နိုင်ငံတော်အချုပ်ခြာကို ကာကွယ်ရန် ပျက်ကွက်နေသူများ

ဓါတ်ပုံ - Phyo Min Thein ဖေစ်ဘုခ်

အစိုးရအပါအဝင် မြန်မာမီဒီယာအများစုက ဘင်္ဂလီမျာ းခိုးဝင်နေကြောင်း ရေးသားနေသည်မှာ ၁၉၉၀မှ ယနေ့အထိဖြစ်သည်။ ယနေ့(၈.၂.၂၀၁၉) ပြည်မြန်မာက “တရားမဝင် ခိုးဝင်ဘင်္ဂါလီများ မဝင်ရောက်စေရန် လုံခြုံရေးဆောင်ရွက်မည်” ခေါင်းစဉ်တပ်ပြီး “ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အဝေးပြေးကားဂိတ်များ၊ လေဆိပ်၊ ရေဆိပ်များတွင် လုံခြုံရေး ကျိုးပေါက်မှုမရှိစေရန်နှင့် တရားမဝင် ခိုးဝင်ဘင်္ဂါလီများ ဝင်ရောက်မှု မရှိစေရန် ယနေ့ ညနေ ၅နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများဆွေးနွေးခဲ့ကြောင်း” ရေးသားသည်။

တရားမဝင် ခိုးဝင်ဘင်္ဂလီများ မြန်မာနိုင်ငံအတွင်းသို့ ကုန်းလေရေ စသည့် ရှိသမျှလမ်းကြောင်းမှ ဝင်လာနေခြင်းသည် နိုင်ငံတော်၏ ကာကွယ်ရေးကို တာဝန်ယူထားသော တပ်မတော်ဆိုသူများ လူဝင်မှုကြီးကြပ်ရေးကို တာဝန်ယူထားသူများ နှင့် နိုင်ငံ့ခေါင်းဆောင်ဆိုသူများက “နိုင်ငံတော်အချုပ်အခြာကို ကာကွယ်ရန် ပျက်ကွက်နေကြောင်း ထင်ရှားစေသည်။

အကယ်၍ တရားမဝင် ခိုးဝင်ဘင်္ဂလီများ နေ့စဉ်နှင့်အမျှ ဝင်လာနေခြင်းမှာ မှန်ကန်လျှင် ဦးစွာ နိုင်ငံ့ခေါင်းဆောင်ဆိုသူများ နှင့် မြန်မာ့တပ်မတော်ကို အရေးယူရမည်။ ဒုတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ချ် သံအမတ်ကို ဆင့်ခေါ်ပြီး သတိပေးရမည်။ တတိယအဆင့်အဖြစ် အဆိုပါ ခိုးဝင်လာသူများကို နိုင်ငံတကာသံအဖွဲ့အား ပြသ၍ ဘင်္ဂလားဒေ့ချ်နိုင်ငံကို အရေးယူနိုင်အောင် လုပ်ရမည်။

သို့သော် မြန်မာခေါင်းဆောင်ဆိုသူများနှင့် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များက အထက်ပါအတိုင်း လုပ်ဆောင်လိုသည့် ဆန္ဒမရှိပေ။ အဘယ်ကြောင့်နည်း။ တဘက်တွင် ဘင်္ဂလားဒေ့ချ်ကလည်း ၁၉၇၈ မှ ယနေ့အထိ မြန်မာနိုင်ငံသား ရိုဟင်ဂျာလူမျိုးများ ပြည်တွင်းမှာ မနေနိုင်အောင် နှိပ်ကွပ်ခံရပြီး သူတို့နိုင်ငံထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်နေသည်ဟု စွပ်စွဲသည်။ ၂၀၁၇ တစ်နှစ်တည်းမှာပင် မြန်မာက ရက်စက်ကြမ်းကြုတ်စွာ မောင်းထုတ်၍ ဘင်္ဂလားဒေ့ချ်တွင် ဒုက္ခသည်အဖြစ်လက်ခံထားရသည့် ရိုဟင်ဂျာ ခုနှစ်သိန်းရှိသည်ဟု ဘင်္ဂလီအစိုးရက ကမ္ဘာသိ ဖော်ပြသည်။ မြန်မာအစိုးရကလည်း အဆိုပါဒုက္ခသည်အားလုံး ပြန်လည်လက်ခံနိုင်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေကြသည်။

ဘင်္ဂလားဒေ့ချ်မှ မြန်မာပြည်ထဲသို့ အလွယ်တကူ ခိုးဝင်လာနိုင်ရန် ကုန်းလေရေ အားလုံးကို ဖွင့်ပေးထားခြင်း ခိုးဝင်လာသူများနှင့် စပ်လျဉ်း၍ ဘင်္ဂလားဒေ့ချ်အစိုးရအား တရားဝင် သတိမပေးခြင်း စသည့် လုပ်ရပ်များသည် နိုင်ငံတော်အချုပ်အခြာကို ကာကွယ်ရန် ပျက်ကွက်နေသူများ၏ လုပ်ရပ်ပင်ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်ခေါင်းဆောင်များအား ရိုဟင်ဂျာဂျီနိုဆိုဒ်အမှုဖြင့် ICC တင်ရန် ပြင်ဆင်နေသည်ကို “တရားမဝင် ခိုးဝင်ဘင်္ဂလီ” တည်းဟူသော ဝါဒဖြန့်မှုဖြင့် ကာကွယ်နိုင်မည် ထင်နေပါသလား။ သို့တည်းမဟုတ် မြန်မာမီဒီယာသမားများ မြန်မာစာ မတတ်သည့်အတွက် ရခိုင်ပြည်နယ်၌ နာဇီအကျဉ်းစခန်းပမာ ပိတ်လှောင်ထားခံရသူများ လုံခြုံရေးပွဲစားအကူအညီဖြင့် ပြည်မသို့ ဝင်ရောက်လာခြင်းကို “တရားမဝင်ခိုးဝင်ဘင်္ဂလီ” ဟု ခေါ်နေသလား။ ဘင်္ဂလားဒေ့ချ်ရောက် ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန် မြန်မာအစိုးရက ဆန္ဒပြင်းပြနေခြင်းသည် ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ရိုဟင်ဂျာအားလုံး မြန်မာနိုင်ငံသားဖြစ်ကြောင်း ဝန်ခံနေခြင်းပင်ဖြစ်သည်။

Related posts

ဂျီနိုဆိုဒ်တရားခံ မြန်မာစစ်ခေါင်းဆောင်များနှင့်တရုတ်သမ္မတကို ရုရှားက အားပေးအားမြှောက်လုပ်ခြင်း

စစ်တွေ နာဇီအကျဥ်းစခန်းမှ ဒေါက်တာဆာဆာထံသို့ အိပ်ဖွင့်ပေးစာ

အနောက်တံခါးမှ လွတ်လပ်စွာ ဝင်ခွင့်ရသူများနှင့် အတင်းအဓမ္မ မောင်းထုတ်ခံရသူများ