အစိုးရအတြက္ option ႏွစ္ခု

ဓါတ္ပံု - စိုးမင္းထိုက္

ျမန္မာႏိုင္ငံသို႔ေရာက္ရွိခဲ့တဲ့ UNSC ကိုယ္စားလွယ္အဖြဲ႔က ျမန္မာခရီးစဥ္အျပီး သတင္းစာရွင္လင္းပြဲမွာ ျမန္မာအစိုးရအတြက္ ေရြးစရာ option ႏွစ္ခု ေပးခဲ့ပါတယ္။

“ဂ်ီႏိုဆိုဒ္ တရားခံမ်ားကို ICC ကေန ဖမ္းဝရမ္းထုတ္ျပီး ဖမ္းရမလား?
ဒါမွမဟုတ္ ၊ အစိုးရကိုယ္တိုက္ ဖမ္းၿပီး ပို႔ေပးမလား?” လို႔ ျဗိတိသွ် သံအမတ္က သံတမန္စကားအသုံးအႏႈံးနဲ႔ ေျပာဆိုခဲ့တယ္။ ဒီအသုံးအႏႈံးေတြကို “စီစစ္ေရးကဒ္ျပားကိုင္ျပီး ႏိုင္ငံသားကဒ္ကိုင္ထားတယ္ လို႔ ယုံၾကည္လက္ခံထားသူေတြ ဘယ္ နားလည္မလဲ။ ျမန္မာစာေတာင္ နားမလည္တဲ့သူေတြ အဂၤလိပ္လိုေျပာတဲ့ သံတမန္စကား ကို ဘယ္နားလည္ပါ့မလဲ။

“တပ္မေတာ္က လိင္အၾကမ္းဖက္ခ့ဲတဲ့ ရာဇဝင္မရွိ။ ဒုကၡသည္ေတြကို ျပန္ေခၚဖို႔ အသင့္ပါ။ ျပစ္မႈက်ဴးလြန္ေၾကာင္း အေထာက္အထားျပႏိုင္ရင္ အေရးယူမယ္။ ARSA ဘဂၤါလီအၾကမ္းဖက္ေတြေၾကာင့္ ျပသနာျဖစ္ခဲ့တာပါ။” လို႔ ေျဗာင္လိမ္ ေျဗာင္ျငင္း ေျဗာင္လွည့္စားလိုစိတ္နဲ႔ ေျပာတ့ဲစကားေတြကို မ်က္ျမင္သက္ေသေတြ ေတြ႔ထားတဲ့ သံတမန္ေတြ ဘယ္နားေထာင္ခ်င္ပါ့ မလဲ။

ဘဂၤလားေဒ႔ခ်္ဘက္ အသက္လုထြက္ေျပးသြားတဲ့ ကုလားမေတြ ငိုယိုေျပာလို႔ သူတို႔သရုပ္ေဆာင္ေကာင္းလို႔ ငါတို႔ေျပာတာ နားမေထာင္ဘူးလို႔ ေျပာျခင္းဟာ ဘယ္ေလာက္ေအာက္တန္းက်သလဲ ေတြးမိရဲ႕လား။ ကခ်င္မ ေတြလဲ သရုပ္ေဆာင္ေနတာပဲလား။

ရိုဟင္ဂ်ာေတြကို မီးရိႈ႕သတ္ျဖတ္ မုဒိန္းက်င့္ ဂ်ီႏိုဆိုဒ္လုပ္ျပီး ရိုဟင္ဂ်ာ မရွိဘူး။ လိင္အၾကမ္းမဖက္ဘူး။ ထြက္ေျပးတဲ့အေရအတြက္က အဲေလာက္မမ်ားဘူးလို႔ ျငင္းေနရုံနဲ႔ ICC အမႈကို မေရွာင္လြဲႏိုင္ဘူးဆိုတာ မင္းေအာင္လိႈင္ နဲ႔ ေအာင္ဆန္းစုၾကည္အပါအဝင္ လူတိုင္းသိပါလ်က္ ဆက္လက္ ျငင္းဆန္ေနျခင္းဟာ တရားခံေတြ ေျပာေလ႔ေျပာထရွိတဲ့ အသုံးအႏႈံးပဲျဖစ္တယ္။

