နိုဘယ်ဆုရှင်မှသည် ဂျီနိုဆိုဒ်တရားခံအဖြစ်သို့

ပုထုစဉ်လူသားက ကံသုံးပါးဖြစ်သော ကာယကံ၊ ဝစီကံ၊ မနောကံ ကိုယ် ၊နှုတ် ၊ စိတ်နှလုံးသုံးပါးစလုံးဖြင့် ရိုးသားဖြောင့်မတ်စွာ ပြုမူပြောဆိုဆက်ဆံပါက နတ်အဆင့်ထက်ပင် မြင့်မြတ်နိုင်ပြီး အာဏာဂုဏ်မက်မော၍ အမှန်တရားကို လျစ်လျူရှုသူတို့မှာမူ ခြေလေးချောင်းသတ္တဝါထက် ပို၍ နိမ့်ကျနိုင်သည်။ ၁၉၈၈မှစ၍ တစ်ကမ္ဘာလုံးက ဒီမိုကရေစီခေါင်းဆောင်ဟု အမြတ်တနိုးခေါ်ဆိုပြီး ကြည်ညိုလေးစားလာခဲ့ရုံမက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသူအဖြစ် သဘောထား၍ နိုဘယ်ဆုပါ ချီးမြှင့်ခဲ့သည့်…

Read more

နိုင်ငံရေးအဓိက အခရာ- ရိုဟင်ဂျာ

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် အချိန်မှစ၍ ယနေ့အထိ မြန်မာ့နိုင်ငံရေးတွင် အခရာအကျဆုံးသော နိုင်ငံရေးဝေါဟာရမှာ “ရိုဟင်ဂျာ” ဖြစ်သည်ဟု ယတိပြတ် ပြောနိုင်သည်။ အေဒီ ၁၇၈၀ တွင် အင်းဝ၌ ရုံးစိုက်သော ဗြိတိသျှသံအဖွဲ့ဝင် Francis Buchanan က မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ဘာသာစကားများကို သုတေသနပြုခဲ့ရာ အာရကန်ဒေသ၌ နေထိုင်သော ရိုဟင်ဂျာစကားနှင့် ဘင်္ဂါလီစကား မတူကြောင်းကို ကွက်ကွက်ကွင်းကွင်း…

Read more

မင်းတို့ ထမင်းဝအောင် စားထား

မြန်မာစကား အသုံးနှုန်းမှာ ထမင်းဝအောင် စားပါ နဲ့ ထမင်းဝအောင် စားထား ဆိုတဲ့ အသုံးနှုန်းက မတူဘူး .. ထမင်းဝအောင် စားပါဆိုတာ လောက၀တ် ဖိတ်မန်္တက ပြုတဲ့ အသုံးနှုန်း .. ဧည့်ဝတ်ကျေပွန်တဲ့ စကားလုံး .. တင်စားမှု မရှိဘူး .. ထမင်းဝအောင် စားထားဆိုတာက ကြိမ်းမောင်းတဲ့ စကားလုံး .. တင်စားမှု…

Read more

သူမိုက် သူယုတ်တို့ တိုင်းပြည်အုပ်ချုပ်သောအခါ

မြတ်ဗုဒ္ဓ၏ ဆိုဆုံးမစကားအရ မကောင်းမှုကိုသာ ကြံစည်ခြင်း၊ မကောင်းသော၊ အပြစ်မကင်းသော စကားကိုသာ ပြောဆိုခြင်းနှင့် မကောင်းမှုကိုသာပြုလုပ်ခြင်းတို့သည် သူမိုက်သူယုတ်တို့၏ လက္ခဏာများ ဖြစ်ကြသည်။ အဆိုပါ လက္ခဏာများရှိသူတို့မှာ ပညာတတ်သူပင် ဖြစ်စေ၊ အမျိုးမြတ်သူပင် ဖြစ်စေ၊ ပစ္စည်းဥစ္စာ ကြွယ်ဝသူပင်ဖြစ်စေ၊ မင်းအစိုးရပင် ဖြစ်စေ၊ မည်သူမဆို သူမိုက်သူယုတ်သာတည်း။ သူမိုက်သူယုတ်တို့ တိုင်းပြည်အုပ်ချုပ်သောအခါ ကမ္ဘာ့ အသိုင်းအဝိုင်း၏ ကဲ့ရဲ့ခြင်းခံရတတ်၏။ ပြည်သူများ…

Read more

ရခိုင်အတွက် ပြူတင်းပေါက်အသစ်

အာဏာရှင် ဦးနေဝင်းအစိုးရ လက်ထက်မှစ၍ ရခိုင်တိုင်းရင်းသားတို့၏ အတွေးအခေါ်နှင့် အမြော်အမြင်များမှာ အမှောင်ထုလွှမ်းမိုးခံရပြီး ပညာတတ် လူတန်းစားအပါအဝင် ရခိုင်အများစုက အမှောင်ထဲ၌ပင် အလင်းစကို စမ်းတဝဝ ရှာဖွေနေခဲ့ရသည်။ ရခိုင်တစ်မျိုးသားလုံးအား အမှောင်ထုထဲ တွန်းပို့ပေးခဲ့သူများမှာ အဝကျွန်းသားရခိုင်များပင် ဖြစ်ကြသည်။ ဂျပန်နေ ဒေါက်တာအေးချမ်း၊ အမေရိကန်နေ ဦးခိုင်အောင်ကျော်၊ ဂျာမဏီ နိုင်ငံနေ ဦးခင်မောင်စောနှင့် ရခိုင်ဒေသနေ ဒေါက်တာအေးမောင်တို့က စစ်အာဏာရှင်တို့အလိုကျ ရခိုင်လူထု၏…

