(Video) ဘင်္ဂလားဒေ့ခ်ျမှာ ဖိနှိပ်ခံရတယ်လို့ အကြောင်းပြပြီး အမေရိကန်မှာ ခိုလှုံခွင့် ရခဲ့ကြတဲ့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ဘင်္ဂလီရခိုင်တွေကို ၂၀၁၂ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ရေးစီမံကိန်းကို စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းပြီး ဝါဒဖြန့် လှုံ့ဆော်နေစဉ်
(Unicode Version)
ပြည်သူတွေရဲ့ ဘဝလုံခြုံမှုကို အန္တရာယ်ပြုနေတဲ့ အခြေခံဥပဒေနဲ့ အဝကျွန်းသားရခိုင်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူတွေရဲ့ ဘဝလုံခြုံမှုအတွက် ဘယ်လို အန္တရာယ်ရှိတယ်ဆိုတာ ပြည်သူတွေ နားလည်လာအောင် နေ့မနား ညမအိပ်ပဲ စေတနာသန့်သန့်နဲ့ ရှင်းပြခဲ့တဲ့ ဥပဒေပညာရှင်ကြီး ဦးကိုနီကို အဲဒီခြေ/ဥ ရေးဆွဲစေသူတွေက ရက်ရက်စက်စက် အဆုံးစီရင်ခဲ့ပြီ။ဒါပေမဲ့ ဦးကိုနီရဲ့ အသံကိုတော့ ပြည်သူ့ရန်သူဖြစ်တဲ့ လူတစ်စုက တိတ်ဆိတ်သွားအောင်လုပ်နိုင်မှာမဟုတ်။ ပြည်သူတွေ အဲဒီခြေ/ဥ အန္တရာယ်ကနေ မလွတ်မြောက်မချင်း ဦးကိုနီရဲ့ အသံက လှုံ့ဆော်နေပါလိမ့်မယ်။
ဦးကိုနီက ပြည်သူတွေ အဲဒီဥပဒေကို နားလည်လာအောင် သာမန်လူဗြိန်းတစ်ဦးတောင် နားလည်နိုင်တဲ့ ပုံစံမျိုးနဲ့ ရှင်းပြခဲ့တယ်။ ၁၉၆၀ ကတည်းက ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေအရေး ပြည်သူ့အခွင့်အရေး တရားဥပဒေစိုးမိုးရေး နိုင်ငံသူနိုင်ငံသားအားလုံး အခွင့်အရေး တန်းတူညီမျှရရှိရေး နဲ့ တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက်လဲ မိမိရဲ့အသက်ကိုပါ ပဓါန မထားပဲ နစ်မြုပ်ခဲ့သူ တစ်ဦးဖြစ်တယ်။
ဦးကိုနီရဲ့ အနစ်နာခံမှုနဲ့ သွေးတစ်စက်စီချင်းစီကို အသိအမှတ်ပြုဖို့ ပြည်သူအားလုံးမှာ တာဝန်ရှိတယ်။ ဦးကိုနီရဲ့ စေတနာက ပြည်သူတွေကို ခြေ/ဥရဲ့ အန္တရာယ်ဆိုးမှ ကယ်တင်ရေးပဲဖြစ်တယ်။ ဒါကို သလွှဏ်လေးပို့ အရေးကြီးအဆိုလေးတင်ရုံနဲ့ ဖြေသိပ်လို့ရမှာမဟုတ်။ လုပ်ထုံးလုပ်နည်းမညီ ပြည်သူ့ဆန္ဒလဲ မပါတဲ့ ခြေ/ဥ က အခြေမခိုင်ပဲ ယိုင်နေတဲ့အိမ်နဲ့အလား သဏ္ဌန်တူတယ်။ လှပသာယာတဲ့ အိမ်တစ်လုံးဆောက်လိုတဲ့ ပုဂ္ဂိုလ်တစ်ဦးက အင်ဂျီနီယာတစ်ဦးကို လိုက်ရှာနေတဲ့အချိန်မှာ လက်သမားတစ်ဦးက သူပိုင်တဲ့ပစ္စည်းတွေနဲ့ အဲဒီလူရဲ့ ခွင့်ပြုချက်မရှိပဲ အခြေလဲမခိုင် အနောက်ဘက်ခြမ်း လဲယိုင်နေတဲ့ အိမ်တစ်လုံးဆောက်ပေးတယ်။
