အင်္ဂလိပ်ကိုလိုနီဘဝမှ လွတ်မြောက်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများက “လွတ်လပ်ရေး” ဟူသော အသီးအပွင့်၏ ပွင့်အလာကို မမြင်ရမီပင် အာဏာရှင်ဦးနေဝင်းက မြန်မာ့ လွတ်လပ်ရေးကို တရုတ်ထံ ရောင်းချခဲ့သည်။ အာဏာရှင်နေဝင်းနှင့် သူ့ဆွေစဉ်မျိုးဆက်များ၏ အကျိုးအတွက်သာ မျှော်ကိုး၍ နိုင်ငံသူနိုင်ငံသားအားလုံးကို “တိုင်းရင်းသား” ဟူသော အဆိပ်ခတ်လျက် နှိပ်ကွက်ခဲ့သည်။ မဟာဗမာဝါဒကျင့်သုံး၍ မြန်မာ့ကယ်တင်ရှင် ဖြစ်လာရန် ကြိုးပမ်းခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများ၌ ရောင်စုံ ဒီမိုကရေစီ အပန်းဖြေစခန်းများ မြင်ခဲ့ကြသူတို့က မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီ မျိုးစေ့ပျိုးထောင်လိုသည့် ဆန္ဒဖြင့် အာဏာရှင်ဦးနေဝင်းကို တော်လှန်ခဲ့ကြသည်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးနီးပါး၏ နှလုံးသားထဲတွင် ဒီမိုကရေစီသာလျှင် တရုတ်ကျွန်ဘဝမှ လွတ်မြောက်စေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ကိန်းအောင်းလာရာ တရုတ်လက်ကိုင်တုတ် များဖြစ်ကြသော မြန်မာ့စစ်ခေါင်းဆောင်များက လမ်းတိုင်း၌ ဓမ္မာရုံများ ဖွင့်လှစ်၍ ပြည်သူတို့၏နှလုံးသား၌ ဒီမိုကရေစီမဟုတ်ဘဲ ဘုရားသာ ရှိသင့်သည်ဟု လှည့်စားခဲ့ကြသည်။
ဒီမိုကရေစီနှင့် ကွန်မြူနစ်စနစ်တို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဖက်ဖြစ်သည့်အတွက် နှလုံးသားထဲမှာ ကွန်မြူနစ် စနစ်နေရာယူထားသည့်ပုဂ္ဂိုလ်များက ဒီမိုကရေစီစနစ်ကို အလွန်ပင် မုန်းတီးရွံရှာကြသည်။ တရုတ်နှင့် တရုတ်လက်ကိုင်တုတ် စစ်ခေါင်းဆောင်များက ဒီမိုကရေစီစနစ်ကို သူတို့၏ရန်သူပမာ သဘောထားကြသည်။ ပြည်သူများနှင့် ကမ္ဘာ့ဖိအားကြောင့် မလွှဲသာမရှောင်သာ ရွေးကောက်ပွဲ ကျင်းပခဲ့ရသော်လည်း တရုတ်အကြံဉာဏ်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီချုပ်ငြိမ်းစေမည့် လက်နက်သဖွယ် အသုံးပြုထားသည်။ တရုတ်တို့က မြန်မာပြည်သူတို့၏ ဂုတ်သွေးများကို လိမ္မာပါးနပ်စွာ စုပ်ယူနိုင်ရန်အတွက် သူတို့၏လက်နက်ကိုင်တုတ်များအား ဗုဒ္ဓဘာသာအစွန်းရောက်များ ဖန်တီးစေခဲ့သည်။
၂၀၁၁မှစ၍ ကျောက်ဖြူရွှေဂက်စ် စီမံကိန်းအောင်မြင်ရေးအတွက် ရိုဟင်ဂျာ ဂျီနိုဆိုဒ်စတင်ရန် အကြံပေးလာခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဘာသာရေး လူမျိုးရေး မုန်းတီးမှုမှန်သမျှသည် တရုတ်လူမျိုးပိုင် အကျိုးစီးပွားများအား မျက်စိမကျစေရန် ကာကွယ်သော တရုတ်တို့၏ ကျွန်ပြုပေါ်လစီများ သာဖြစ်သည်။