Read more

ခိုးဝင်ဘင်္ဂလီများကို နိုင်ငံတော်က တရားဝင်ခေါ်ယူ

ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ခိုးဝင်ဘင်္ဂလီများဟု ဝါဒဖြန့်ပြီး လူမျိုးတုံးသတ်ဖြတ်ရန် စီမံကိန်းရေးဆွဲလျက် ညှင်းပန်းနှိပ်စက်လာခဲ့သော ရိုဟင်ဂျာ လူမျိုးများအား ယခုအခါ တရားဝင်ပြန် လည်ခေါ်ယူရန် နိုင်ငံတော်အစိုးရက ဆန္ဒပြင်းပြလျက်ရှိသည်။ အကြောင်းမှာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ရက် နေ့မှစ၍ အစိုးရမွေးထားသော ARSA အကြမ်းဖက်အုပ်စုအား လက်တုံ့ပြန်သည်ဟု ခေါင်းစဉ်တပ်ကာ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ၊ ရိုဟင်ဂျာ…

Read more

မြန်မာနိုင်ငံရှိ မွတ်စလင်များအပေါ် နာဇီကဲ့သို့ မူဝါဒချမှတ် နှိပ်ကွပ်နေသော စစ်အာဏာရှင်များ

ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ဂျာမဏီနိုင်ငံမှာ၊ ဟစ်တလာက ဒီမိုကရေစီကို အဆုံးသတ်ပြီး နာဇီဝါဒကို အစားထိုး ကျင့်သုံးခဲ့တယ်။ ဂျူးလူမျိုးတွေကို အဓိကပစ်မှတ်ထားပြီး မူဝါဒချမှတ်ခြင်း၊ မုန်းတီးရေးဝါဒဖြန့်ခြင်း၊ လူမျိုးရေး၊ ဘာသာရေးအသွင် အကြမ်းဖက်မှုများ ဖန်တီးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း အာဏာရှင်ဦးနေဝင်းက နာဇီတို့ရဲ့ မူဝါဒကို ပုံတူကူးချပြီး ဂျူးအပေါ် ကျူးလွန်သကဲ့သို့ မြန်မာစစ်အာဏာရှင်များကလဲ မွတ်စလင်အားလုံးအပေါ် မူဝါဒချမှတ်ပြီး စနစ်တကျ နှိပ်ကွပ်လာခဲ့ပါတယ်။…

Read more

သရဏဂုံကို ဖျက်ဆီးနေသူများ

သရဏဂုံသည် ဗုဒ္ဓသာသနာတော်ကို စပြီး သက်ဝင်ယုံကြည်ကာ အစဦးဆုံးခံယူရဖြစ်သည့် ကုသိုလ် ကောင်းမှုတစ်မျိုးပင် ဖြစ်သည်။ ဗုဒ္ဓသာသနာဝင်အဖြစ် ခံယူရာ အဓိက သာသနာ့ဝင်ပေါက်ဖြစ်ပြီး သရဏဂုံအား ဖျက်ဆီးနေသူများမှာ ဂေါတမမြတ်စွာဘုရား၏ တရားဓမ္မနှင့် အဆုံးအမများကို တိမ်ကော ပျောက်ကွယ်အောင် လုပ်ဆောင်နေသူများသာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်သည့် ၁၉၈၈ ခုနှစ်မှစ၍ လမ်းတိုင်း၊ နေရာတိုင်းတွင် ဓမ္မာရုံများ ဆောက်ပြီး အလှူခံခြင်းနှင့်…

Read more

တရားဥပဒေ လေးစားလိုက်နာမှု လုံးဝ မရှိသော နိုင်ငံ့ခေါင်းဆောင်များ

“ရခိုင်ဒေသမှာ နေထိုင်တဲ့ ဘင်္ဂါလီတွေ တရားဥပဒေကို လေးစားလိုက်နာမှု  လုံးဝမရှိ တရားဥပဒေ စိုးမိုးရေးအရ တည်ငြိမ်မှုရှိအောင် လုပ်ကြရတော့မယ်” လို့ တပ်မတော် ကာကွယ်ရေးချုပ် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေတပ်နယ်မှ အရာရှိ စစ်သည်နဲ့ မိသားစုတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။ တရားဥပဒေကို မင်းအောင်လှိုင် အပါအဝင် လူတိုင်းလေးစားလိုက်နာရမည်လို့ နိုင်ငံ့ခေါင်းဆောင်ဆိုသူတွေ နိုင်ငံရေးသမားတွေက…

Read more

မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျအစိုးရကြား သဘောတူညီမှုရရုံဖြင့် ရိုဟင်ဂျာအရေး မဖြေရှင်းနိုင်

မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံတို့ကြား မည်သို့ပင် သဘောတူညီချက် စာချုပ်များ လက်မှတ်ရေးထိုးပါစေ၊ ရိုဟင်ဂျာအရေးသည် မြန်မာနိုင်ငံ၏ ခွဲခြားဆက်ဆံမှုပေါ်လစီကြောင့် ပေါ်ပေါက်လာသည့်အတွက် အဆိုပါ ခွဲခြား ဆက်ဆံမှု၊ ဖိနှိပ်ချုပ်ချယ်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများကို မရပ်တန့်မချင်း ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ၁၉၇၈မှစ၍ ယနေ့အထိ နိုင်ငံတော်၏ ခွဲခြားဆက်ဆံမှု ပေါ်လစီနှင့် လူမျိုးတုံးသတ်ဖြတ်ရေး စီမံကိန်းများကြောင့် အကြိမ်ပေါင်းများစွာ ဒုက္ခသည် အရေးပေါ်လာခဲ့သည်။ နှစ်နိုင်ငံကြား…

Read more