ရိုဟင်ဂျာတို့၏ မူဝါဒသဘောထား

Thousands of Rohingya who have been in the ghettos since 1990s were very eager to see the UNSC delegation while they visited to Arakan State.

ရိုဟင်ဂျာတွေရဲ့ မူဝါဒ သဘောထားမှာ “မေတ္တာ၊ မျှော်လင့်ချက်နဲ့ ကြောက်စိတ်” ပဲဖြစ်တယ်။ ရိုဟင်ဂျာတို့ဟာ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင် မြန်မာအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှု ညှင်းပန်းနှိပ်စက်မှု ရက်စက် ကြမ်းကြုတ်မှုတွေကို ခံခဲ့ရပေမဲ့ “ချီးမွှမ်းထောပနာပြုမှုအပေါင်းအားလုံးဟာ အရှင်မြတ်အတွက်သာ ဖြစ်တယ်။ (Al Hamdu Lillah)” ဆိုပြီး မေတ္တာတရားကို ရှေ့တန်းတင်လေ့ရှိတာ တွေ့ရတယ်။ ရန်သူလို ဆက်ဆံတဲ့ ရခိုင်အဝကျွန်းသားတွေအပေါ်မှာလဲ မေတ္တာထားတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ငါတို့ရဲ့ ညီအစ်ကိုတွေနဲ့ သမိုင်းအစဉ်အလာအတိုင်းပဲ အတူယှဉ်တွဲနေထိုင်မယ်လို့ ပြောကြတယ်။ အစွန်းရောက်ရခိုင်တွေကသာ အတူယှဉ်တွဲခြင်းကို လက်မခံတာ ဖြစ်တယ်။

ရိုဟင်ဂျာတွေကို ၁၉၉၀မှစပြီး လူမျိုးတုံးသတ်ဖြတ်ရေး ပေါ်လစီတွေ ချမှတ်ကာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ် လုယက် မောင်းထုတ်ပေမဲ့ ရိုဟင်ဂျာတွေကတော့ မျှော်လင့်ချက် မကင်းကြပါဘူး။ အရှင်မြတ်က အလွန်တရာ သနားကြင်နာတော်မူတဲ့ အရှင်ဖြစ်တယ်။ Arrah-Ma-Nirrahi ကိုတမ်းတပြီး တစ်နေ့ ပန်းတိုင်ကို ရောက်လိမ့်မယ်။ မိမိတို့ရဲ့ မွေးရာပါ အခွင့်အရေးတွေ ရလိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။

တစ်ချိန်တည်းမှာပဲ အဲဒီမျှော်လင့်ချက်တွေကို အကောင်အထည်ဖော်တဲ့အနေနဲ့ ရုန်းကန်ကြိုးစားကြတယ်။ မိမိတို့မှာ ခေါင်းဆောင်ကောင်းတစ်ဦးမရှိပေမဲ့လဲ ကိုယ့်အသိစိတ်နဲ့ အခြေအနေတိုင်း ရောက်တဲ့နေရာတိုင်းမှာ ကိုယ်စွမ်းသလောက် အရှင်မြတ်ရဲ့ ကျေနပ်မှုကို ရယူဖို့အလို့ ငှာ အဖိနှိပ်ခံ ဘဝကနေ လွတ်မြောက်ရေးအတွက် ရုန်းကန်ကြတယ်။ အရှင်မြတ်ရဲ့ ပြစ်ဒဏ်ကို ကြောက်ပြီး မကောင်းမှု ဒုစရိုက်တွေကို ရှောင်ကြဉ်သလို မြန်မာငလိမ်အစိုးရရဲ့ လိမ်လည်လှည့်စားမှုတွေကိုလဲ သတိရှိရှိ ရှောင်ကြဉ်ဖို့ ကြိုးစားနေကြတယ်။

ရိုဟင်ဂျာတို့မှာ တစ်မူထူးခြားတဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာ ယဉ်ကျေးမှုတွေရှိပြီး အဲဒီယဉ်ကျေးမှုအမွေ အနှစ်တွေက လူတိုင်းအတွက် စံနမူနာသဖွယ် ဖြစ်တယ်။ ဥပမာ ရိုဟင်ဂျာစကားမှာ ဂိုင်ရသ်ရှိတယ်လို့ ပြောတယ်။ အဲ့ဒီစကားလုံးနဲ့ ဆင်တူတဲ့ မြန်မာစကားလုံးမရှိပေမဲ့ “ဘယ်သူ့ကိုမှ မမှီခိုဘဲ ကိုယ့်ဖာကိုယ် ရုန်းကန်ခြင်း၊ သူတစ်ပါး အောက်ကျမခံခြင်း” လို့ အဓိပ္ပါယ်ရနိုင်တယ်။ ခေတ်အဆက်ဆက်မှာ ရိုဟင်ဂျာတွေက ရယူခြင်းထက် ပေးကမ်းခြင်းကို ဦးစားပေးခဲ့တယ်။ စားဖို့မရှိလဲ ဆွဒ်ကာ ဟိုင်ရာသ်ယူရမှာကို ရှက်ကြတယ်။ ဆင်းရဲမွဲ တေပေမဲ့လဲ သူတစ်ပါးကို ပေးကမ်းကူညီဖို့ ကြိုးစားကြတယ်။ ရိုဟင်ဂျာစကားပုံတွေကလဲ သူတို့ရဲ့ မေတ္တာ တရားကို ပေါ်လွင်စေတယ်။

