အောင်ဆန်းစုကြည်

ဦးအောင်ဇော်ဝင်းကို ဘာကြောင့်ဖမ်းသလဲ

မောင်တောအကြမ်းဖက် တိုက်ခိုက်သူတွေကို ငွေကြေးထောက်ပံ့ခဲ့တဲ့အတွက်ဟု အကြောင်းပြကာ ယခင်လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်တယ်။ ဦးအောင်ဇော်ဝင်းဟာ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌဖြစ်ပြီး ယခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မောင်တော လွှတ်တော်အမတ်ဟောင်းတစ်ဦးလဲ ဖြစ်ပါတယ်။ နဝတ အစိုးရလက်ထက်ကတည်းက မြန်မာ့စစ်ခေါင်းဆောင်တွေ အသုံးချခံရဆုံးနဲ့ ယုံကြည်စိတ်အချရဆုံးပုဂ္ဂိုလ်လဲ ဖြစ်ပါတယ်။ ဦးအောင်ဇော်ဝင်းဆိုတာ နှယ်နှယ်ရရ ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ နေပြည်တော် ရာဇဌာနေလမ်းက…

Read more

ဂျီနိုဆိုဒ်တရားခံများ မကြာခင် နိုင်ငံတကာ ရာဇဝတ်ခုံရုံးရောက်ဖွယ်ရှိ

မြန်မာ့စစ်တပ်က ARSA အကြမ်းဖက်မှုဟု ခေါင်းစဉ်တပ်ပြီး ထောင်ချီသော အပြစ်မဲ့ရိုဟင်ဂျာများကို ၂၀၁၆ အောက်တိုဘာမှ ယနေ့အထိ အစုလိုက် အပြုံလိုက်သတ်ဖြတ်လာခဲ့သည်။ အရွယ်မရောက်သေးသည့် ကလေးသူငယ်အပါအဝင် ထောင်ချီသော ရိုဟင်ဂျာအမျိုးသမီးများကို မုဒိန်းကျင့်ခဲ့သည်။ မောင်းတော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသများရှိ ရိုဟင်ဂျာ ၉၀ရာခိုင်နှုန်း၏ အိုးအိမ်များကို မီးရှိုးဖျက်ဆီး၍ သူတို့ကို နိုင်ငံတွင်းမှာ နှင်ထုတ်ခဲ့သည်။ အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် စစ်ဆင်ရေးပြုလုပ်နေသည်ဟု အကြောင်းပြ၍…

Read more

နိုဘယ်ဆုရှင်မှသည် ဂျီနိုဆိုဒ်တရားခံအဖြစ်သို့

ပုထုစဉ်လူသားက ကံသုံးပါးဖြစ်သော ကာယကံ၊ ဝစီကံ၊ မနောကံ ကိုယ် ၊နှုတ် ၊ စိတ်နှလုံးသုံးပါးစလုံးဖြင့် ရိုးသားဖြောင့်မတ်စွာ ပြုမူပြောဆိုဆက်ဆံပါက နတ်အဆင့်ထက်ပင် မြင့်မြတ်နိုင်ပြီး အာဏာဂုဏ်မက်မော၍ အမှန်တရားကို လျစ်လျူရှုသူတို့မှာမူ ခြေလေးချောင်းသတ္တဝါထက် ပို၍ နိမ့်ကျနိုင်သည်။ ၁၉၈၈မှစ၍ တစ်ကမ္ဘာလုံးက ဒီမိုကရေစီခေါင်းဆောင်ဟု အမြတ်တနိုးခေါ်ဆိုပြီး ကြည်ညိုလေးစားလာခဲ့ရုံမက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသူအဖြစ် သဘောထား၍ နိုဘယ်ဆုပါ ချီးမြှင့်ခဲ့သည့်…

