ႏုိင္ငံတစ္ႏုိင္ငံရဲ႕ တိုးတက္မႈဟာ အဆိုပါႏိုင္ငံရဲ႕ ပညာေရးေပၚလစီနဲ႔ တိုက္ရိုက္အခ်ဳိးက်တယ္။ မဆလေခတ္မွာ အဂၤလိပ္နယ္ခ်ဲ႕ဆန္႔က်င္ေရးမူကို ပညာေရးေပၚလစီအျဖစ္ သတ္မွတ္ၿပီး အဂၤလိပ္စာ လံုးဝ မတတ္ေအာင္သင္ေပးတဲ့ စနစ္မ်ဳိးလုပ္ခဲ့တယ္။ ဒီေတာ့ ျမန္မာႏုိင္ငံက ဘြဲ႕ရလူငယ္ေတြ တျခားႏုိင္ငံ ေရာက္ရင္ ဒုကၡမ်ဳိးစံုနဲ႔ ရင္ဆိုင္ခဲ့ရတယ္။ စစ္အစိုးရ လက္ထက္မွာေတာ့ ဘာသာျခားဆန္႔က်င္ေရးကို ပညာေရးေပၚလစီအျဖစ္ သတ္မွတ္ၿပီး ေက်ာင္းတိုင္း ဘုရားခန္းေတြ ဖြင့္ေပးခဲ့တယ္။
ျမန္မာ့ဒီမိုကေရစီ ေခါင္းေဆာင္ဆိုတဲ့ ေဒၚေအာင္ဆန္းစုၾကည္က Secularism ကို သေဘာမေပါက္တာလား ဒါမွမဟုတ္ စစ္အစိုးရခ်မွတ္ခဲ့တဲ့ ေပၚလစီကို သေဘာက်ေနတာလားမသိဘူး။ အဲ့ဒီဘုရားခန္းေတြ ရွိေနတုန္းပဲ။ ေက်ာင္းတုိင္းမွာ ဘုရားခန္းထားလို႔ ေက်ာင္းသားေတြရဲ႕ ကိုယ္က်င့္တရားေကာင္းလာဖို႔ေနေနသာ ျမန္မာ့သမုိင္းမွာ အဆုိးဆံုးေတာင္ျဖစ္ေနၿပီ။
မူလတန္းေက်ာင္းသားေတြ လိမ္တတ္ေနၿပီ။ အလယ္တန္းေက်ာင္းသားဆို ေဆးလိပ္နဲ႔ ကြမ္းယာ ေသာက္စားတတ္ေနၿပီ။ အထက္တန္းေရာက္ရင္ေတာ့ မေကာင္းတာ၊ ယဥ္ေက်းမႈနဲ႔ ဆန္႔ က်င္တာ အကုန္လုပ္တတ္ေနၿပီ။ ဆရာမရွိသေလာက္ ရွားပါးၿပီး ဆရာမေတြသာ အဓိကသင္ေပးေနရတဲ့ေခတ္။ ေက်ာင္းမွာ သင္ရိုးညႊန္းတမ္း ဘယ္အခ်ိန္စၿပီး ဘယ္ေတာ့ကုန္မလဲမသိ။ မိဘေတြ က်ဴရွင္ဖိုးနဲ႔ မြဲေနၿပီ၊ ဘာမွမတတ္ေျမာက္ေအာင္ သင္ေပးတဲ့ မတတ္သင္ေက်ာင္းလို႔ေျပာရမလား မသိျဖစ္ေနတယ္။
ေက်ာင္းၿပီးလို႔ မိန္းမယူေတာ့မယ္ဆို အလုပ္ေလွ်ာက္ဖို႔ ဘယ္သင္တန္းတက္ရမလဲ၊ ဘယ္သူ႔ကို လာဘ္ထိုးရမလဲ၊ ဘယ္ပြဲစားနဲ႔ခ်ဥ္းကပ္ရမလဲ ေတြးေတာပူပင္ေနရတဲ့ ေခတ္လုိ႔ေျပာရမလားပဲ။ ပညာေရးစနစ္တစ္ခုလံုးက တရားေသ အယူအဆေတြကို စြဲကိုင္ထားၿပီး ဘာသာေရးအေျချပဳ ပညာေရးစနစ္လိုလို စစ္တပ္ရဲ႕ကန္႔သတ္မႈေဘာင္အတြင္း ထားရွိတဲ့ ပညာေရးစနစ္လိုလုိျဖစ္ေနၿပီ။ ေက်ာင္းသားေတြရဲ႕ အေတြးအေခၚ၊ လုပ္ရပ္နဲ႔ ေစ့ေဆာ္မႈကို ပံုေဖာ္ရမယ့္အစား ေက်ာင္းသားေတြကို ခြဲျခားဆက္ဆံမႈ၊ အယူသည္းမႈ၊ အျမင္က်ဥ္းမႈနဲ႔ သေဘာထား ယုတ္ညံ့မႈေတြကိုသာ အဓိကထား သင္ေပးတဲ့စနစ္မ်ဳိးျဖစ္ေနတယ္။
