အနောက်တံခါးမှ လွတ်လပ်စွာ ဝင်ခွင့်ရသူများနှင့် အတင်းအဓမ္မ မောင်းထုတ်ခံရသူများ

ရန်​ကုန်​တာ​မွေမြို့နယ်​က မှုခင်းသတင်း​ထောက်​ကို ၄င်းခေါ်ဆောင်လာသည့်​ ရိုဟင်ဂျာ ၁၀ဦးနှင့်​အတူ ဖမ်းဆီးရမိစဉ်(ဓါတ်ပုံ - The Speaker ဖေစ်ဘုခ်)

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်မုံရွာလမ်းမကြီး မိုင်တိုင်အမှတ်၂၀၆/၅နှင့်၂၀၆/၆ကြားတွင် အထောက်အထားမဲ့ ဘင်္ဂါလီ ၁၀ဦးနှင့်ယာဉ်မောင်း၂ဦး ကား၂စီးကို ဖေဖော်ဝါရီ ၄ရက် နံနက်အစောပိုင်းက မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည်ဟူသော သတင်းကို The Speaker က ရေးခဲ့သည်။

အဆိုပါသတင်းမှာ အထောက်အထားမဲ့ ဘင်္ဂါလီဟု ဖော်ပြထားသူများမှာ “ရခိုင်ပြည်နယ် ကျောက်တော်မြို့အနီးတဝိုက်ကျေးရွာများတွင်နေထိုင်သူများ” ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဘင်္ဂါလီ ၁၀ဦးသည် မြန်မာနိုင်ငံသားများသာ ဖြစ်ကြောင်း ထင်ရှားနေသည်။

အကယ်၍ ထိုပုဂ္ဂိုလ်များသည် ဘင်္ဂလားဒေ့ချ်မှ ဝင်ရောက်လာသူများဖြစ်ပါက ရခိုင်ပြည်နယ်၏ ကျေးရွာများတွင် နေထိုင်ခွင့် ပေးစရာအကြောင်းမရှိ။ မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် သက်ဆိုင်ရာ မြို့နယ်များတွင် နေထိုင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ နိုင်ငံသားတစ်ဦး အထောက်အထားမဲ့ ခရီးသွားခြင်းသည် ရာဇဝတ်မှုကျူးလွန်ခြင်းမဟုတ်။

သို့သော် နိုင်ငံတော်ပိုင်မီဒီယာများနှင့် ပြည်တွင်း ဗုဒ္ဓဘာသာဝင်ပိုင် မီဒီယာအများစုက ရခိုင်ပြည်နယ်မှ လာကြသည့် မွတ်စလင်များကို ဘင်္ဂါလားဒေ့ချ်မှ ခိုးဝင်သည့် ပုံစံဖြင့် တင်ပြကြသည်။ အဘယ်ကြောင်းနည်း။

မီဒီယာများ၌ တင်ပြကြသည့်အတိုင်း တရားမဝင် ဝင်လာသည့် ဘင်္ဂါလီများဖြစ်ပါက ဘင်္ဂလားဒေ့ချ် သံအမတ်ကို ဆင့်ခေါ်ပြီး အရေးယူရမည်။ မြန်မာအစိုးရက ဘင်္ဂလားဒေ့ချ်သံအမတ်ကို ဆင့်ခေါ်မပြောရဲခြင်းသည် အဆိုပါပုဂ္ဂိုလ်များ မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံနေခြင်းဖြစ်သည်။