အိမ်ဆောက်ပေးတဲ့ဆိုပြီး အခကြေးငွေ အဆမတန်ယူခဲ့တယ်။ ပြီးတော့ အဲဒီအိမ်ကို ပျက်ခွင့် ပြင်ဆင်ခွင့် မရှိကြောင်း အိမ်ထဲမှာနေထိုင်သူတွေရဲ့ ဘဝလုံခြုံမှုအတွက် ပြန်လည်ပြုပြင်လိုသူကိုပါ အသေသတ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပြီး အဲဒီလို မပြုပြင်နိုင်အောင်လဲ လုံခြုံရေးတင်းကြပ်ထားရင် အဲဒီပုဂ္ဂိုလ် ဘယ်လိုခံစားရမလဲ။
၁၉၈၈ မှာ ပြည်သူအားလုံးက “ဒီမိုကရေစီဒီဇိုင်းနဲ့ “ဒီမိုကရေစီနိုင်ငံ” ဆောက်လိုလို့ ဒီမိုကရေစီခေါင်းဆောင်ကို ရှာဖွေနေတဲ့အချိန်မှာ စစ်တပ်က သူတို့အလိုကျခြေ/ဥ ရေးဆွဲစေပြီး ပြည်သူပိုင်တဲ့ နိုင်ငံကို ဖက်ဆစ်ဒီဇိုင်းနဲ့ ဆောက်ပြီး အပိုင်စီးရုံမက ပြည်သူအားလုံးကိုလဲ ဘဝလုံခြုံမှုမရှိတဲ့ အကျဉ်းထောင်ထဲ တည့်ထားတယ်။ ဦးကိုနီက အဲဒီ ဖက်ဆစ်ဒီဇိုင်းကို ဥပဒေဒေါက်ကလေးထောက်ပြီး ပြည်သူတွေရဲ့ အသက်ကယ်ဖို့ ကြိုးစားလို့ လုပ်ကြံခံလိုက်ရတယ်။ ခုတော့ ဒေါက်ထောက်မဲ့မရှိတော့ ပြည်သူတွေပဲ ထွက်ပြင်ရတော့မယ်။
ခြေ/ဥ ပြင်ဖို့ အရေးကြီးတင်တော့ လုပ်ထုံးလုပ်နည်းနဲ့ မညီလို့တဲ့။ စစ်အာဏာရှင်အလိုကျ ရေးဆွဲထားလို့ စစ်အာဏာရှင်သာ ပြင်ခွင့်ရှိတယ်။ ပြင်လဲ တခဏပဲ ပြန်ဖြိုမယ်။ ပြည်သူ့တွေရဲ့ ဘဝလုံခြုံမှုကိုလဲ အန္တရာယ်ပြုနေတဲ့အတွက် အဟောင်းကို ဖြိုဖျက်ပြီး “ဒီမိုကရေစီအုတ်မြစ်”နဲ့ အသစ်ဆောက်မှဖြစ်မယ်။
ပြည်သူတွေရဲ့ဘဝလုခြုံမှုကို ဒုတိယအန္တရာယ်အပေးဆုံးက အဝကျွန်းသားရခိုင်တွေပဲ ဖြစ်တယ်။ ၁၈ ရာစုမှာ ဗမာက အရ်ကန်ပြည်ကို သိမ်းပိုက်တော့ အရ်ကန်ပြည်သူများစွာ အိန္ဒိယနယ်(ယခု ဘင်္ဂလားဒေ့ချ်)ထဲ ထွက်ပြေးခဲ့ရတယ်။ မြန်မာနိုင်ငံလွတ်လပ်မရမီ Chittagong Hill Tracts မှာ နေထိုင်တဲ့ ရခိုင်မျိုးနွယ်စုမှာ (ရခိုင် မာရမာကြီး ခမီး ခမာ သက်စတဲ့ ဗုဒ္ဓဘာသာဝင်တွေ) အရေအတွက်အားဖြင့် သုံးသန်းနီးပါးရှိခဲ့တယ်။ ၁၉၇၁ မှာ အရှေ့ပါကိစ္စတန်ကို ပါကိစ္စတန်ကနေ ခွဲထွက်စေပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံထူထောင်ဖို့ ဘင်္ဂလီတွေ တိုက်ပွဲဝင်တော့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဘင်္ဂလီ(ရခိုင်မျိုးနွယ်စု) နှစ်သန်းနီးပါး မြန်မာပြည်ထဲ ဝင်လာခဲ့တယ်။
ဗမာအစိုးရကလဲ သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံပြီး နေရာချပေးခဲ့တယ်။ ဗိုလ်မှူးသာကျော် ဗိုလ်မှူးကျော်မောင် ဒေါက်တာအေးချမ်း ဒေါက်တာအေးကျော် ဒေါက်တာ အေးမောင် စတဲ့သူတွေက ဘင်္ဂလားပြေးတွေ ဖြစ်ကြတယ်။ ဘင်္ဂလားဒေ့ချ်ကနေ ဝင်လာကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အစိုးရက ရွာသစ်တွေမှာ နေရာချပေးခဲ့တယ်။ ဒေသခံရခိုင်တွေက သူတို့ကို အဝကျွန်းသားလို့ ခေါ်ကြတယ်။ အဝကျွန်းသားတွေရဲ့ ဘုန်းကြီးကျောင်းတွေလဲ ဒေသခံတွေနဲ့ တစ်သီးတစ်ခြားစီရှိကြတယ်။
အဝကျွန်းသားတွေ ပါကိစ္စတန်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရတော့ သူတို့ဝင်လာတဲ့အချိန် သူတို့နဲ့ အတူ မွတ်စလင်မုန်းတီးရေးနဲ့ အစ္စလာမ်ဆန့်ကျင်ရေးကိုပါ အတူ ယူဆောင်လာခဲ့တယ်။ အဲဒီတော့ မွတ်စလင်တွေကို နှိပ်ကွပ်နိုင်တဲ့ လဝကနဲ့ မွတ်စလင်ဆန့်ကျင်ရေး လုပ်လို့ကောင်းတဲ့ သင်္ဃန်းဝတ်မှာ ဝင်ခဲ့ကြတာ များတယ်။ ဒီကနေ့ လဝက ဝန်းထမ်း နဲ့ သံဃာတော် အရေအတွက်ရဲ့ ၆၀ ရာခိုင်နှုံးက ရခိုင်ဖြစ်နေတာ တွေ့ရလိမ့်မယ်။ ၉၆၉ မဘသ ရက္ခိတ စတဲ့ အကြမ်းဖက်အုပ်စုတွေမှာလဲ ၇၀ ရာခိုင်နှုံးက ရခိုင်တွေဖြစ်တယ်။
၂၀၁၂ မှာ ရိုဟင်ဂျာတွေကို ခိုးဝင်ဘင်္ဂလီ တံဆိပ်ထုပြီး အမြစ်ဖြတ်ချေမှုန်းရေးကို ထိပ်ဆုံးမှ ဦးဆောင်သူတွေအားလုံးမှာ အဝကျွန်းသားတွေပဲဖြစ်တယ်။ ဒေါက်တာအေးမောင်က အစ္စရေးလို လုပ်မယ်ပြော။ မွတ်စလင်တွေ နှိပ်ကွပ်လို့ အရှေ့ပါကိစ္စတန်(ဘင်္ဂလားဒေ့ချ်) ကနေ ထွက်ပြေးလာရတယ်ပြောပြီး အမေရိကန်မှာ ခိုလှုံခွင့် ရခဲ့ကြတဲ့ အဝကျွန်းသားတွေ နဲ့ တခြားနိုင်ငံတွေမှာနေတဲ့ ဒေါက်တာအေးချမ်းအပါအဝင် အဝကျွန်းသားတွေအားလုံးက စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး ရိုဟင်ဂျာအားလုံး မျိုးပြုတ်သတ်နိုင်တဲ့ စီမံကိန်းတွေ ချမှတ်ခဲ့ကြတယ်။