Read more

နိုင်ငံရေးအဓိက အခရာ- ရိုဟင်ဂျာ

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် အချိန်မှစ၍ ယနေ့အထိ မြန်မာ့နိုင်ငံရေးတွင် အခရာအကျဆုံးသော နိုင်ငံရေးဝေါဟာရမှာ “ရိုဟင်ဂျာ” ဖြစ်သည်ဟု ယတိပြတ် ပြောနိုင်သည်။ အေဒီ ၁၇၈၀ တွင် အင်းဝ၌ ရုံးစိုက်သော ဗြိတိသျှသံအဖွဲ့ဝင် Francis Buchanan က မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ဘာသာစကားများကို သုတေသနပြုခဲ့ရာ အာရကန်ဒေသ၌ နေထိုင်သော ရိုဟင်ဂျာစကားနှင့် ဘင်္ဂါလီစကား မတူကြောင်းကို ကွက်ကွက်ကွင်းကွင်း…

Read more

သူမိုက် သူယုတ်တို့ တိုင်းပြည်အုပ်ချုပ်သောအခါ

မြတ်ဗုဒ္ဓ၏ ဆိုဆုံးမစကားအရ မကောင်းမှုကိုသာ ကြံစည်ခြင်း၊ မကောင်းသော၊ အပြစ်မကင်းသော စကားကိုသာ ပြောဆိုခြင်းနှင့် မကောင်းမှုကိုသာပြုလုပ်ခြင်းတို့သည် သူမိုက်သူယုတ်တို့၏ လက္ခဏာများ ဖြစ်ကြသည်။ အဆိုပါ လက္ခဏာများရှိသူတို့မှာ ပညာတတ်သူပင် ဖြစ်စေ၊ အမျိုးမြတ်သူပင် ဖြစ်စေ၊ ပစ္စည်းဥစ္စာ ကြွယ်ဝသူပင်ဖြစ်စေ၊ မင်းအစိုးရပင် ဖြစ်စေ၊ မည်သူမဆို သူမိုက်သူယုတ်သာတည်း။ သူမိုက်သူယုတ်တို့ တိုင်းပြည်အုပ်ချုပ်သောအခါ ကမ္ဘာ့ အသိုင်းအဝိုင်း၏ ကဲ့ရဲ့ခြင်းခံရတတ်၏။ ပြည်သူများ…

Read more

ခိုးဝင်ဘင်္ဂလီများကို နိုင်ငံတော်က တရားဝင်ခေါ်ယူ

ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ခိုးဝင်ဘင်္ဂလီများဟု ဝါဒဖြန့်ပြီး လူမျိုးတုံးသတ်ဖြတ်ရန် စီမံကိန်းရေးဆွဲလျက် ညှင်းပန်းနှိပ်စက်လာခဲ့သော ရိုဟင်ဂျာ လူမျိုးများအား ယခုအခါ တရားဝင်ပြန် လည်ခေါ်ယူရန် နိုင်ငံတော်အစိုးရက ဆန္ဒပြင်းပြလျက်ရှိသည်။ အကြောင်းမှာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ရက် နေ့မှစ၍ အစိုးရမွေးထားသော ARSA အကြမ်းဖက်အုပ်စုအား လက်တုံ့ပြန်သည်ဟု ခေါင်းစဉ်တပ်ကာ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ၊ ရိုဟင်ဂျာ…

Read more

မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျအစိုးရကြား သဘောတူညီမှုရရုံဖြင့် ရိုဟင်ဂျာအရေး မဖြေရှင်းနိုင်

မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံတို့ကြား မည်သို့ပင် သဘောတူညီချက် စာချုပ်များ လက်မှတ်ရေးထိုးပါစေ၊ ရိုဟင်ဂျာအရေးသည် မြန်မာနိုင်ငံ၏ ခွဲခြားဆက်ဆံမှုပေါ်လစီကြောင့် ပေါ်ပေါက်လာသည့်အတွက် အဆိုပါ ခွဲခြား ဆက်ဆံမှု၊ ဖိနှိပ်ချုပ်ချယ်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများကို မရပ်တန့်မချင်း ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ၁၉၇၈မှစ၍ ယနေ့အထိ နိုင်ငံတော်၏ ခွဲခြားဆက်ဆံမှု ပေါ်လစီနှင့် လူမျိုးတုံးသတ်ဖြတ်ရေး စီမံကိန်းများကြောင့် အကြိမ်ပေါင်းများစွာ ဒုက္ခသည် အရေးပေါ်လာခဲ့သည်။ နှစ်နိုင်ငံကြား…