ရိုဟင်ဂျာများကို ၁၉၆၅ အထိ နိုင်ငံတော်ပိုင် အသံလွှင့်ဌာနှင့် အစိုးရရုံးမှတ်တမ်းများတွင် တိုင်းရင်းသားများဟု ဖော်ပြခဲ့သည်။ ထိုစဉ်က တိုင်းရင်းသား ဘာသာစကားစာရင်းတွင် ရခိုင်ဘာသာစကားမရှိခဲ့ပေ။ ရခိုင်ဟူသောအမည်နာမကို သိသူလည်းအလွန်နည်းသည်။ “ရခိုင်” ကို အာဏာရှင် ဦးနေဝင်းက ၁၉၇၄ မှစ၍ ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ခြင်းနှင့်အတူ တွင်တွင်ကျင်ကျင် သုံးစွဲလာခဲ့ခြင်းဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်လိုသည့် စစ်အစိုးရသည် “မျိုးပျောက်မှာ စိုးကြောက်စရာ” “ဘုံပျောက်မှာစိုးကြောက်စရာ” စသော စာအုပ်များထုတ်ဝေဖြန့်ဖြူး၍ လူမျိုးရေးဘာသာရေး မုန်းတီးမှုများဖြစ်လာရန် လှုံ့ဆော်ခြင်းဖြင့်လည်းကောင်း ၉၆၉ မဘသ စသော အစွန်းရောက် အကြမ်းဖက် ဗုဒ္ဓဘာသာဂိုဏ်းများ ထူထောင်ပေးခြင်းဖြင့် ပြည်သူကို လှည့်စားလာခဲ့သည်။

တချိန်တည်းမှာ ရိုဟင်ဂျာဂျီနိုဆိုဒ်ကိုလည်း စတင်ခဲ့သည်။ နစကအဖွဲ့ ဖွဲ့စည်းပေးပြီး ရိုဟင်ဂျာတို့လက်ဝယ်ရှိ NRC ကဒ်ပြားများကို သိမ်းယူကာ ဝှိုက်ကဒ်များထုတ်ပေးခဲ့သည်။ ထို့နောက် ခရီးသွားလာခွင့် ပညာသင်ခွင့် စသောနိုင်ငံသား အခွင့်အရေးများမပေးဘဲ ပိတ်ပင်တားဆီးလျက် ပိတ်လှောင်ထားခဲ့သည်။

သိန်းစိန်အစိုးရလက်ထက်တွင် ရွှေဂတ်စ် စီမံကိန်းအောင်မြင်ရန် လူမျိုးရေးအဓိကရုဏ်းအမည်ဖြင့် ရိုဟင်ဂျာတို့၏ အသက်အိုးအိမ်စည်းစိမ်များကို မီးရှို့ ဖျက်ဆီးပြီး ရိုဟင်ဂျာအားလုံးကိုလည်း နာဇီအကျဉ်းစခန်းများပမာ အစာရေစာ ဖြတ်တောက်လျက် ပိတ်လှောင်ထားခဲ့သည်မှာ ယနေ့အထိပင်။ အကျဉ်းစခန်းများတွင် နေထိုင်ကြသော ရိုဟင်ဂျာများ မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ မထွက်နိုင်ရန် ရဲကင်းများနှင့် စစ်တပ်လုံခြုံရေး ကင်းစခန်းများဖြင့် ၂၄ နာရီ စောင့်ကြည့်နေကြသည်။

သို့ဖြစ်၍ အကျဉ်းစခန်းတွင် နေထိုင်ကြရသူများ လုံခြုံရေးတပ်ဖွဲ့၏ အကူအညီမပါဘဲ မိမိတို့ဆန္ဒအလျောက် လှေစီးဒုက္ခသည် ဖြစ်လာနိုင်စရာအကြောင်းလုံးဝ မရှိပေ။ ပြည်မကို ထွက်လာနိုင်စရာအကြောင်းမရှိ။ ဗမာက အရ်ကန်ပြည်ကို သိမ်းပိုက်ခဲ့စဉ် အရ်ကန်ပြည်သူများစွာ အိန္ဒိယနယ်(ယခု ဘင်္ဂလားဒေ့ချ်)ထဲ ထွက်ပြေးခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်မရမီ Chittagong Hill Tracts မှာ နေထိုင်သည့် ရခိုင်မျိုးနွယ်စုမှာ (ရခိုင် မာရမာကြီး ခမီး ခမာ သက်စသည့် ဗုဒ္ဓဘာသာဝင်များ) အရေအတွက်အားဖြင့် သုံးသန်းနီးပါးရှိခဲ့သည်။