လူသားျဖစ္လို႔ လူ႔တန္ဖိုးစံႏႈန္းေတြ၊ ဘဝရည္ရြယ္ခ်က္ေတြ သိသင့္သိထုိက္ေပမဲ့ ေက်ာင္းသားေတြမွာ အဲဒီစံႏႈန္းတန္ဖိုးေတြနဲ႔ ရည္မွန္းခ်က္ေတြ ကင္းမဲ့ေနတာ ေတြ႕ရတယ္၊ ေက်ာင္းသားေတြရဲ႕ ကိုယ္က်င့္တရား၊ အရည္အခ်င္း၊ သေဘာထားႀကီးမႈ၊ စည္းကမ္းလိုက္နာလိုစိတ္၊ တာဝန္သိမႈ၊ တာဝန္ခံမႈစတဲ့ ကိုယ္ရည္ကိုယ္ေသြးေတြ ျမင့္မားလာေအာင္ လက္ရွိပညာေရးစနစ္က မစြမ္းေဆာင္ႏုိင္ဘူး။
“” ပညာေရးစနစ္ အသစ္ျပင္ဆင္လိုက္ၿပီလို႔ ေႂကြးေၾကာ္ေပမဲ့၊ ဒီမုိကေရစီကို ျမန္မာ့နည္း ျမန္မာ့ဟန္ ဒီမိုကေရစီလို႔ ေျပာေနသလိုမ်ဳိး ျပ႒ာန္းလိုက္တဲ့ ပညာေရးစနစ္သစ္ကလည္း ျမန္မာ့နည္း ျမန္မာ့ဟန္ ပညာေရး စနစ္လို႔ေျပာရမလား၊ မဆလအေတြးနဲ႔ ျပင္ဆင္ျခား ခြဲေဝမရျဖစ္ေနတယ္။ “”
သူငယ္တန္းကေန ဒုတိယတန္းအထိ စာေမးပြဲမရွိ၊ ဒုတိယတန္းကေန ရွစ္တန္းအထိ ေမးခြန္းကို ေလးေယာက္တစ္အုပ္စု တိုင္ပင္ႏွီးေႏွာရတဲ့ စနစ္ဆိုေတာ့ စာေမးပြဲေျဖရမွာကိုေၾကာက္တတ္တဲ့ ဗိုလ္ခ်ဳပ္တစ္ဦးတစ္ေယာက္ရဲ႕ အႀကံဉာဏ္နဲ႔ေရးဆြဲထားတဲ့ ပညာေရးစနစ္လို႔ပဲေျပာရမလား။ ေကာင္းတဲ့ ပညာေရးဆိုင္ရာ သီအိုရီေတြ အမ်ားႀကီးရွိတယ္။ Established ျဖစ္တဲ့ သီအိုရီေတြ၊ Creative Skill ေတြရႏိုင္တဲ့ နည္းစနစ္ေတြ အမ်ားႀကီးရွိတယ္၊ အႀကံဉာဏ္လုိခ်င္ရင္ ႏုိင္ငံတကာပညာရွင္ေတြက ကူညီဖို႔အသင့္ရွိေနတယ္။
အစိုးရက ႏုိင္ငံတကာရဲ႕အကူအညီကိုရယူေပမဲ့ ႏုိင္ငံတကာ အဆင့္မီ ပညာေရးစနစ္မ်ဳိးမလိုလားဘူး။ Secularism ကို အေျခခံတဲ့ ပညာေရးစနစ္မလိုခ်င္ဘူး။ ေက်ာင္းသားေတြ ကိုယ္က်င့္တရား ပ်က္ခ်င္ပ်က္ပါေစ ေက်ာင္းမွာ ဘုရားခန္းပါရမယ္။ ဆရာ/ဆရာမေတြလည္း