ဘယ္ရာဇဝတ္ေကာင္က “ငါ ျပစ္မႈက်ဴးလြန္တယ္”လို႔ ဝန္ခံဘူးသလဲ။ သူတို႔က ေသတဲ့အထိျငင္းမွာပဲ။ မရွိဘူး မလုပ္ဘူး လို႔ ျငင္းသူေတြအဖို႔ သက္ေသျပစရာမလို။ ” ရိုဟင္ဂ်ာရွိတယ္။ သူတို႔ကို ဂ်ီႏိုဆိုဒ္ လုပ္ရလြယ္ေအာင္ ဘဂၤလီ လို႔ ေခၚေနတာ” လို႔ ေျပာေနသူေတြက ခိုင္လုံတဲ့ သက္ေသအေထာက္အထား ျပေတာ႔ စစ္အာဏာရွင္ေတြရဲ႕ အဘ တရုတ္ေတာင္လက္ခံရတယ္။ ဘယ္ျငင္းႏိုင္မလဲ။

တရားသူၾကီးက အေထာက္အထားေတြ စုံစုံလင္လင္ ရထားပါလ်က္ တရားခံက ဆက္ျငင္းေနျခင္းဟာ သူျပစ္မႈက်ဴးလြန္လို႔ပဲ ျဖစ္တယ္။ ဒါကို တရားသူၾကီးသိေနေတာ႔ တရားခံကို “မင္းယဥ္ယဥ္ေက်းေက်း ဝန္ခံမလား။ ဒါမွမဟုတ္ ရာဇဝတ္ေကာင္ကို ဒရြတ္ဆြဲေခၚရမလား” လို႔ ျဗိတိန္သံအမတ္က သံတမန္စကားနဲ႔ ေျပာခဲ့တာျဖစ္တယ္။

ရိုဟင္ဂ်ာေတြကို ဘဂၤလီေတြ လို႔ ေျပာဆိုေရးသားသူမွန္သမွ် ဂ်ီႏိုဆိုဒ္တရားခံေတြျဖစ္တယ္။ ႏိုင္ငံတကာအသိုင္းအဝန္းက ဘဂၤလီ ဆိုတဲ့အသုံးအႏႈံးကို ဂ်ီႏိုဆိုဒ္တရားခံေတြရဲ႕ လူမ်ိဳးတုံးသုတ္သင္ေရးအစီအစဥ္ အျဖစ္ မွတ္တမ္းတင္ခဲ့ျပီ။ မၾကာခင္ ရိုဟင္ဂ်ာကို ဘဂၤလီလို႔ ေရးတဲ့ မီဒီယာေတြအတြက္လဲ ဝရန္းစာ ေရာက္လာလိမ့္မယ္။

(Unicode Version)

အစိုးရအတွက် option နှစ်ခု

မြန်မာနိုင်ငံသို့ရောက်ရှိခဲ့တဲ့ UNSC ကိုယ်စားလှယ်အဖွဲ့က မြန်မာခရီးစဉ်အပြီး သတင်းစာရှင်လင်းပွဲမှာ မြန်မာအစိုးရအတွက် ရွေးစရာ option နှစ်ခု ပေးခဲ့ပါတယ်။

“ဂျီနိုဆိုဒ် တရားခံများကို ICC ကနေ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းရမလား?
ဒါမှမဟုတ် ၊ အစိုးရကိုယ်တိုက် ဖမ်းပြီး ပို့ပေးမလား?” လို့ ဗြိတိသျှ သံအမတ်က သံတမန်စကားအသုံးအနှုံးနဲ့ ပြောဆိုခဲ့တယ်။ ဒီအသုံးအနှုံးတွေကို “စီစစ်ရေးကဒ်ပြားကိုင်ပြီး နိုင်ငံသားကဒ်ကိုင်ထားတယ် လို့ ယုံကြည်လက်ခံထားသူတွေ ဘယ် နားလည်မလဲ။ မြန်မာစာတောင် နားမလည်တဲ့သူတွေ အင်္ဂလိပ်လိုပြောတဲ့ သံတမန်စကား ကို ဘယ်နားလည်ပါ့မလဲ။

“တပ်မတော်က လိင်အကြမ်းဖက်ခဲ့တဲ့ ရာဇဝင်မရှိ။ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ အသင့်ပါ။ ပြစ်မှုကျူးလွန်ကြောင်း အထောက်အထားပြနိုင်ရင် အရေးယူမယ်။ ARSA ဘင်္ဂါလီအကြမ်းဖက်တွေကြောင့် ပြသနာဖြစ်ခဲ့တာပါ။” လို့ ဗြောင်လိမ် ဗြောင်ငြင်း ဗြောင်လှည့်စားလိုစိတ်နဲ့ ပြောတဲ့စကားတွေကို မျက်မြင်သက်သေတွေ တွေ့ထားတဲ့ သံတမန်တွေ ဘယ်နားထောင်ချင်ပါ့ မလဲ။

