မြန်မာနိုင်ငံတွင် နာဇီဝါဒ ကျင့်သုံးနေကြောင့် ဦးရဲထွဋ်ဝန်ခံ

ဓါတ်ပုံ - Mizzima

အင်းဒင်ရွာတွင် မြန်မာစစ်တပ်က ရိုဟင်ဂျာတို့အား အစုလိုက် အပြုံလိုက်သတ်ခဲ့ခြင်းကို နိုင်ငံတော် လျှို့ဝှက်ချက်၊ နိုင်ငံတော်အကျိုးစီးပွားဟု ခေါင်းစဉ်တပ်နေခြင်းမှာ နာဇီဝါဒကျင့်သုံးခြင်းပင် ဖြစ်ကြောင်း ယခင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဝန်ခံပြောကြားခဲ့တယ်။

၂၀၁၆ နဲ့ ၂၀၁၇ တို့တွင် တုတ်ဓါးကိုင်ဆောင်သူ လူတစ်စုဖြစ်တဲ့ ARSA တိုက်ခိုက်မှုကို အကြောင်းပြပြီး ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ အိုးအိမ်စည်းစိမ်တွေကိုမီးရှို့ဖျက်ဆီး လုယက်ခြင်းတို့ကြောင့် ရိုဟင်ဂျာခုနှစ်သိန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ခ်ျဘက်ကို အသက်လုထွက် ပြေးခဲ့ရတယ်။

အသက် ၁၀နှစ်ဝန်းကျင် ရိုဟင်ဂျာမိန်းကလေးများအပါအဝင် အရွယ်ရောက်သူ အမျိုးသမီးပေါင်း ၃၀၀ ကျော်အား မြန်မာစစ်တပ်က လူမဆန်စွာ မုဒိန်းကျင့်ခဲ့ကြောင်း ဒုက္ခသည် စခန်းရောက် ခံရသူ ကာယကံရှင်တွေက ထွက်ဆိုခဲ့ကြတယ်။ အဲဒီသက်သေ အထောက်အထားပေါ်မူတည်ပြီး ကုလသမဂ္ဂကလဲ မြန်မာစစ်တပ်အား နာမည်ဖျက် စာရင်းသွင်းခဲ့တယ်။ တစ်နည်းအားဖြင့် မုဒိန်းတပ်မတော်ဟု သံတမန်စကားအသုံးအနှုန်းနဲ့ အတည်ပြုခဲ့တယ်။

ဘင်္ဂလားဒေ့ခ်ျဘက်ကို အသက်လုထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးဝင်းမြတ်အေးနဲ့ အဖွဲ့က ဘင်္ဂလားဒေ့ခ်ျနိုင်ငံကို သွားရောက်ခဲ့တယ်။ ဒုက္ခသည်အားလုံးဟာ တို့ရဲ့မိသားစုဝင်တွေ ဖြစ်ကြတယ်။ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေလဲ လဝကရုံးမှာ ရှိနေတယ်။ ဒီတော့ ကျွန်တော်တို့က သူတို့ကို အမြန်ဆုံး ပြန်လည်ခေါ်ယူဖို့ လုပ်နေပါတယ်လို့ ဦးဝင်းမြတ်အေးက ပြောခဲ့တယ်။

ရိုဟင်ဂျာတွေကို ၁၉၆၅မှစပြီး ၂၀၁၆အထိ အကြိမ်ပေါင်းများစွာ ဆွဲတင်စစ် စီမံကိန်းနဲ့ မှတ်တမ်းတင်ခဲ့တယ်။ စစ်အစိုးရက နစကအဖွဲ့ ဖွဲ့ပြီး သူတို့လက်ဝယ်ရှိ NRC ကဒ်တွေကို သိမ်းယူခဲ့တယ်။ ဝှိုက်ကဒ်တွေ ထုတ်ပေးပြီး နိုင်ငံမဲ့အဖြစ် ဖန်တီးခဲ့တယ်။ အဲဒီလုပ်ဆောင်ချက်တွေက ဟစ်တလာရဲ့ နာဇီဝါဒထက်တောင် ရက်စက် လွန်းတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပြတော့ သိန်းစိန်အစိုးရလက်ထက်မှာ ဝှိုက်ကဒ်တွေကို ပြန်လည်သိမ်းယူခဲ့တယ်။

အခုတခါ ဝှိုက်ကဒ်ထက်ဆိုးတဲ့ NVC နဲ့ ကမ္ဘာကို လှည့်စားလိုတယ်။ NVC စီမံကိန်းက ဟစ်တလာရဲ့ နာဇီဝါဒထက် အဆမတန် ဆိုးဝါးတယ်။ ဒါကို အာနန်ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း ဆောင်ရွက်သယောင်ယောင်နဲ့ ကမ္ဘာကြီးကို လှည့်စားနေတယ်။

“ရိုဟင်ဂျာတွေကို ဘင်္ဂလီ ဟုခေါ်တာ နိုင်ငံတော်ပိုင် မီဒီယာကနေ ခိုးဝင်ဘင်္ဂလီတွေဟု ဝါဒဖြန့်နေတာတွေက နာဇီဝါဒပဲ။ နိုင်ငံတော်က အမုန်းတရားဟော သံဃာတွေ သုံးပြီး ရိုဟင်ဂျာ ဆန့်ကျင်ရေးတွေ လုပ်တယ်။ အစွန်းရောက်ဘင်္ဂလီရခိုင်တွေကို အသုံးချပြီး လူမျိုးတုံးသတ်ဖြတ်ရေးတွေလုပ်တယ်။ ကျနော်တို့ NVC မလိုချင်ဘူး။ စစ်အစိုးရက အတင်း အားဓမ္မသိမ်းယူခဲ့တဲ့ နိုင်ငံသားအခွင့်အရေးပဲ လိုချင်တယ်။”လို့ သဲချောင်းဒုက္ခသည်စခန်းမှ ကော်ဘီရ်က ပြောတယ်။

 

 

 

 

 

 

 

 

Related posts

မြို့ကြီးတွေမှာလဲ ဂျီနိုဆိုဒ် အရိပ်အရောင်

မင်းအောင်လှိုင်က လက်နက်မဲ့ ပြည်သူကို စစ်ကျေညာပြီလား

တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးအတွက်အော် AA က “အဖနိုင်ငံတော်အတွက် ဆော်”