ေဖါင္ႀကီး သင္တန္းလိုမ်ဳိး Brainwash လုပ္ခံထားရတဲ့ လက္မွတ္ရယူထားရမယ္၊ ခြဲျခားဆက္ဆံမႈကို သင္ေပးႏုိင္ရမယ္၊ ဆရာ၊ဆရာမေတြ လစာအတြက္ တာဝန္ေက်ရံုသင္ၾကားေပးရင္ ေတာ္ၿပီ၊ မ်က္မျမင္က မ်က္ကန္းေတြကို ဦးေဆာင္ေပးႏုိင္ရင္ ေတာ္ၿပီ၊ ေက်ာင္းသားေတြရဲ႕ ကိုယ္က်င့္တရားနဲ႔ ပညာအရည္အေသြးကို အစိုးရမလိုခ်င္ဘူး။
ကခ်င္၊ AA ၊ ARSA စတဲ့ အၾကမ္းဖက္သမားေတြရွိေနလို႔ ကာကြယ္ေရးဘက္ဂ်က္ လိုတာထက္ပိုယူမွ ျဖစ္မယ္၊ အၾကမ္းဖက္မႈကို အေၾကာင္းျပၿပီး ကေလးေထာင္ေပါင္းမ်ားစြာကို ပညာသင္ေပးစရာမလိုတဲ့ ဒုကၡသည္စခန္း ေတြထဲ ထည့္ႏိုင္လို႔ ပညာေရးအသံုးစရိတ္ကိုပဲ ေလွ်ာ့ေပးခ်င္တယ္။
ပညာေရးစနစ္မေကာင္းမွ ဘြဲ႕ရေတြ အမ်ားစု ႏုိင္ငံျခားသြားၿပီး အလုပ္သမားျဖစ္မွာ၊ ဒါမွ ႏုိင္ငံျခားဝင္ေငြတိုးလာမွာေပါ့။
ပညာေရးစနစ္ေကာင္းရင္ ေက်ာင္းသားေတြ ကိုယ္က်င့္တရားေကာင္းလာမယ္၊ အျမင္က်ယ္လာမယ္၊ အဲ့ဒီလိုအျမင္က်ယ္လာရင္ ဝီရသူ လို ဆရာေတာ္ေတြကုိ ဘယ္သူႀကိဳးကိုင္ထားသလဲ ျမင္လာမယ္။ လူမ်ဳိးေရး၊ ဘာသာေရး အဓိကရုန္းမျဖစ္ျဖစ္ေအာင္ ႀကံစည္ေနတဲ့သူေတြကုိ သိလာမယ္။ စစ္အာဏာရွင္ေတြအလိုက် ေရးဆြဲထားတဲ့ ေျခဥျပင္ဖို႔ ေတာင္းဆိုလာမယ္။ စကၤာပူႏုိင္ငံလို ပုဂၢလိကေက်ာင္းေတြ အလုပ္ျဖစ္မွာ မဟုတ္ေတာ့ဘူး။ အာဏာတည္ၿမဲေရးအတြက္ ရည္ရြယ္ၿပီး ပညာေရးစနစ္ကို ခ်ဳိးႏွိမ္ထားတာလား၊ ဒါမွမဟုတ္ မဆလေပၚလစီအတိုင္းပဲ သြားေနၾကတာလား၊ ေက်ာင္းသားေတြရဲ႕ ကိုယ္က်င့္တရားကေတာ့ မဆလေခတ္ထက္ ပိုဆိုးေနၿပီဆိုတာ ေက်ာင္းသားမိဘတုိင္း ခံစားေနၾကရၿပီ။
(Unicode Version)
NLD အစိုးရရဲ့ ပညာရေးပေါ်လစီက မဆလခေတ်ထက် ဆိုးနေပြီလား
ေဒၚေအာင္ဆန္းစုၾကည္
ရန္ကုန္ၿမိဳ႕၊ ပန္းဘဲတန္းၿမိဳ႕နယ္ အမွတ္(၁)အေျခခံပညာ အထက္တန္းေက်ာင္းသို႔ ဇန္န၀ါရီ ၂၄ ရက္ေန႔ သြားေရာက္ၿပီး ပညာသင္ၾကား သင္ယူေနမႈမ်ား ၾကည့္႐ႈအားေပးစဥ္ (ဓါတ္ပံု- State Counsellor Office)
နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုဟာ အဆိုပါနိုင်ငံရဲ့ ပညာရေးပေါ်လစီနဲ့ တိုက်ရိုက်အချိုးကျတယ်။ မဆလခေတ်မှာ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးမူကို ပညာရေးပေါ်လစီအဖြစ် သတ်မှတ်ပြီး အင်္ဂလိပ်စာ လုံးဝ မတတ်အောင်သင်ပေးတဲ့ စနစ်မျိုးလုပ်ခဲ့တယ်။ ဒီတော့ မြန်မာနိုင်ငံက ဘွဲ့ရလူငယ်တွေ တခြားနိုင်ငံ ရောက်ရင် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတယ်။ စစ်အစိုးရ လက်ထက်မှာတော့ ဘာသာခြားဆန့်ကျင်ရေးကို ပညာရေးပေါ်လစီအဖြစ် သတ်မှတ်ပြီး ကျောင်းတိုင်း ဘုရားခန်းတွေ ဖွင့်ပေးခဲ့တယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က Secularism ကို သဘောမပေါက်တာလား ဒါမှမဟုတ် စစ်အစိုးရချမှတ်ခဲ့တဲ့ ပေါ်လစီကို သဘောကျနေတာလားမသိဘူး။ အဲ့ဒီဘုရားခန်းတွေ ရှိနေတုန်းပဲ။ ကျောင်းတိုင်းမှာ ဘုရားခန်းထားလို့ ကျောင်းသားတွေရဲ့ ကိုယ်ကျင့်တရားကောင်းလာဖို့နေနေသာ မြန်မာ့သမိုင်းမှာ အဆိုးဆုံးတောင်ဖြစ်နေပြီ။
မူလတန်းကျောင်းသားတွေ လိမ်တတ်နေပြီ။ အလယ်တန်းကျောင်းသားဆို ဆေးလိပ်နဲ့ ကွမ်းယာ သောက်စားတတ်နေပြီ။ အထက်တန်းရောက်ရင်တော့ မကောင်းတာ၊ ယဉ်ကျေးမှုနဲ့ ဆန့် ကျင်တာ အကုန်လုပ်တတ်နေပြီ။ ဆရာမရှိသလောက် ရှားပါးပြီး ဆရာမတွေသာ အဓိကသင်ပေးနေရတဲ့ခေတ်။ ကျောင်းမှာ သင်ရိုးညွှန်းတမ်း ဘယ်အချိန်စပြီး ဘယ်တော့ကုန်မလဲမသိ။ မိဘတွေ ကျူရှင်ဖိုးနဲ့ မွဲနေပြီ၊ ဘာမှမတတ်မြောက်အောင် သင်ပေးတဲ့ မတတ်သင်ကျောင်းလို့ပြောရမလား မသိဖြစ်နေတယ်။