ဘင်္ဂလားဒေ့ချ်ဘက် အသက်လုထွက်ပြေးသွားတဲ့ ကုလားမတွေ ငိုယိုပြောလို့ သူတို့သရုပ်ဆောင်ကောင်းလို့ ငါတို့ပြောတာ နားမထောင်ဘူးလို့ ပြောခြင်းဟာ ဘယ်လောက်အောက်တန်းကျသလဲ တွေးမိရဲ့လား။ ကချင်မ တွေလဲ သရုပ်ဆောင်နေတာပဲလား။

ရိုဟင်ဂျာတွေကို မီးရှို့သတ်ဖြတ် မုဒိန်းကျင့် ဂျီနိုဆိုဒ်လုပ်ပြီး ရိုဟင်ဂျာ မရှိဘူး။ လိင်အကြမ်းမဖက်ဘူး။ ထွက်ပြေးတဲ့အရေအတွက်က အဲလောက်မများဘူးလို့ ငြင်းနေရုံနဲ့ ICC အမှုကို မရှောင်လွဲနိုင်ဘူးဆိုတာ မင်းအောင်လှိုင် နဲ့ အောင်ဆန်းစုကြည်အပါအဝင် လူတိုင်းသိပါလျက် ဆက်လက် ငြင်းဆန်နေခြင်းဟာ တရားခံတွေ ပြောလေ့ပြောထရှိတဲ့ အသုံးအနှုံးပဲဖြစ်တယ်။

ဘယ်ရာဇဝတ်ကောင်က “ငါ ပြစ်မှုကျူးလွန်တယ်”လို့ ဝန်ခံဘူးသလဲ။ သူတို့က သေတဲ့အထိငြင်းမှာပဲ။ မရှိဘူး မလုပ်ဘူး လို့ ငြင်းသူတွေအဖို့ သက်သေပြစရာမလို။ ” ရိုဟင်ဂျာရှိတယ်။ သူတို့ကို ဂျီနိုဆိုဒ် လုပ်ရလွယ်အောင် ဘင်္ဂလီ လို့ ခေါ်နေတာ” လို့ ပြောနေသူတွေက ခိုင်လုံတဲ့ သက်သေအထောက်အထား ပြတော့ စစ်အာဏာရှင်တွေရဲ့ အဘ တရုတ်တောင်လက်ခံရတယ်။ ဘယ်ငြင်းနိုင်မလဲ။

တရားသူကြီးက အထောက်အထားတွေ စုံစုံလင်လင် ရထားပါလျက် တရားခံက ဆက်ငြင်းနေခြင်းဟာ သူပြစ်မှုကျူးလွန်လို့ပဲ ဖြစ်တယ်။ ဒါကို တရားသူကြီးသိနေတော့ တရားခံကို “မင်းယဉ်ယဉ်ကျေးကျေး ဝန်ခံမလား။ ဒါမှမဟုတ် ရာဇဝတ်ကောင်ကို ဒရွတ်ဆွဲခေါ်ရမလား” လို့ ဗြိတိန်သံအမတ်က သံတမန်စကားနဲ့ ပြောခဲ့တာဖြစ်တယ်။

ရိုဟင်ဂျာတွေကို ဘင်္ဂလီတွေ လို့ ပြောဆိုရေးသားသူမှန်သမျှ ဂျီနိုဆိုဒ်တရားခံတွေဖြစ်တယ်။ နိုင်ငံတကာအသိုင်းအဝန်းက ဘင်္ဂလီ ဆိုတဲ့အသုံးအနှုံးကို ဂျီနိုဆိုဒ်တရားခံတွေရဲ့ လူမျိုးတုံးသုတ်သင်ရေးအစီအစဉ် အဖြစ် မှတ်တမ်းတင်ခဲ့ပြီ။ မကြာခင် ရိုဟင်ဂျာကို ဘင်္ဂလီလို့ ရေးတဲ့ မီဒီယာတွေအတွက်လဲ ဝရန်းစာ ရောက်လာလိမ့်မယ်။

မူရင္း – https://www.voanews.com/east-asia-pacific/analysts-un-security-council-myanmar-visit-one-small-step

 

Related posts

ဒေါက်တာမောင်ဇာနည် (သို့မဟုတ်) မြန်မာ့ မာတင်လူသာကင်းဂျူနီယာ

ရခိုင်သားတွေ တွေးချိန်တန်ပြီ

ရခိုင္ျပည္မွာ တရားဥပေဒ စိုးမိုးေရးဆိုတာ ‘ခ်ဳိနဲ႔လား’