ဒီမိုကေရစီဇာထည္ကို ဖက္ဆစ္ခ်ည္ၾကိဳးနဲ႔ ရက္လုပ္လိုသူမ်ား

၈ လေးလုံးအရေးတော်ပုံကို ၁၉၇၆ နောက်ပိုင်း မွေးတဲ့ကလေးတွေ မမှတ်မိပေမဲ့ ပြည်သူအားလုံးပါဝင်ခဲ့ ဒီမိုကရေစီအရေးတော်ပုံကို မြင်ဖူးသူတိုင်းက သေတဲ့အထိ သတိရနေမှာပါ။ စစ်အာဏာရှင်တွေက ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူတွေကို ရက်ရက်စက်စက် ချေမုန်းပြီးတဲ့နောက် ရွေးကောက်ပွဲ ကတိပေးခဲ့တယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်အနိုင်ရလာတော့ ဖက်ဆစ်အလိုကျ ခြေဥမရှိသေးဟု အကြောင်းပြပြီး စစ်အာဏာရှင်တွေရဲ့ ဆန္ဒအတိုင်း ဒီမိုကရေစီစနစ်ကို ဖက်ဆစ်အာဏာရှင်ပုံဖြင့် ပုံဖော်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချူပ်သာမက လုပ်ကြံဖို့ပါ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒီမိုကရေစီဇာထည်ကို ဖက်ဆစ်ချည်နဲ့ ရက်လုပ်လိုသူတွေက အဲဒီ ရက်စက်ကြမ်းကြူတ်မှုတွေကို မေ့ပစ်ပြီး ဖက်ဆစ်တွေနဲ့ ရင်ကြားစေ့နေကြပြီ။

ဖက်ဆစ်မြန်မာ့ စစ်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် ဘင်္ဂလားဒေရှ့်ဘက် အသက်လု ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ မြန်မာအစိုးရ ပြောသလို လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးမဟုတ်ဘဲ လူမျိုးတုံး သတ်ဖြတ်မှုသာ ဖြစ်တယ်လို့ အမေရိကန် အောက်လွှတ်တော်က ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီ။ အမေရိကန် အစိုးရလည်း အလားတူ အသိအမှတ်ပြုဖို့ အောက်လွှတ်တော်အမတ်တွေက အပြင်းအထန် တိုက်တွန်းနေတယ်။

အမေရိကန် အောက်လွှတ်တော်မှာ ကန့်ကွက်သူ မရှိဘဲ အတည်ပြုလိုက်တဲ့ အဆိုပါ ဆုံးဖြတ်ချက်ဟာ မြန်မာနဲ့တရုတ် ဖက်ဆစ်ခေါင်းဆောင်တွေအတွက် ရာဇသံပမာ ဖြစ်တယ်ဆိုတာ သူတို့လဲသိကြတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မိမိအား တချိန်က Democracy Icon လို့ ဂုဏ်ပြုခဲ့ကြသူတွေကို အန်တုပြီး ဖက်ဆစ်တွေနဲ့ ရင်ကြားစေ့ကာ ဒီမိုကရေစီအထည်ကို ဖက်ဆစ်ဇာချည်နဲ့ ဆက်လက် ရက်လုပ်နေမလား။ ဒါမှမဟုတ် ဂျီနိုဆိုဒ်တရားခံတွေကို ဖော်ထုတ်ပေးပြီး ပြည်သူတွေ ၁၉၈၈ ကတည်းက လိုလားတောင်းတနေတဲ့ ဒီမိုကရေစီလမ်းစဉ်ကို ရွေးမလား ဆိုတာ အခိုင်အမာ ဆုံးဖြတ်ဖို့လိုနေပြီ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရခိုင်ပြဿနာရဲ့ အဓိရင်းမြစ်မှာ ဖက်ဆစ်တရုတ်တို့ရဲ့ ရွှေဂက်စ်စီမံကိန်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ဖက်ဆစ်စစ်ခေါင်းဆောင်တွေရဲ့ အာဏာတည်မြဲမှုအတွက် ဖြစ်လာတယ်ဆိုတာ သိပါလျက် ဖက်ဆစ်တွေနဲ့ရင်ကြားစေ့လိုခြင်းဟာ ပြည်သူတွေရဲ့ယုံကြည်အားကိုးမှုကို သစ္စာဖေါက်ခြင်းပင်ဖြစ်တယ်။

“လူပေါင်း ၂၅၀၀၀ အသတ်ခံခဲ့ရတယ်၊ အမျိုးသမီး ၁၉၀၀၀ အဓမ္မပြုကျင့်ခံခဲ့ရတယ်။ ဒီလုပ်ရက်မှာ ပါဝင် ကျူးလွန်ခဲ့သူတွေကို အရေးယူနိုင်ဖို့ ကျနော်တို့က တညီတညွတ်တည်း အသံတစ်သံတည်း ထွက်ပြီး သတိပေးလိုက်တာဖြစ်ပါတယ်။ ဒီအပြင်မှာလည်း ဒီပြစ်မှုတွေရဲ့ လေးနက်မှုကို နိုင်ငံတကာ လူ့အဖွဲ့အစည်းက နားလည်လာအောင် အခုလို ကျနော်တို့က စတင်လုပ်ဆောင်လိုက်တာပါ ။ ဒါဟာ အင်မတန် လိုအပ်ပါတယ်။” လို့ အမေရိကန် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ရီပတ်ပလီကန် အောက်လွှတ်တော်အမတ် Ed Royce က အခိုင်အမာ ပြောခဲ့ပြီးဖြစ်တယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်မှာ ရွေးချယ်စရာ Option နှစ်ခုသာ ကျန်တော့တယ်။ ဖက်ဆစ်တွေနဲ့ ရင်ကြားစေ့နေပြီး ICJ ၊ ICC အထိ ဆက်လျှောက်ရင်း “လွှတ်လပ်ရေး ဖခင်ကြီးရဲ့ ပြည်သူ့သစ္စာဖေါက်သမီး”လို့ မြန်မာ့သမိုင်း စာမျက်နှာသစ်ကို ရေးမလား။ ဒါမှမဟုတ် ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီလမ်းစဉ်ကိုရွေးပြီး ဂျီနိုဆိုဒ်တရားခံတွေကို ICJ ၊ ICC အရောက်ပို့ပေးကာ ကမ္ဘာတည်သရွေ့ ဂုဏ်ပြုခံရမယ့်သရဖူ ရင်ကြားစေ့မှုကြောင့် လက်လွှတ်ခဲ့ရတဲ့ Democracy Icon သရဖူကို ပြန်လည်ဆွတ်ခူးမလား……. ဆိုတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်က ဘယ် Option ကိုပဲရွေးရွေး အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ဂျီနိုဆိုဒ်တရားခံတွေကို ICJ ၊ ICC အရောက်ပို့ပေးမှာ သေချာပြီ။ အစဉ်အမြဲ မိမိအကျိုးအတွက်သာ လုပ်ကိုင်လေ့ရှိတဲ့ ဖက်ဆစ်တရုတ်ကြီးက မြန်မာရာဇဝတ်ကောင်တွေဆီကနေ “အကာအကွယ်အပြည့်အဝ ပေးပါ့မယ်”လို့ ကတိပေးပြီး ယူစရာရှိတာ ယူခဲ့ပြီ။ မကြာခင် အမေရိကန်နဲ့ ထိပ်တိုက်တွေ့ရမှာမို့ တရားခံတွေဖက်က ရပ်တည်မပေးနိုင်ဘူးလို့ ပြောလာလိမ့်မယ်။

ဒီမိုကေရစီဇာထည္ကို ဖက္ဆစ္ခ်ည္ႀကိဳးနဲ႔ ရက္လုပ္လိုသူမ်ား

(Zawgyi Version)

၈ ေလးလံုးအေရးေတာ္ပုံကို ၁၉၇၆ ေနာက္ပိုင္း ေမြးတဲ့ကေလးေတြ မမွတ္မိေပမဲ့ ျပည္သူအားလုံးပါဝင္ခဲ့ ဒီမိုကေရစီအေရးေတာ္ပုံကို ျမင္ဖူးသူတိုင္းက ေသတဲ့အထိ သတိရေနမွာပါ။ စစ္အာဏာရွင္ေတြက ဒီမိုကေရစီအတြက္ တိုက္ပြဲဝင္သူေတြကို ရက္ရက္စက္စက္ ေခ်မုန္းျပီးတဲ့ေနာက္ ေရြးေကာက္ပြဲ ကတိေပးခဲ့တယ္။

