တပ်မတော်ထောက်ခံပွဲ ကျင်းပရခြင်းက တပ်မတော်ကို မုန်းတဲ့လူများနေလို့ပဲ

ဓာတ်ပုံ- ရွှေအင်းသားခင်မောင်ဝင်း (BBC Burmese)

နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်မတော် ခေါင်းဆောင်ပိုင်းတွေကို ICC တင်ဖို့ လုပ်နေတော့ တပ်မတော် အကြီးအကဲတွေလဲ ထွက်ပေါက်ရှာတဲ့ သဘောနဲ့ တပ်မတော်ထောက်ခံပွဲတွေ ကျင်းပခိုင်းတယ်။ တပ်မတော်ထောက်ခံပွဲတွေကို ဘယ်သူတွေဦးဆောင်သလဲ။ ဘာကြောင့် ကျင်းပရသလဲ ဆိုတာ တွေးကြည့်သူတိုင်း တပ်မတော်ရဲ့ ဥပတိရုပ်အမှန်ကို မြင်လိမ့်မယ်။

ထောက်ခံပွဲကျင်းပရတာက မထောက်ခံတဲ့လူတွေ တပ်မတော်ကို မုန်းသူတွေ တစ်ရက်ထက်တစ်ရက် ပိုတိုးလာနေလို့ပဲ။ ပြည်သူအများစုက တပ်မတော်အရေးပါတယ်လို့ သိနေရင် ထောက်ခံပွဲကျင်းပစရာ မလိုဘူး။ ခုတော့ ပြည်သူအများစုရဲ့ စိတ်နှလုံးထဲမှာ “တပ်မတော် ဆိုတာ တိုင်းရင်းသားတွေကို ချေမုန်းနေတဲ့အဖွဲ့အစည်း အကြမ်းဖက်သမားတွေဖြစ်တဲ့ ၉၆၉ နဲ့ မဘသ ကို အသုံးချပြီး လူမျိုးရေး ဘာသာရေးအမည်ခံ အကြမ်းဖက်မှုတွေကို ၂၀၁၁ မှ ဒီကနေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နေတဲ့အဖွဲ့။

တပ်မတော်ဆိုတာ ပြည်သူတွေရဲ့ ခွင့်ပြုချက်မရဘဲ အတင်းအဓမ္မ ပြည်သူ့ကိုယ်စားလှယ်နေရာကို လုယူထားတဲ့အုပ်စု။ နိုင်ငံတော်ရဲ့ သယံဇတတွေနဲ့ နယ်မြေပိုင်နက်ကို တရုတ်ကြီးလက်ထဲ အပ်တဲ့အုပ်စု။ တပ်မတော်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့အလိုကျရေးဆွဲပြီး ပြည်သူတွေကို ဆင်းရဲမွဲတေမှု တွင်းနက်ထဲ တွန်းချပြီး သူတို့အုပ်စုသာ ကောင်းစားရေးကို တစ်စိုက်မတ်မတ်လုပ်နေတဲ့အုပ်စု။

တပ်မတော်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖယ်ဖျက်ပြီး အသစ်ရေးဆွဲမှ နိုင်ငံတိုးတက်မယ်လို့ ပြောခဲ့တဲ့ ဆရာကြီးဦးကိုနီကို လုပ်ကြံတဲ့အုပ်စု။ တပ်မတော်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေလမ်းကြောင်းပေါ် သွေဖီစေခဲ့အုပ်စု” လို့ သာသိနေတော့ ဘယ်ထောက်ခံမလဲ။
တပ်မတော်ကို ပြည်သူအများစု မထောက်တာကို မင်းအောင်လှိုင် အပါအဝင် တပ်မတော်အကြီးအကဲတိုင်းက သိနေတာ ကြာပြီ။

ဒါပေမဲ့ မဘသလို အကြမ်းဖက်အဖွဲ့တွေအား ဗုဒ္ဓဘာသာကို ခုတုံးလုပ်စေပြီး အကြမ်းဖက်ခိုင်းရင် ဒါမှမဟုတ် လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေဖန်တီးစေရင်တော့ သူတို့ လိုချင်တဲ့အာဏာကို ရေရှည် လက်ကိုင်ထားနိုင်မယ်လို့ ထွက်ထားကြတယ်။ နိုင်ငံတကာခုံသမာဓိအဖွဲ့ခေါ်ပြီး ပြည်သူ့ဆန္ဒယူပါက ပြည်သူ ကိုးဆယ်ရာခိုင်နှုံးက မြန်မာစစ်ခေါင်းဆောင်တွေကို ICC ပို့ပြီး ခရိုနီတွေ ပြည်သူ့ဂုတ်သွေးစုပ်နေတာ ရပ်တန့်ဖို့ ဆန္ဒပြုလိမ့်မယ်။

၂၀၀၈ ဖက်ဆစ်အခြေခံဥပဒေနဲ့ ဒီမိုကရေစနစ် မဖော်ဆောင်နိုင်အောင် မဘသအကြမ်းဖက်အုပ်စုကို အသုံးချနေတဲ့ စစ်ခေါင်းဆောင်တွေ ရှိနေသရွေ့ မြန်မာနိုင်ငံမှာ ဘယ်သူမှ ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီရေး နဲ့ သာယာဖွံ့ဖြိုးရေးတွေ ဖော်ဆောင်နိုင်လိမ့်မယ် မဟုတ်ကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

Related posts

မြို့ကြီးတွေမှာလဲ ဂျီနိုဆိုဒ် အရိပ်အရောင်

မင်းအောင်လှိုင်က လက်နက်မဲ့ ပြည်သူကို စစ်ကျေညာပြီလား

တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးအတွက်အော် AA က “အဖနိုင်ငံတော်အတွက် ဆော်”