၁၉၇၁ မှာ အရှေ့ပါကိစ္စတန်ကို ပါကိစ္စတန်ကနေ ခွဲထွက်စေပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံထူထောင်ရန် ဘင်္ဂလီများ တိုက်ပွဲဝင်ခဲ့ရာ ဗုဒ္ဓဘာသာကိုးကွယ်သည့် ဘင်္ဂလီ(ရခိုင်မျိုးနွယ်စု) နှစ်သန်းနီးပါး မြန်မာပြည်ထဲ ဝင်လာခဲ့တယ်။ ဗမာအစိုးရကလည်း သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံပြီး နေရာချပေးခဲ့သည်။ ဗိုလ်မှူးသာကျော် ဗိုလ်မှူးကျော်မောင် ဒေါက်တာအေးချမ်း ဒေါက်တာအေးကျော် ဒေါက်တာ အေးမောင် စသည့် ပုဂ္ဂိုလ်များသည် ဘင်္ဂလားဒေ့ချ်မှ ဝင်လာခဲ့ကြသူများဖြစ်သည်။

ဘင်္ဂလားဒေ့ချ်ကနေ ဝင်လာကြသည့် ဗုဒ္ဓဘာသာဝင်များကို အစိုးရက ရွာသစ်များ၌ နေရာချပေးခဲ့သည်။ ဒေသခံရခိုင်များက သူတို့ကို အဝကျွန်းသားများဟု ခေါ်ကြသည်။ အဝကျွန်းသားများ၏ ဘုန်းကြီးကျောင်းများလည်း ဒေသခံများ၏ ဘုန်းကြီးကျောင်းများနှင့် မရောနှောဘဲ တစ်သီးတစ်ခြားစီရှိကြသည်။

အဝကျွန်းသားများသည် ပါကိစ္စတန်၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသူများဖြစ်၍ သူတို့ဝင်လာချိန်တွင် သူတို့နှင့်အတူ မွတ်စလင်မုန်းတီးရေးနှင့် အစ္စလာမ်ဆန့်ကျင်ရေးကိုပါ တပါတည်း ယူဆောင်လာခဲ့ကြသည်။ သို့ဖြစ်ပါ၍ မွတ်စလင်များကို နှိပ်ကွပ်နိုင်ရန် လဝက ဝန်ထမ်းအဖြစ်ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့်လည်းကောင်း မွတ်စလင်ဆန့်ကျင်ရေး လုပ်နိုင်ရန် သံဃာဖြစ်ခြင်းဖြင့်လည်းကောင်း ရိုဟင်ဂျာ ချေမုန်းရေးကို လုပ်ဆောင်လာခဲ့ကြသည်။

ယနေ့ လဝက ဝန်းထမ်းနှင့် သံဃာတော် အရေအတွက်တို့၏ ၆၀ ရာခိုင်နှုံးမှာ ရခိုင်ဖြစ်နေခြင်း ၉၆၉ မဘသ ရက္ခိတ စသည့် အကြမ်းဖက်အုပ်စုများတွင်လည်း ၇၀ ရာခိုင်နှုံးမှာ ရခိုင်ဖြစ်နေခြင်းတို့သည် နိုင်ငံတော်အစိုးရက အနောက်တံခါးမှ ခေါ်သွင်းခဲ့သည့် ရခိုင်တို့၏ ရိုဟင်ဂျာ ချေမုန်းရေးစီမံကိန်းပင်ဖြစ်သည်။

အနောက်တံခါးမှ ခေါ်သွင်းသည့် ရခိုင်အကြောင်းကို DVB က တစ်ကြိမ်သာ ဖော်ခဲ့ရာ စစ်အာဏာရှင်များ၏ သတိပေးတားမြစ်ခြင်းကို ခံခဲ့ရသည်။ အနောက်တံခါးမှ ခေါ်သွင်းခဲ့သည့် ရခိုင်မျိုးနွယ်စု အရေအတွက်မှာ နှစ်သန်းနီးပါးရှိ၍ ရခိုင်နှင့် စစ်အာဏာရှင်များက ရိုဟင်ဂျာအားလုံးကို မောင်းထုတ်လိုကြသည်။ ထိုသို့မောင်းထုတ်နိုင်ရန်အတွက် ရိုဟင်ဂျာများကို ညှင်းပန်းနှိပ်စက်ခြင်း အစိုးရဝန်ထမ်းခြင်းမှ ဖယ်ရှားရှင်းလင်းခြင်းများကို ၁၉၆၅ မှစ၍ လုပ်ဆောင်လာခဲ့သည်။