Read more

တရုတ်အားကိုး ပုဆိန်ရိုး ဂျီနိုဆိုဒ်ကျူးလွန်သူ လူရိုင်းဆိုး

“ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများကို ဆန့်ကျင်ကြ” ဆောင်ပုဒ်နဲ့ နှစ်ပေါင်းများစွာ ပြည်သူတွေကို လိမ်လည်လှည်းစားနေတဲ့ တရုတ်အားကိုး ပုဆိန်ရိုးတွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသုတ်သင်ရေးကို စနစ်တကျ  ဆောင်ရွက်နေကြတဲ့ လူရိုင်းဆိုးတွေဖြစ်ကြတယ်။ အဆိုပါလူရိုင်းတွေ အားကိုးနေတဲ့ တရုတ်ကြီးက မြန်မာနိုင်ငံရဲ့ အကျိုးအတွက် ဘာလုပ်ပေးသလဲ။ တရုတ်ကြီးရဲ့ ရင်နှီးမြုပ်နှံမှုက ဘင်္ဂလားဒေ့ခ်ျနဲ့ ပါကိစ္စတန်မှာ မြန်မာထက် အဆမတန် များနေတာ ဘာကြောင်းလဲ။ မြန်မာနိုင်ငံမှာရှိတဲ့…

Read more

ဒေါ်အောင်ဆန်းစုကြည်၏ “ တရားဥပဒေ စိုးမိုးရေး ” စတိုင်

  မြန်မာနိုင်ငံ၏ ဩဇာတိက္ကမ အရှိဆုံးပုဂ္ဂိုလ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ မှစ၍ နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာနိုင်ငံတွင် အဓိက လိုအပ်နေသည့်အရာမှာ “တရားဥပဒေစိုးမိုးရေး” ဖြစ်သည်ဟု ကြွေးကြော်လာခဲ့သည်။ သူမကိုယ်တိုင် နိုင်ငံတော်၏ အတိုင်ပင် ပုဂ္ဂိုလ်ဖြစ်လာချိန်တွင်မူ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးသည် ယခင် စစ်အစိုးရလက်ထက်ကထက် အဆ ၁၀၀လောက် ဆိုးဝါးလာသည်ကို တွေ့မြင်ရသည်။…

Read more

ဂျီနိုဆိုဒ်တရားခံများ၏ နောက်ဆုံးခြေလှမ်း

မဟာဗမာဝါကို အကောင်အထည်ဖော်ရန် အာဏာရှင်ကြီး နေဝင်းက “တိုင်းရင်းသား” ဟူသော စကားလုံးကို အသုံးချခဲ့သည်။ စစ်အစိုးရလက်ထက်တွင် နစက ဖွဲ့စည်းပြီး ရိုဟင်ဂျာတို့အပေါ် လူမျိုးတုံး သတ်ဖြတ်ရေးစီမံကိန်း စတင်ခဲ့သည်။ ရိုဟင်ဂျာတို့၏ လက်ဝယ်ရှိ NRC ခေါ် အမျိုးသား မှတ်ပုံတင်ကဒ်များကို အတင်းအဓမ္မသိမ်းယူပြီး “ယာယီသက်သေခံလက်မှတ်” များထုတ်ပေးခဲ့သည်။ “ယာယီသက်သေခံလက်မှတ်” ကိုင်ဆောင်သူများသာ တစ်နေရာမှ တစ်နေရာသို့ ခရီးသွားနိုင်မည်ဟု ပြောပြီး…

Read more