ကျောင်းပြီးလို့ မိန်းမယူတော့မယ်ဆို အလုပ်လျှောက်ဖို့ ဘယ်သင်တန်းတက်ရမလဲ၊ ဘယ်သူ့ကို လာဘ်ထိုးရမလဲ၊ ဘယ်ပွဲစားနဲ့ချဉ်းကပ်ရမလဲ တွေးတောပူပင်နေရတဲ့ ခေတ်လို့ပြောရမလားပဲ။ ပညာရေးစနစ်တစ်ခုလုံးက တရားသေ အယူအဆတွေကို စွဲကိုင်ထားပြီး ဘာသာရေးအခြေပြု ပညာရေးစနစ်လိုလို စစ်တပ်ရဲ့ကန့်သတ်မှုဘောင်အတွင်း ထားရှိတဲ့ ပညာရေးစနစ်လိုလိုဖြစ်နေပြီ။ ကျောင်းသားတွေရဲ့ အတွေးအခေါ်၊ လုပ်ရပ်နဲ့ စေ့ဆော်မှုကို ပုံဖော်ရမယ့်အစား ကျောင်းသားတွေကို ခွဲခြားဆက်ဆံမှု၊ အယူသည်းမှု၊ အမြင်ကျဉ်းမှုနဲ့ သဘောထား ယုတ်ညံ့မှုတွေကိုသာ အဓိကထား သင်ပေးတဲ့စနစ်မျိုးဖြစ်နေတယ်။
လူသားဖြစ်လို့ လူ့တန်ဖိုးစံနှုန်းတွေ၊ ဘဝရည်ရွယ်ချက်တွေ သိသင့်သိထိုက်ပေမဲ့ ကျောင်းသားတွေမှာ အဲဒီစံနှုန်းတန်ဖိုးတွေနဲ့ ရည်မှန်းချက်တွေ ကင်းမဲ့နေတာ တွေ့ရတယ်၊ ကျောင်းသားတွေရဲ့ ကိုယ်ကျင့်တရား၊ အရည်အချင်း၊ သဘောထားကြီးမှု၊ စည်းကမ်းလိုက်နာလိုစိတ်၊ တာဝန်သိမှု၊ တာဝန်ခံမှုစတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ မြင့်မားလာအောင် လက်ရှိပညာရေးစနစ်က မစွမ်းဆောင်နိုင်ဘူး။
“” ပညာရေးစနစ် အသစ်ပြင်ဆင်လိုက်ပြီလို့ ကြွေးကြော်ပေမဲ့၊ ဒီမိုကရေစီကို မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီလို့ ပြောနေသလိုမျိုး ပြဋ္ဌာန်းလိုက်တဲ့ ပညာရေးစနစ်သစ်ကလည်း မြန်မာ့နည်း မြန်မာ့ဟန် ပညာရေး စနစ်လို့ပြောရမလား၊ မဆလအတွေးနဲ့ ပြင်ဆင်ခြား ခွဲဝေမရဖြစ်နေတယ်။ “”
သူငယ်တန်းကနေ ဒုတိယတန်းအထိ စာမေးပွဲမရှိ၊ ဒုတိယတန်းကနေ ရှစ်တန်းအထိ မေးခွန်းကို လေးယောက်တစ်အုပ်စု တိုင်ပင်နှီးနှောရတဲ့ စနစ်ဆိုတော့ စာမေးပွဲဖြေရမှာကိုကြောက်တတ်တဲ့ ဗိုလ်ချုပ်တစ်ဦးတစ်ယောက်ရဲ့ အကြံဉာဏ်နဲ့ရေးဆွဲထားတဲ့ ပညာရေးစနစ်လို့ပဲပြောရမလား။ ကောင်းတဲ့ ပညာရေးဆိုင်ရာ သီအိုရီတွေ အများကြီးရှိတယ်။ Established ဖြစ်တဲ့ သီအိုရီတွေ၊ Creative Skill တွေရနိုင်တဲ့ နည်းစနစ်တွေ အများကြီးရှိတယ်၊ အကြံဉာဏ်လိုချင်ရင် နိုင်ငံတကာပညာရှင်တွေက ကူညီဖို့အသင့်ရှိနေတယ်။
