မြို့ကြီးတွေမှာလဲ ဂျီနိုဆိုဒ် အရိပ်အရောင်

ဓါတ်ပုံ - Reuters

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို မတရားပစ်သတ်တယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျောင်းသားလူငယ်နဲ့ ပြည်သူ အရေအတွက်က 2000 ကျော်ရှိနေပြီ။ အဲဒီအဖမ်းဆီးခံထားရသူတွေအနက် အချို့က ဘယ်နေရာထားသလဲဆိုတာတောင် မသိကြဘူး။ ဒါက Genocide မြောက်တဲ့အချက်တွေအနက် အချက်တစ်ချက်ဖြစ်တဲ့ Forced disappearance မြောက်ပါတယ်။ ပျောက်နေတဲ့ ကလေးအရေအတွက်ကို အမြန်ဆုံး စုဆောင်းကြပါ။ ရပ်ကွက်တိုင်းမှာ အဲသလို သတင်းအစအနပျောက်နေတဲ့ကလေးရှိရင် စာရင်းကောက်ပြီး Human Rights Watch အရောက်အမြန်ဆုံး ပို့ပေးကြပါ။ အိမ်တံခါးရိုက်ချိုးပြီး အိမ်ထဲဝင်တာ၊ ရွှေငွေဖုန်းအစရှိတဲ့ဟာကို လုယူတာ၊ ပစ္စည်းတွေရိုက်ချိုးပျက်စီးတာ ရက်ရက်စက်သတ်နေတာတွေအားလုံးက 2012 ကနေ 2017 အထိ ရိုဟင်ဂျာတွေကို လုပ်ခဲ့တဲ့အကွက်တွေပါ။ ပြည်သူတွေငြိမ်နေရင် အိမ်ထဲဝင်ပြီး မုဒိန်းကျင့်ပါလိမ့်မယ်။ လူတိုင်းတော်လှန်ရေးမှာ ပါဝင်ကြပါ။

(Zawgyi Version)



Ref: https://en.wikipedia.org/wiki/Forced_disappearance

https://www.icj.org/wp-content/uploads/2015/12/Universal-Enforced-Disappearance-and-Extrajudicial-Execution-PGNo9-Publications-Practitioners-guide-series-2015-ENG.pdf

Related posts

မင်းအောင်လှိုင်က လက်နက်မဲ့ ပြည်သူကို စစ်ကျေညာပြီလား

တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးအတွက်အော် AA က “အဖနိုင်ငံတော်အတွက် ဆော်”

တပ်မတော်ထောက်ခံပွဲ ကျင်းပရခြင်းက တပ်မတော်ကို မုန်းတဲ့လူများနေလို့ပဲ