၁၉၉၀ ေရြးေကာက္ပြဲမွာ NLD အျပတ္အသတ္အႏိုင္ရလာေတာ႔ ဖက္ဆစ္အလိုက် ေျခဥမရွိေသးဟု အေၾကာင္းျပျပီး စစ္အာဏာရွင္ေတြရဲ႕ ဆႏၵအတိုင္း ဒီမိုကေရစီစနစ္ကို ဖက္ဆစ္အာဏာရွင္ပုံျဖင့္ ပုံေဖာ္ခဲ့ၾကတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ေနအိမ္အက်ယ္ခ်ဴပ္သာမက လုပ္ၾကံဖို႔ပါ အၾကိမ္ၾကိမ္ ၾကိဳးစားခဲ့တယ္။ ဒါေပမဲ့ ဒီမိုကေရစီဇာထည္ကို ဖက္ဆစ္ခ်ည္နဲ႔ ရက္လုပ္လိုသူေတြက အဲဒီ ရက္စက္ၾကမ္းၾကဴတ္မႈေတြကို ေမ႔ပစ္ျပီး ဖက္ဆစ္ေတြနဲ႔ ရင္ၾကားေစ့ေနၾကျပီ။

ဖက္ဆစ္ျမန္မာ့ စစ္ေခါင္းေဆာင္ေတြရဲဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေၾကာင့္ ဘဂၤလားေဒရွ္႕ဘက္ အသက္လု ထြက္ေျပးရတဲ့ သိန္းနဲ႔ခ်ီတဲ့ ရိုဟင္ဂ်ာေတြရဲ႕ အေျခအေနဟာ ျမန္မာအစိုးရ ေျပာသလို လံုျခံဳေရး တပ္ဖြဲ႔ေတြရဲ႕ နယ္ေျမရွင္းလင္းေရးမဟုတ္ဘဲ လူမ်ိဳးတံုး သတ္ျဖတ္မႈသာ ျဖစ္တယ္လို႔ အေမရိကန္ ေအာက္လႊတ္ေတာ္က ဆံုးျဖတ္ခ်က္ ခ်မွတ္လိုက္ၿပီ။ အေမရိကန္ အစိုးရလည္း အလားတူ အသိအမွတ္ျပဳဖို႔ ေအာက္လႊတ္ေတာ္အမတ္ေတြက အျပင္းအထန္ တိုက္တြန္းေနတယ္။

အေမရိကန္ ေအာက္လႊတ္ေတာ္မွာ ကန္႔ကြက္သူ မရွိဘဲ အတည္ျပဳလုိက္တဲ့ အဆိုပါ ဆံုးျဖတ္ခ်က္ဟာ ျမန္မာနဲ႔တရုတ္ ဖက္ဆစ္ေခါင္းေဆာင္ေတြအတြက္ ရာဇသံပမာ ျဖစ္တယ္ဆိုတာ သူတို႔လဲသိၾကတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ မိမိအား တခ်ိန္က Democracy Icon လို႔ ဂုဏ္ျပဳခဲ့ၾကသူေတြကို အန္တုျပီး ဖက္ဆစ္ေတြနဲ႔ ရင္ၾကားေစ့ကာ ဒီမိုကေရစီအထည္ကို ဖက္ဆစ္ဇာခ်ည္နဲ႔ ဆက္လက္ ရက္လုပ္ေနမလား။ ဒါမွမဟုတ္ ဂ်ီႏိုဆိုဒ္တရားခံေတြကို ေဖာ္ထုတ္ေပးျပီး ျပည္သူေတြ ၁၉၈၈ ကတည္းက လိုလားေတာင္းတေနတဲ့ ဒီမိုကေရစီလမ္းစဥ္ကို ေရြးမလား ဆိုတာ အခိုင္အမာ ဆုံးျဖတ္ဖို႔လိုေနျပီ။

ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ရခိုင္ျပႆနာရဲ႕ အဓိရင္းျမစ္မွာ ဖက္ဆစ္တရုတ္တို႔ရဲ႕ ေရႊဂက္စ္စီမံကိန္း ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းစီမံကိန္းနဲ႔ ဖက္ဆစ္စစ္ေခါင္းေဆာင္ေတြရဲ႕ အာဏာတည္ျမဲမႈအတြက္ ျဖစ္လာတယ္ဆိုတာ သိပါလ်က္ ဖက္ဆစ္ေတြနဲ႔ရင္ၾကားေစ့လိုျခင္းဟာ ျပည္သူေတြရဲ႕ယုံၾကည္အားကိုးမႈကို သစၥာေဖါက္ျခင္းပင္ျဖစ္တယ္။