မြန်မာနိုင်ငံမှာ ပထမဦးဆုံး လက်နက်ချခဲ့တဲ့ အစိုးရခေါ် သူပုန်လဲ ရိုဟင်ဂျာတွေ သာ ဖြစ်တယ်။ ဘင်္ဂလီအမျိုးသားရေး ဝါဒီတွေက မြန်မာစစ်အာဏာရှင်တွေလို ရိုဟင်ဂျာတွေကို ညှင်းပန်းနှိပ်စက်ပြီး ဘင်္ဂါလီအခေါ်ခံဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မြန်မာအပေါ် သစ္စာရှိတဲ့ ရိုဟင်ဂျာတွေက ဘင်္ဂါလီမခံယူဘဲ ရိုဟင်ဂျာအဖြစ်သာ ဆက်လက်ရပ်တည်ခဲ့တယ်။

၁၉၉၀မှစပြီး ရိုဟင်ဂျာတွေရဲ့ ပညာရေး၊ စီးပွားရေး အခွင့်အရေးနဲ့ ခရီးသွားလာခွင့်ကို မြန်မာအစိုးရက ပိတ်ပင်တားဆီးပြီး ပညာမဲ့ လူရိုင်း လူမိုက်တွေ ဖြစ်ပါစေ၊ မြန်မာစာမတတ်တဲ့ ဘင်္ဂါလီတွေ ဖြစ်လာပါစေလို့ စနစ်တကျ ရည်ရွယ်ဆောင်ရွက်လာခဲ့တယ်။

ကျောင်းတက်ခွင့်မရှိတဲ့ ရိုဟင်ဂျာတွေက မိမိတို့ရဲ့ မျက်စိရှေ့မှာ မြင်ရတဲ့ သစ်ပင်တွေ၊ ကျွဲ နွားတိရစ္ဆာန်တွေ၊ ငှက်တွေ၊ ပိုးမွှားတွေကို ကြည့်ပြီး အရှင်မြတ်ရဲ့ဖန်ဆင်းမှုလောက ကနေ တစ်မူထူးခြားတဲ့ သင်ခန်းစာတွေကို ရယူကြတယ်။ အဲဒီသင်ခန်းစာတွေက သူတို့ကို အရှင်မြတ်တစ်ပါး တည်းကိုသာ ကိုးကွယ်ပြီး အမှန်တရားအတွက် ကြံ့ကြံ့ခံ ရပ်တည်နိုင်ရန် လှုံ့ဆော်နေတယ်။ ဒီတော့ ငလိမ် အစိုးရထင်သလို သူတို့သမိုင်းကို ဖျောက်ဖျက်နိုင်မှာ မဟုတ်။ အာဏာနဲ့ ကိုယ်ကျိုးအတွက် ပညာတတ် ဗုဒ္ဓဘာ သာအများစုကို လိမ်လည်လှည့်စားနိုင်ပေမဲ့ ပညာသင်ခွင့်မရခဲ့တဲ့ ရိုဟင်ဂျာတွေကိုတော့လိမ်နိုင်မှာ မဟုတ်ဘူး။

ရိုဟင်ဂျာတွေရဲ့ မူဝါဒ သဘောထားက အခြေအနေတိုင်းမှာ တစ်သမတ်တည်းရှိနေတာ တွေ့ရတယ်။ မြန်မာစစ်တပ်က မုဒိန်းကျင့်ခဲ့တဲ့ အမျိုးသမီးတွေ၊ မြန်မာ့ လူသတ်ကွင်းကနေ အသက်လု ထွက်ပြေးကြသူတွေ ရဲ့ သဘောထားလဲ မေတ္တာမျှော်လင့်ချက်နဲ့ ကြောက်စိတ်သာဖြစ်ကြောင်း ကမ္ဘာ့မီဒီယာတွေရဲ့ တင်ပြချက်တွေ မှာ မျက်ဝါးထင်ထင် တွေ့နေရတယ်။

Related posts

ဂျီနိုဆိုဒ်တရားခံ မြန်မာစစ်ခေါင်းဆောင်များနှင့်တရုတ်သမ္မတကို ရုရှားက အားပေးအားမြှောက်လုပ်ခြင်း

စစ်တွေ နာဇီအကျဥ်းစခန်းမှ ဒေါက်တာဆာဆာထံသို့ အိပ်ဖွင့်ပေးစာ

နိုင်ငံတော်အချုပ်ခြာကို ကာကွယ်ရန် ပျက်ကွက်နေသူများ