လူမျိုးရေးဘာသာရေး မုန်းတီးမှုတိုင်းနဲ့ ပဋိပက္ခတိုင်းမှာ အဝကျွန်းသားတွေကို တွေ့ရမယ်။ ရိုဟင်ဂျာတွေကို ဂျီနိုဆိုဒ်လုပ်ဖို့ စစ်အာဏာရှင်တွေအား ဖျောင်းဖျသူတွေလဲ အဝကျွန်းသားတွေ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တာလဲ အဝကျွန်းသားတွေပဲဖြစ်တယ်။ ရက္ခိုင့်တပ်မတော်(AA) က “အဖရက္ခိုင်နိုင်ငံ” ထူထောင်လိုတဲ့အတွက် တိုက်ပွဲနေတယ်။ တုတ်ဓါးကိုင်ဆောင်ပြီး နယ်ခြားစောင့် စခန်းတွေကို တိုက်ခဲ့တဲ့ ARSA က သူတို့ရဲ့အခွင့်အရေးအတွက်သာ တိုက်ပွဲဝင်တယ် သီးခြားနိုင်ငံထူထောင်လိုတဲ့ ဆန္ဒမရှိဘူးလို့ လူသိရှင်ကြားထုတ်ဖော်ခဲ့တယ်။
NLD ကို ခါးခါးသီးသီး မုန်းတီးသူတွေလဲ အဝကျွန်းသားတွေပဲဖြစ်တယ်။ ဒေါက်တာအေးမောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့စကားတွေကို သုံးသပ်ကြည့်ပါ။ အဝကျွန်းသားတွေက နေရာတိုင်းမှာ ပြည်သူတွေရဲ့ ဘဝလုံခြုံမှုကို ခြိမ်းခြောက်နေတာတွေ့ရတယ်။ ဒေါက်တာအေးမောင်အပါဝင် အဝကျွန်းသားတွေဟာ ၂၀၀၈ အခြေခံဥပဒေလို ပြည်သူတွေရဲ့ဘဝလုံခြုံရေးကို ဘာကြောင့် ခြိမ်းခြောက်ရသလဲ။
၂၀၀၈ ခြေ/ဥ က လူတစ်စုရဲ့ကိုယ်ကျိုးစီးပွားအတွက်ဖြစ်သလို ဒေါက်တာအေးမောင်အပါဝင် အဝကျွန်းသားတစ်စုလဲ ခရိုနီတွေဖြစ်တယ်။ ဘိန်းရာဇာတွေဖြစ်တယ်။ သူတို့ လူတစ်စုကောင်းရေးအတွက် ရခိုင်သေသေ ငတေမာရင်ပြီးရော လုပ်နေတဲ့လူတွေ ဖြစ်တယ်။ ဟစ်တလာရဲ့ လူမျိုးကြီးဝါဒကို ပုံတူကျင့်သုံးလိုတဲ့ ရခိုင်တွေက နာဇီလို အဖနိုင်ငံပဲခေါ်တယ်။ ဒီတော့ အဝကျွန်းသားတွေလဲ ခြေ/ဥ လိုဘဲ ပြည်သူတွေရဲ့ ဘဝလုံခြုံမှုကို အန္တရာယ်ပြုနေကြောင်း ရေးသားလိုက်ရပါတယ်။
(Video) ဘင်္ဂလားဒေ့ချ်မှာ ဖိနှိပ်ခံရတယ်လို့ အကြောင်းပြပြီး အမေရိကန်မှာ ခိုလှုံခွင့် ရခဲ့ကြတဲ့ ဘင်္ဂလာဒေ့ချ်နိုင်ငံသား ဘင်္ဂလီရခိုင်တွေကို ၂၀၁၂ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ရေးစီမံကိန်းကို စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းပြီး ဝါဒဖြန့် လှုံ့ဆော်နေစဉ်