြန်မာစစ်ခေါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များကို ရုရှားက အားပေးအားမြှောက်ပြုခြင်းဖြင့် ရုရှားလည်း ဂျီနိုဆိုဒ်ကျူးလွန်မှုတွင် ကြံရာပါ ဖြစ်ကြောင်း ထင်ရှားစေ၏။ ဂျီနိုဆိုဒ်တရားခံများကို ထောက်ခံအားပေးသူ မည်သူမဆိုသည် ဂျီနိုဆိုဒ်အမှုတွင် ကြံရာပါသူပင် ဖြစ်ပါသည်။

(Zawgyi Version)


မော်စကိုတွင်ပြုလုပ်သော ကွန်ဖရင့်သို့တက်ရောက်ရန် ရိုဟင်ဂျာဂျီနိုဆိုဒ် တရားခံများ၏ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားသို့ ခရီးနှင်ခဲ့သည်။ ဖေဖော်ဝါရီလက အာဏာရယူပြီးချိန်မှစ၍ ပြည်ပသို့ သွားရောက်သည့် သူ၏ဒုတိယအကြိမ်ခရီးစဉ်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၂၂ မှ ၂၄ ရက်အထိ ကျင်းပသည့် နိုင်ငံတကာလုံခြုံရေး ဆိုင်ရာမော်စကို ကွန်ဖရင့်ကို တက်ရောက်ခဲ့သည်။

နိုဝင်ဘာလက အပြတ်အသတ်အနိုင်ရသည့်ရွေးကောက်ပွဲအပေါ် မဲလိမ်လည်သည်ဟု စွပ်စွဲ၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အရပ်သားအစိုးရအားဖြုတ်ချခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံသို့လက်နက်တင်ပို့မှုကိုရပ်တန့်ရန်၊ ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် စစ်တပ်အား တိုက်တွန်းခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသည် ရုရှားဖက်ဒရေးရှင်း၏ ရိုးရာအစဉ်အလာဖြစ်ခဲ့သည့်တက္ကသိုလ်မှချီးမြှင့်သည့်ဂုဏ်ထူးဆောင် ပါမောက္ခကို လက်ခံရရှိသောကြောင့် ဂုဏ်ယူခဲ့သည်။ ဂုဏ်ထူးဆောင် ပါမောက္ခ၏ဂုဏ်သိက္ခာနှင့်အညီ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှား – မြန်မာစစ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံစစ်တပ်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကျိုးစီးပွားများကို ဖြည့်ဆည်းခြင်းနှင့်ပိုမိုတိုးတက်စေရန်ယဉ်ကျေးမှု၊ သူက တတ်နိုင်သလောက် နယ်ပယ်အားလုံးတွင် ဆက်ဆံရေးခိုင်မာစေမည်ဟု ပြောခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုအပြီးတွင် (ရခိုင်) မှမောင်းထုတ်ခံရပြီး ဘင်္ဂလားဒေ့ရ်ှတွင်ခိုလှုံခဲ့ကြသောရိုဟင်ဂျာ ၁.၁ သန်း (၁၁ သိန်း) ကိုပြန်လည်ခေါ်ဆောင်ရန် ဆွေးနွေးမှုများရှိခဲ့သည်။ သို့သော် စစ်ခေါင်းဆောင်များက ပြန်ခေါ်လိုစိတ်မရှိသောကြောင့် IDP Concentration Camp များတွင် 2012 ကတည်းက နေထိုင်ရသူများသည်ပင် သူတို့၏မူလနေရာများသို့ အခြေချခွင့်မရကြပေ။ စစ်အစိုးရသည် ရိုဟင်ဂျာတို့အား ဆက်လက်၍ မျိုးတုံးသတ်ဖြတ်မည့်လေသံဖြင့်ပြောဆိုနေသည်။ သူတို့၏ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီက ပြောကြားရာတွင် ရိုဟင်ဂျာပြသနာသည်သူတို့ ဦးစားပေးစာရင်းတွင် မပါဝင်ကြောင်းပြောကြားခဲ့သည်။၎င်းမှာ ရခိုင်အမျိုးသားရေးဝါဒီခေါင်းဆောင်များ၏ ဖိအားကြောင့်ဖြစ်သည်ဟု ဆင်ခြေပေး၏။

မြန်မာစစ်အစိုးရက အာဏာကိုလွှဲပြောင်းယူပြီးနောက် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကိုထောက်ခံသူများနှင့် ပြည်သူလူထု၏ ပြင်းထန်သောဆန့်ကျင်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု စိတ်ကူးမထားခဲ့ပါ။ စစ်အစိုးရသည်နိုင်ငံတကာအသိအမှတ်ပြုမှုကို စောင့်ဆိုင်းနေဆဲဖြစ်သည်။ ရိုဟင်ဂျာပြသနာသည်လည်း ၎င်းတို့ ဦးစားပေးကိစ္စမဟုတ်ပါ။ အာဆီယံနိုင်ငံများသည်လည်း မြန်မာနိုင်ငံ၏စစ်အစိုးရကိုဆန့်ကျင်ခြင်း မရှိပါ။

ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံသည်တရုတ်အတွက်အရေးပါသည်။ ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသောရခိုင်ဒေသသည် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ပထဝီအနေအထားဆိုင်ရာ မဟာဗျူဟာစီမံကိန်းဖြစ်သော Belt and Road Initiative (BRI) တွင်အထူးသဖြင့် မဟာဗျူဟာအရ အရေးပါမှုဖြစ်လာခဲ့သည်။ ကမ်းလွန်ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်မှ မြန်မာပြည်အနှံ့လောင်စာဆီသိုလှောင်ရုံမှ တရုတ်နိုင်ငံကူမင်းသို့ဓာတ်ငွေ့သယ်ယူရန်အတွက်ကျောက်ဖြူဆိပ်ကမ်းမှ ပိုက်လိုင်းများကိုတည်ဆောက်ခဲ့သည်။ ရခိုင်လူထု၊သူတို့၏နိုင်ငံရေးပါတီ ANP (ရခိုင်အမျိုးသားပါတီ) နှင့်လက်နက်ကိုင်တပ်ဖွဲ့ Arakan Army (AA) နှင့် United League of ရခိုင် (ULA) တို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကို ဆန့်ကျင်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ၆၀ ရာခိုင်နှုန်းသော ဗုဒ္ဓဘာသာဝင်များဖြစ်သော ဒေသခံများသည် ၃၀ရာခိုင်နှုံးသာ ရှိသော ရိုဟင်ဂျာများကို မုန်းတီးနေခြင်းသည်လည်း အစိုးရ၏သွေးခွဲပေါ်လစီကြောင့်ပင် ဖြစ်၏။ ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်နယ်ရှိ အိန္ဒိယကုလားတန်စီမံကိန်းကို ဆန့်ကျင်ရုံသာမက ရိုဟင်ဂျာများကိုလည်း ဆန့်ကျင်ကြသည်။ ရခိုင်တို့သည် တရုတ်တို့၏အထူးစီးပွားရေးဇုန်ကိုလည်း ဆန့်ကျင်ကြသည်။ ထိုစီမံကိန်းနှင့်အတူ အိန္ဒိယနိုင်ငံသားများကိုပါ တိုက်ခိုက်ကြသည်။ အိန္ဒိယသားတချို့ပြန်ပေးဆွဲခံရပြီး ရွေးနုတ်ခြင်းလည်း ပုံမှန်ရှိနေသည်။ရခိုင်ပြည်နယ် မောင်တောအနီးရှိ စီးပွားရေးဇုန်တွင် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်စီစဉ်ထားသည်။ ထိုစီမံကိန်းအကောင်အထည်ဖော်ရေးအတွက် မြန်မာစစ်တပ်က Genocidal Clearance Operation ကို စတင်ခဲ့သည်။

ယခုအခါ စစ်အစိုးရကိုဆန့်ကျင်သော မဟာမိတ်အဖွဲ့ဖြစ်သော အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) ကိုအခြေခံအားဖြင့် NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းခဲ့သည်။ NUG သည်၎င်း၏နိုင်ငံရေးကြိုးပမ်းမှုများနှင့်အတူ လက်နက်ကိုင်ပုန်ကန်မှုကိုပါ အားပေးသော်လည်း မြန်မာစစ်တပ်နှင့်ရင်ဆိုင်ရန် လုံလောက်သောအင်အားကိုမတည်ဆောက်နိုင်ခဲ့ပေ။ နိုင်ငံမှထွက်ပြေးခဲ့ရသော ရိုဟင်ဂျာများဒုက္ခသည်များ နိုင်ငံသားအဖြစ်ပြန်လည်လက်ခံရန် NUG ကတိပေးခဲ့သည်။

ရိုဟင်ဂျာတို့ လူမျိုးတုံးသုတ်သင်ခြင်းခံရသည်မှာ ၁၉၇၀ကတည်းကပင် ဖြစ်သော်လည်း ကမ္ဘာက သိခဲ့သည်မှာ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အချိန်မှပင် ဖြစ်ခဲ့သည်။ ရိုဟင်ဂျာတို့အား လူမျိုးတုံးသတ်ဖြတ်ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ပေါ်လစီပင်ဖြစ်ပါသည်။ တရုတ်၏စီမံကိန်းများ အောင်မြင်ရေးအတွက် စစ်တပ်နှင့်တရုတ်ပူးပေါင်း၍ စနစ်တကျ လုပ်ဆောင်လာခြင်း ဖြစ်သည်။ မြန်မာစစ်ခေါင်းဆောင်များနှင့် ရခိုင်နိုင်ငံရေးသမားများက ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ရေး စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် အောက်ပါအတိုင်း စနစ်တကျစီစဉ်ခဲ့ကြသည်။

(၁) ရိုဟင်ဂျာသမိုင်းကို ဖျောက်ဖျက်လိုခြင်း၊ ရိုဟင်ဂျာလူမျိုးဟူ၍ မြန်မာနိုင်ငံတွင် မရှိဟု နိုင်ငံတော်ပိုင် မီဒီယာများမှ တစ်ဆင့်ဝါဒ ဖြန့်ခြင်းသည် လူမျိုးတုံးသတ်ဖြတ်ခြင်းပင် ဖြစ်၏။