နားမျက်စိရှိသူတိုင်းက မြန်မာနိုင်ငံရှိ မြို့နယ်တိုင်း၌ ရွှေဆိုင်ကျောက်မျက် ရတနာဆိုင် ၉၉% မှာ တရုတ်ပိုင်ဖြစ်ကြောင်း၊ အဓိကစက်ရုံအလုပ်ရုံ၊ ပွဲရုံဒိုင်အားလုံး၏ ၉၉% ကိုလည်း တရုတ်သာ ပိုင်ဆိုင်ကြောင်း၊ မြန်မာနိုင်ငံမှာ ဆောက်ခဲ့သမျှ ကွန်ဒိုများနှင့် ဟိုတယ်အားလုံး၏ ၉၅%ကို တရုတ်များသာ ပိုင်ဆိုင်ကြောင်း တွေ့မြင်ကြပါလိမ့်မည်။ ခရိုနီများ၊ ကျောင်းသားခေါင်းဆောင်ဆိုသူများ၊ အဝကျွန်းသား ဘင်္ဂလီရခိုင်ခေါင်းဆောင်များနှင့် တရုတ်လက်ကိုင်တုတ်များ တရုတ်တို့ထံမှ ဆင်းရဲသား ဒါနကြေး အနည်းအကျဉ်းရရုံဖြင့် တရုတ်ကျွန်ဘဝကို ပျော်ပျော်ကြီး လက်ခံရုံမက ပြည်သူများကိုပါ တရုတ်ကျွန်ဘဝက ဒီမိုကရေစီထက် ကောင်းမြတ်သည်ဟု ဆိုကြသည်။ ဒီမိုကရေစီကျင့်သုံးလျှင် ဗုဒ္ဓဘာသာ တိမ်ကောသွားနိုင်သည်ဟု လှည့်စားလာကြသည်။
အမှန်မှာ မည်သည့်ဘာသာပင်ဖြစ်စေ အဆိုပါဘာသာတရားကို အလွယ်တကူ ဖျက်ဆီးနိုင်သူများမှာ အယောင်ဆောင် ဘာသာဝင်များပင် ဖြစ်ကြသည်။ မြန်မာနိုင်ငံမှာ နေထိုင်သော တရုတ်တို့က ဗုဒ္ဓဘာသာ အယောင်ဆောင်၍ အိမ်ရှေ့ခန်း၌ ဗုဒ္ဓဘုရားပုံထားသော်လည်း သူတို့၏နှလုံးသားထဲတွင် ကွန်မြူနစ်နှင့် တရုတ်သာ အမြစ်တွယ်နေကြသည်။ ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံမှာ တရုတ်လူမျိုးဖြစ်သော်လည်း လူသားချင်းစာနာ ထောက်ထားလိုစိတ် လုံးဝကင်းမဲ့သော လူမျိုးမှာ တရုတ်များသာ ဖြစ်ကြ သည်။ တရုတ်လူမျိုးကို မုန်တီးလိုစိတ်ဖြင့် ပြောနေခြင်းမဟုတ်။ မိမိတို့ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်နေရသည့် အမှန်တရားတစ်ခုကို ချပြခြင်းသာ ဖြစ်သည်။
တရုတ်ကို ဖက်ထားလျက် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည်ဟု ပြောသူများမှာ ပြည်သူကို တရုတ်ကျွန်ဘဝ၌ပင် ရာသက်ပန်နေပြီး ဗုဒ္ဓဘာသာဟူသည် အစ္စလာမ့်ကို မုန်းတီးရွံရှာသော ဘာသာတရားပင်ဖြစ်ကြောင်း ယုံကြည်လာစေရန် ကြိုးပမ်းနေသူများ ဖြစ်ကြသည်။ ရွေဂက်စ်စီမံကိန်းသည် ရခိုင်သားများအတွက် အကျိုးရှိလိမ့်မည်ဟု ထင်၍ အဝကျွန်းသား ဘင်္ဂလီရခိုင်ခေါင်းဆောင်များက တရုတ်ချပေးခဲ့သည့် အစီအစဉ်အတိုင်း ရိုဟင်ဂျာတို့အား ခိုးဝင်ဘင်္ဂလီဟု စွပ်စွဲကာ အမြစ်ပြတ်ချေမှုန်းရန် သန္နိဋ္ဌာန်ချခဲ့ကြသည်။ တရုတ်ပိုင် စီမံကိန်းများ၌ ရခိုင်သားများကို ဒရဝန်အစောင့် သို့မဟုတ် သန့်ရှင်းရေးလုပ်သားအဖြစ်ပင် မထားကြောင်း သိလာကြသောအခါ ရခိုင်ခေါင်းဆောင်တချို့ကလည်း ဦးဦးစောလှကဲ့သို့ ဝေဖန်လာကြပြီ။
ရခိုင်ပြည်သူ အတွက် လိမ္မာပါးနပ်စွာ ပြောပေးပါသေား ဆရာဦးလှစောအား အထူးလေးစားပါသည်
Gepostet von Kyaw Win am Samstag, 1. Dezember 2018