၁၉၉၀ မှ စ၍ ကျောင်းတက်ခွင့် ဆေးကုသခွင့် တနေရာမှတနေရာသို့ သွားလာခွင့် ပိတ်ပင်နိုင်ရန် သူတို့လက်ဝယ်ရှိ NRC မှတ်ပုံတင်ကဒ်များကို သိမ်းယူခဲ့သည်။ NRC အစား စိစစ်ရေးကဒ် ပေးရမည်ဖြစ်သော်လည်း ဂျီနိုဆိုဒ်စီမံကိန်းဖြင့် ဝှိုက်ကဒ်များသာ ထုတ်ပေးခဲ့သည်။ နောက်ပိုင်းတွင်မူ မွေးစာရင်ထုတ်ပေးခြင်းကိုပါ ရပ်ဆိုင်းခဲ့သည်။

ရိုဟင်ဂျာများမှာ နိုင်ငံသားများဖြစ်သည့်အတွက် ၂၀၁၀ အထိ မဲပေးခွင့် လွှတ်တော်ကိုယ်စားအဖြစ် အရွေးခံပိုင်ခွင့် ရှိခဲ့သည်။ ၂၀၁၂ တွင် ဦးသိန်းစိန်အစိုးရက အဝကျွန်းသားရခိုင်များကို အသုံးချပြီး လူမျိုးရေးဘာသာရေး ပဋိပက္ခအသွင်ဖြင့် ရိုဟင်ဂျာအားလုံးကို အဆုံးစီရင်ရန် ကြံစည်ခဲ့သည်။ ထိုအစီစဉ်မအောင်မြင်သဖြင့် ဦးသိန်စိန်ကိုယ်တိုင် ရိုဟင်ဂျာအားလုံးသည် ဘင်္ဂလားဒေ့ချ်မှ ဝင်လာသည့် ဘင်္ဂလီများဖြစ်၍ တတိယကမ္ဘာတစ်ခုမှာ နေရာချပေးရန် ကုလသမ္မကို တောင်းဆိုခဲ့သည်။

ထိုအစီစဉ်လည်း မအောင်မြင်ခဲ့ရာ ၂၀၁၆-၂၀၁၇ တွင် တုတ်ဓါးကိုင်ဆောင်သော ARSA ကို အကြောင်းပြပြီး ရိုဟင်ဂျာအမျိုးသမီးများကို စိတ်ကြိုက် မုဒိန်းကျင့်ရန် နှင့် ကလေးပါမကျန် သုတ်သင်ရန် မင်းအောင်လှိုင်ကိုယ်တိုင် ရခိုင်ပြည်နယ်သို့ ကွင်းဆင်း၍ ညွှန်ကြားခဲ့သည်။ အကျိုးဆက်အဖြစ် ရိုဟင်ဂျာ တစ်သန်းနီးပါး ဘင်္ဂလားဒေ့ချ် ဘက် အသက်လုထွက်ပြေးခဲ့ရသည်။ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် စိတ်ကြိုက်သတ်ဖြတ်ခြင်းသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်ဖြစ်၍ ၎င်းကို ဖော်ထုတ်ရန် ကြိုးစားခဲ့သော ရိုက်တာသတင်းထောက်နှစ်ဦး ယနေ့တိုင် အကျဉ်းချခံနေရဆဲ ဖြစ်သည်။


ဘင်္ဂလားဒေ့ရှ်မှ ရခိုင်လူမျိုးအပါအဝင် ဗုဒ္ဓဘာသာဝင်များအား ခေါ်သွင်းလာခြင်းရဲ့ သက်သေခံ Video သတင်း

Related posts

ဂျီနိုဆိုဒ်တရားခံ မြန်မာစစ်ခေါင်းဆောင်များနှင့်တရုတ်သမ္မတကို ရုရှားက အားပေးအားမြှောက်လုပ်ခြင်း

စစ်တွေ နာဇီအကျဥ်းစခန်းမှ ဒေါက်တာဆာဆာထံသို့ အိပ်ဖွင့်ပေးစာ

နိုင်ငံတော်အချုပ်ခြာကို ကာကွယ်ရန် ပျက်ကွက်နေသူများ