(၂) ရိုဟင်ဂျာတို့အား ကုလား၊ ခိုးဝင်ဘင်္ဂလီ၊ စစ်တကောင်းသားများဟု ခေါ်ဆို၍ နိုင်ငံတော်အတွက် အမှုထမ်းဆောင်ခွင့် မပေးခြင်း၊ နာဇီတို့က ဂျူးတို့အား ဆက်ဆံသကဲ့သို့ ဆက်ဆံခြင်းသည် လူမျိုးတုံးသတ်ဖြတ်ရေး စီမံချက်ပင် ဖြစ်သည်။

(၃) မြန်မာအစိုးရနှင့် ရခိုင်အာဏာပိုင်တို့သည် ရိုဟင်ဂျာတို့၏ အခွင့်အရေးများကို ငြင်းပယ်ရန်အတွက် ဥပဒေ၊ ဓလေ့ထုံးစံနှင့် နိုင်ငံရေးအာဏာတို့ကိုအသုံးပြုသည်။ မြန်မာစစ်တပ်က ရိုဟင်ဂျာတို့အား စနစ်တကျ ဖိနှိပ်ရုံသာမက ရခိုင်တို့လည်း ရိုဟင်ဂျာတို့အား ခွဲခြားဆက်ဆံလာအောင် သွေးတိုးလှုံ့ဆော်လာခဲ့ကြသည်။ အစိုးရဌာနများ၊ လုပ်ငန်းခွင်များတွင် ရိုဟင်ဂျာများ အလုပ်လုပ်ကိုင်ခွင့်မရသော ဒေသဆိုင်ရာဥပဒေကို နှုတ်အားဖြင့် ချမှတ်လျက် အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ကြသည်။ ထိုသို့ဖြင့် ရိုဟင်ဂျာတို့အားနိုင်ငံသားဖြစ်ခွင့်ကိုငြင်းပယ်လာခဲ့ကြ၏။

(၄) ရိုဟင်ဂျာတို့အား ခွေး၊ ပိုးဟပ်၊ အင်းဆက်၊ virus ဟူ၍ ခေါ်ဆိုလျက် လူသားဖြစ်မှုကိုငြင်းဆိုသည်။ ရိုဟင်ဂျာတို့အား လူမဆန်စွာသတ်ဖြတ်ခွင့် ရှိသည်ဟု မုန်းတီးရေးဝါဒဖြန့်ချိရေးကို သတင်းစာ ရေဒီယိုများမှ တစ်ဆင့် ဆောင်ရွက်လာခဲ့ကြသည်။

(၅) ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံတော်က အမြဲတမ်းစီစဉ်သည်။ မြန်မာအစိုးရက ရခိုင်လူမျိုးများကို အသုံးပြု၍ ရိုဟင်ဂျာများကို နိုင်ငံတော်၏အချုပ်အခြာကို အန္တရာယ်ပြုသူများဟု စွပ်စွဲ၍ ရက်ရက်စက်စက် သတ်ဖြတ်စေ၏။ တရုတ်နိုင်ငံကလည်း Golden Gas နှင့် Deep Sea Port စီမံကိန်းအကောင်အထည်ဖော်နိုင်ရန်နှင့်မောင်တောဒေသတွင် စက်မှုဇုံထူထောင်နိုင်ရန်အတွက် စစ်ခေါင်းဆောင်များ၏ လူမျိုးတုံးသတ်ဖြတ်ရေး စီမံကိန်းတွင် အပြည့်အဝ ကူညီခဲ့သည်။ ဝီဂါလူမျိုးတို့အား လူမျိုးတုံးသတ်ဖြတ်နေကြောင်းကို ဖုံးကွယ်ထားသော တရုတ်နိုင်ငံက ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ရေးမှာလည်း တိုက်ရိုက် ပါဝင်ပတ်သက်နေ၏။

လူသားတန်ဖိုးကို ဂရုမစိုက်သော တရုတ်သမ္မတက Wuhan မှာ ဖြစ်ပေါ်ခဲ့သော Wuhan virus ကို ကမ္ဘာအနှံ့သို့ Covid-19 အဖြစ် ရည်ရွယ်ချက်ရှိရှီ export လုပ်ခဲ့၏။ ဂျီနိုဆိုဒ်တရားခံ မြန်မာစစ်ခေါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များကို ရုရှားက အားပေးအားမြှောက်ပြုခြင်းဖြင့် ရုရှားလည်း ဂျီနိုဆိုဒ်ကျူးလွန်မှုတွင် ကြံရာပါ ဖြစ်ကြောင်း ထင်ရှားစေ၏။ ဂျီနိုဆိုဒ်တရားခံများကို ထောက်ခံအားပေးသူ မည်သူမဆိုသည် ဂျီနိုဆိုဒ်အမှုတွင် ကြံရာပါသူပင် ဖြစ်ပါသည်။

For English Readers – https://aungaungsittwe.com/russia-involves-in-genocidal-acts-of-burmese-military-leaders-and-chinese-president-by-supporting-them/

You may also like