အစိုးရက နိုင်ငံတကာရဲ့အကူအညီကိုရယူပေမဲ့ နိုင်ငံတကာ အဆင့်မီ ပညာရေးစနစ်မျိုးမလိုလားဘူး။ Secularism ကို အခြေခံတဲ့ ပညာရေးစနစ်မလိုချင်ဘူး။ ကျောင်းသားတွေ ကိုယ်ကျင့်တရား ပျက်ချင်ပျက်ပါစေ ကျောင်းမှာ ဘုရားခန်းပါရမယ်။ ဆရာ/ဆရာမတွေလည်း ဖေါင်ကြီး သင်တန်းလိုမျိုး Brainwash လုပ်ခံထားရတဲ့ လက်မှတ်ရယူထားရမယ်၊ ခွဲခြားဆက်ဆံမှုကို သင်ပေးနိုင်ရမယ်၊ ဆရာ၊ဆရာမတွေ လစာအတွက် တာဝန်ကျေရုံသင်ကြားပေးရင် တော်ပြီ၊ မျက်မမြင်က မျက်ကန်းတွေကို ဦးဆောင်ပေးနိုင်ရင် တော်ပြီ၊ ကျောင်းသားတွေရဲ့ ကိုယ်ကျင့်တရားနဲ့ ပညာအရည်အသွေးကို အစိုးရမလိုချင်ဘူး။
ကချင်၊ AA ၊ ARSA စတဲ့ အကြမ်းဖက်သမားတွေရှိနေလို့ ကာကွယ်ရေးဘက်ဂျက် လိုတာထက်ပိုယူမှ ဖြစ်မယ်၊ အကြမ်းဖက်မှုကို အကြောင်းပြပြီး ကလေးထောင်ပေါင်းများစွာကို ပညာသင်ပေးစရာမလိုတဲ့ ဒုက္ခသည်စခန်း တွေထဲ ထည့်နိုင်လို့ ပညာရေးအသုံးစရိတ်ကိုပဲ လျှော့ပေးချင်တယ်။
ပညာရေးစနစ်မကောင်းမှ ဘွဲ့ရတွေ အများစု နိုင်ငံခြားသွားပြီး အလုပ်သမားဖြစ်မှာ၊ ဒါမှ နိုင်ငံခြားဝင်ငွေတိုးလာမှာပေါ့။
ပညာရေးစနစ်ကောင်းရင် ကျောင်းသားတွေ ကိုယ်ကျင့်တရားကောင်းလာမယ်၊ အမြင်ကျယ်လာမယ်၊ အဲ့ဒီလိုအမြင်ကျယ်လာရင် ဝီရသူ လို ဆရာတော်တွေကို ဘယ်သူကြိုးကိုင်ထားသလဲ မြင်လာမယ်။ လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းမဖြစ်ဖြစ်အောင် ကြံစည်နေတဲ့သူတွေကို သိလာမယ်။ စစ်အာဏာရှင်တွေအလိုကျ ရေးဆွဲထားတဲ့ ခြေဥပြင်ဖို့ တောင်းဆိုလာမယ်။ စင်္ကာပူနိုင်ငံလို ပုဂ္ဂလိကကျောင်းတွေ အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ အာဏာတည်မြဲရေးအတွက် ရည်ရွယ်ပြီး ပညာရေးစနစ်ကို ချိုးနှိမ်ထားတာလား၊ ဒါမှမဟုတ် မဆလပေါ်လစီအတိုင်းပဲ သွားနေကြတာလား၊ ကျောင်းသားတွေရဲ့ ကိုယ်ကျင့်တရားကတော့ မဆလခေတ်ထက် ပိုဆိုးနေပြီဆိုတာ ကျောင်းသားမိဘတိုင်း ခံစားနေကြရပြီ။