၂၄.၁.၂၀၁၉ ေန႔ “ႏိုင္ငံတကာသံအဖြဲ႔ကို လိမ္လည္ဖို႔ ၾကံစည္ေပမဲ့” ေခါင္းစဥ္နဲ႔ သတင္းေရးခဲ့တယ္။ သတင္းေရးျပီးတဲ့ေနာက္ သတင္းမွာ ေဖာ္ျပခဲ့တ့ဲ လုံျခဳံေရးဝန္ထမ္းက boat people ၂၀ ဦး နဲ႔ ပတ္သက္တဲ့ သတင္းတစ္ပုဒ္ ေျပာလာတယ္။ ဓါတ္ပုံလဲ တစ္ပုံေပးခဲ့တယ္။ ဒါေပမဲ့ နာရီဝက္အၾကာမွာေတာ့ အဲဒီဓါတ္ပုံနဲ႔ သတင္းမတင္နဲ႔ ေျပာလို႔ မတင္ျဖစ္ဘူး။ အဲဒီလုံျခဳံေရးဝန္ထမ္းကို အမွတ္ ၃၆ ရဲတပ္ရင္းမွ ဒုတပ္ရင္းမွဴးက ၂၄.၁.၂၀၁၉ ေန႔တင္တဲ့ ဓါတ္ပံုနဲ႔ပတ္သက္ျပီး စစ္ေဆးေမးျမန္းခဲ့လို႔တဲ့။
ဒါေပမဲ့ ဒီေန႔ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္ကေန မေလးရွားႏိုင္ငံဘက္ကို ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ မြတ္စလင္ ၁၈ ဦးနဲ႔ လူပြဲစားႏွစ္ဦးကို ရဲတပ္ဖြဲ႔က မေန႔က ဖမ္းဆီးလိုက္တယ္တဲ့အေၾကာင္း RFA နဲ႔ MOI သတင္းမွာ ဖတ္ရတယ္။ အမည္မေဖာ္လိုတဲ့ ရဲအရာရိွတစ္ဦးက RFA ကို ေျပာတယ္ဆိုပဲ။
တကယ္ေတာ့ RFA သတင္းမွာ မေဖာ္ျပေသးတဲ့ အခ်က္ေတြလဲ ရွိေသးတယ္။ ပထမတစ္ခ်က္က ဖမ္းထားတာ ၁၈ ေယာက္မဟုတ္ဘဲ အေယာက္ ၂၀ ျဖစ္တယ္။ ဒုတိယ တစ္ခ်က္က အဲဒီအဖမ္းခံရတဲ့ လူေတြကို ရဲကိုယ္တိုင္ ဖမ္းဆီးဖို႔ ၾကိဳတင္စီစဥ္ခဲ့တာပဲ ျဖစ္တယ္။ တတိယအခ်က္က သူတို႔ကို မေလးရွားပို႔မယ္ေျပာျပီး ပိုက္ဆံယူတဲ့ ပြဲစားေတြ ဖမ္းထားတဲ့ထဲမွာ မပါဘူး။
ရိုဟင္ဂ်ာေတြကို စစ္အစိုးရလက္ထက္ကစျပီး ႏိုင္ငံေတာ္ေပၚလစီနဲ႔ နာဇီအက်ဥ္းစခန္းပမာ ပိတ္ေလွာင္ထားလာခဲ့တယ္။ ဒီေတာ့ အသက္အႏၲရာယ္ရွိတဲ့ ပင္လယ္ခရီးက သူတို႔ အက်ဥ္းစခန္းကေန လႊတ္ေျမာက္ႏိုင္တဲ့ ျဖတ္လမ္း ျဖစ္လာခဲ့တယ္။ ၁၉၉၀ မွစျပီး boat people ေတြကို ထိုင္း မေလး အင္ဒိုနီးရွားတို႔မွာ ေတြ႔ရတယ္။
