ဂမ်ဘီယာအစိုးရက မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာတို့အား လူမျိုးတုံးသတ်ဖြတ်မှုအတွက် တရားစွဲဆိုသည်ကို မြန်မာနိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ချေပသည်မှာ အလွန်အံ့ဖွယ်ကောင်းသည့် သံယောဇဉ်တစ်ခုခုကြောင့်သာဖြစ်သည်။ ထိုသံယောဇဉ်မှာ အဘယ်နည်း။ မြန်မာနိုင်ငံ၏အချုပ်အခြာကို ကာကွယ်လိုသောဆန္ဒကြောင့် နိုင်ငံအပေါ်ထားရှိသောသံယောဇဉ်ဖြစ်သလား။ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့သော တပ်မတော်အပေါ်ထားရှိသော သံယောဇဉ်ဖြစ်သလား။ ဒီမိုကရေစီနိုင်ငံဖြစ်လိုသောဆန္ဒကြောင့်ဖြစ်ပေါ်လာသော ပြည်သူ့သံယောဇဉ်ဖြစ်သလားဟူသည်ကို ဆန်းစစ်ရသော်… (၁) သံယောဇဉ်ဟူသည်မှာ ကြင်ဖော်ကြင်ဖက်များနှင့်သားသမီးဆွေမျိုးအရင်းအချာတို့ပေါ်တွင် မေတ္တာကြောင့်ဖြစ်ပေါ်လာသည့် သံယောဇဉ်များရှိသကဲ့သို့ အမှန်တရားနှင့်ယုံကြည်မှုကို အသက်မက မြတ်နိုးလိုစိတ်ကြောင့် ဖြစ်ပေါ်လာသော…
ဒေါ်အောင်ဆန်းစုကြည်
-
-
နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုဟာ အဆိုပါနိုင်ငံရဲ့ ပညာရေးပေါ်လစီနဲ့ တိုက်ရိုက်အချိုးကျတယ်။ မဆလခေတ်မှာ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးမူကို ပညာရေးပေါ်လစီအဖြစ် သတ်မှတ်ပြီး အင်္ဂလိပ်စာ လုံးဝ မတတ်အောင်သင်ပေးတဲ့ စနစ်မျိုးလုပ်ခဲ့တယ်။ ဒီတော့ မြန်မာနိုင်ငံက ဘွဲ့ရလူငယ်တွေ တခြားနိုင်ငံ ရောက်ရင် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတယ်။ စစ်အစိုးရ လက်ထက်မှာတော့ ဘာသာခြားဆန့်ကျင်ရေးကို ပညာရေးပေါ်လစီအဖြစ် သတ်မှတ်ပြီး ကျောင်းတိုင်း ဘုရားခန်းတွေ ဖွင့်ပေးခဲ့တယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဆိုတဲ့…
-
(၁၂.၃.၂၀၁၂) နေ့ မြန်မာ့အသံကနေ ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဓိက ရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ ကိစ္စ(၃)ရပ်ကတော့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်တယ်” လို့ပြောခဲ့တာကို ပြည်သူတွေ မှတ်မိပါလိမ့်မယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က မေ့နေပြီထင်တယ်။ ယနေ့အထိ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုး ရေးဆိုတာတောင် ဘယ်ပုံစံမျိုးလဲဆိုတာ သိရခက်လောက်အောင်…
-
ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ရန် မြန်မာစစ်ခေါင်းဆောင်များက ၁၉၉၀ မှစပြီး စနစ်တကျ လုပ်ဆောင်လာခဲ့ကြတယ်။ နိုင်ငံတော်ပိုင် သတင်းများမှာလဲ ခိုးဝင်ဘင်္ဂလီဟု ဖော်ပြပြီး တနိုင်ငံလုံးမှာ ရိုဟင်ဂျာမုန်းတီးရေးအတွက် လှုံ့ဆော်ခဲ့ကြတယ်။ တရုတ်ရဲ့ ရွှေဂက်စ်စီမံကိန်းအောင်မြင်ရေးအတွက် ၂၀၁၂ မှစပြီး ရိုဟင်ဂျာတွေကို မီးရှို့သတ်ဖြတ်ကာ နာဇီအကျဉ်းစခန်းပမာ ပိတ်လှောင်ထားကြတယ်။ ၂၀၁၆ မှစပြီး တုတ်ဓါးကိုင်တဲ့ လူတစ်စုကို အကြောင်းပြပြီး ရိုဟင်ဂျာကလေးသူငယ်တွေကို အရှင်လတ်လတ် မီးရှို့သတ်…
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ယနေ့ (အောက်တိုဘာ ၁၂ရက်) ည၈နာရီတွင် ပြည်သူလူထုအား မိန့်ခွန်းပြောကြားမည်ဖြစ်သဖြင့် ပြည်သူတို့အနေဖြင့် နားသောတဆင်ပြီး အောက်ပါအချက်များ ပါ မပါကို တွေးတောရန်လိုကြောင်း အမည်မဖော်လိုသူ နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ (၁) ရခိုင်ပြည်နယ်၏ ပြဿနာသည် နိုင်ငံတော်ပေါ်လစီ၏ မတရားမှုကြောင့် ဖြစ်လာသော ပြဿနာဖြစ်သည်။ ၁၉၆၅အထိ ရိုဟင်ဂျာလူမျိုးဟု နိုင်ငံတော်က…