“လူေပါင္း ၂၅၀၀၀ အသတ္ခံခဲ့ရတယ္၊ အမ်ိဳးသမီး ၁၉၀၀၀ အဓမၼျပဳက်င့္ခံခဲ့ရတယ္။ ဒီလုပ္ရက္မွာ ပါ၀င္ က်ဴးလြန္ခဲ့သူေတြကို အေရးယူႏိုင္ဖို႔ က်ေနာ္တို႔က တညီတညြတ္တည္း အသံတစ္သံတည္း ထြက္ၿပီး သတိေပးလိုက္တာျဖစ္ပါတယ္။ ဒီအျပင္မွာလည္း ဒီျပစ္မႈေတြရဲ႕ ေလးနက္မႈကို ႏိုင္ငံတကာ လူ႔အဖြဲ႔အစည္းက နားလည္လာေအာင္ အခုလို က်ေနာ္တို႔က စတင္လုပ္ေဆာင္လိုက္တာပါ ။ ဒါဟာ အင္မတန္ လိုအပ္ပါတယ္။” လို႔ အေမရိကန္ ႏိုင္ငံျခားဆက္ဆံေရး ေကာ္မတီဥကၠ႒ျဖစ္တဲ့ ရီပတ္ပလီကန္ ေအာက္လႊတ္ေတာ္အမတ္ Ed Royce က အခိုင္အမာ ေျပာခဲ့ျပီးျဖစ္တယ္။

ဒီေတာ့ ေဒၚေအာင္ဆန္းစုၾကည္မွာ ေရြးခ်ယ္စရာ Option ႏွစ္ခုသာ က်န္ေတာ့တယ္။ ဖက္ဆစ္ေတြနဲ႔ ရင္ၾကားေစ့ေနျပီး ICJ ၊ ICC အထိ ဆက္ေလွ်ာက္ရင္း “လႊတ္လပ္ေရး ဖခင္ၾကီးရဲ႕ ျပည္သူ႕သစၥာေဖါက္သမီး”လို႔ ျမန္မာ့သမိုင္း စာမ်က္ႏွာသစ္ကို ေရးမလား။ ဒါမွမဟုတ္ ျပည္သူေတြလိုလားတဲ့ ဒီမိုကေရစီလမ္းစဥ္ကိုေရြးျပီး ဂ်ီႏိုဆိုဒ္တရားခံေတြကို ICJ ၊ ICC အေရာက္ပို႔ေပးကာ ကမၻာတည္သေရြ႕ ဂုဏ္ျပဳခံရမယ့္သရဖူ ရင္ၾကားေစ့မႈေၾကာင့္ လက္လႊတ္ခဲ့ရတဲ့ Democracy Icon သရဖူကို ျပန္လည္ဆြတ္ခူးမလား……. ဆိုတာပါပဲ။

ေဒၚေအာင္ဆန္းစုၾကည္က ဘယ္ Option ကိုပဲေရြးေရြး အေမရိကန္အပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းကေတာ႔ ဂ်ီႏိုဆိုဒ္တရားခံေတြကို ICJ ၊ ICC အေရာက္ပို႔ေပးမွာ ေသခ်ာျပီ။ အစဥ္အျမဲ မိမိအက်ိဳးအတြက္သာ လုပ္ကိုင္ေလ႔ရွိတဲ့ ဖက္ဆစ္တရုတ္ၾကီးက ျမန္မာရာဇဝတ္ေကာင္ေတြဆီကေန “အကာအကြယ္အျပည့္အဝ ေပးပါ႔မယ္”လို႔ ကတိေပးျပီး ယူစရာရွိတာ ယူခဲ့ျပီ။ မၾကာခင္ အေမရိကန္နဲ႔ ထိပ္တိုက္ေတြ႕ရမွာမို႔ တရားခံေတြဖက္က ရပ္တည္မေပးႏိုင္ဘူးလို႔ ေျပာလာလိမ့္မယ္။

Related posts

CRPH ကို ဖျက်ဆီးလိုသော ပြည်သူ့ရန်သူများ

UN USA UK တို့က မြန်မာ့အရေးကို ဘာကြောင့် အချိန်ဆွဲနေသလဲ

၂၀၂၁ စစ်အာဏာသိမ်းမှုအတွက် ကြိုတင်ပြင်ဆင်မှုများ