၂၀၁၂ မွာ သိန္းစိန္အစိုးရနဲ႔ အဝကြ်န္းသားေတြ ပူးေပါင္းျပီး ရိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္ေရး စခ့ဲေတာ့ boat people ေတြကို ကမၻာအႏွံ႔ေတြ႔ရျပီး boat people crisis အဆင့္ ေရာက္ခဲ့တယ္။ ဒါေပမဲ့ NLD အစိုးရလက္ထက္ ၂၀၁၇ မွာ စစ္တပ္ဖန္တီးခ့ဲတဲ့ တုတ္ဓါးကိုင္ေဆာင္တ့ဲ လက္တစ္စုပ္စာ ARSA ကို အေၾကာင္းျပျပီး စစ္တပ္က လႊတ္လပ္စြာ ရက္စက္ၾကမ္းၾကဳတ္ခြင့္ ရေလေတာ့ ရိုဟင္ဂ်ာ တစ္သန္းနီးပါးဟာ ဘဂၤလားေဒ႔ခ်္ဘက္ကို အသက္လုထြက္ေျပး ခ့ဲရတယ္။ ဒီေတာ့ boat people ထြက္ႏိုင္တဲ့ လမ္းေၾကာင္းေတြမွာ လုံျခဳံေရးစခန္းေတြ ဖြင့္ထားတယ္။
၂၀၁၈ မွစျပီး ရခိုင္ျပည္နယ္ရဲ႕ ျမိဳ႕နယ္အသီးသီးက ရိုဟင္ဂ်ာေတြကို လုံျခဳံေရးဝန္ထမ္းေတြနဲ႔ ရဲေတြက အဓိကလူေမွာင္ခို ပြဲစားအျဖစ္ စက္ေလွေပၚ တင္ေပးလာတာ ေတြ႔ရတယ္။ ရိုဟင္ဂ်ာပြဲစားေတြကို ငါးေသာင္းစီေပး စက္ေလွသမားကို တစ္သိန္းစီေပးျပီး က်န္တာကို လုံျခဳံေရးနဲ႔ ရဲေတြက စားၾကတယ္။ ဒါေပမ့ဲ ၂၀၁၈ကေန ဒီကေန႔အထိ ရခိုင္ကေန ထြက္ခဲ့တဲ့ ရိုဟင္ဂ်ာေတြ အားလုံး လမ္းခရီးမွာ ဒါမွမဟုတ္ ျပည္တြင္း တစ္ေနရာရာမွာ အဖမ္းခံရတာ ေတြ႕ရတယ္။
အဲဒီလူေတြဆီကေန ပြဲခယူခဲ့တဲ့ လုံျခဳံေရးဝန္ထမ္းနဲ႔ ရဲဝန္ထမ္းေတြကပဲ သူတို႔ႏိုင္ငံတြင္းက မထြက္မီ သက္ဆိုင္ရာ ရဲေတြကို အေၾကာင္းၾကားျပီး ဖမ္းေစတာျဖစ္တယ္။ သတင္းေတြမွာ ပလူပ်ံေနတဲ့ ခိုးဝင္ဘဂၤလီ ဘယ္ႏွစ္ေယာက္ ဘယ္ေနရာမွာေတြ႔တယ္။ သူတို႔ကို ဘယ္လိုဖမ္းလိုက္တယ္ဆိုတာ ျပည္သူေတြ ေန႔တိုင္းလိုလို ဖတ္ေနရတယ္ မဟုတ္လား။
မေန႔က အဖမ္းခံရတဲ့ လူေတြဆီက ၁၅ သိန္းစီယူတယ္။ ရိုဟင္ဂ်ာပြဲစား ၅ ေယာက္က ငါးေသာင္းစီ ရၾကတယ္။ က်န္တာကို ဒုရဲတပ္ၾကပ္ၾကီး ေစာေခ် နဲ႔ လွသိန္းတို႔ ယူၾကတယ္။ သူတို႔လဲ အထက္အရာရွိေတြကို ေပးရေသးတယ္။ မသိနားမလည္တ့ဲ ရိုဟင္ဂ်ာေတြခမ်ာ ရွိသမွ် ဥစၥာဓနလဲ ကုန္ အက်ဥ္းစခန္းကေန လႊတ္ေျမာက္မယ္ဆိုတဲ့ အိပ္မက္လဲ ဖ်က္ဆီးခံရတယ္။
ရိုဟင္ဂ်ာေတြကို အက်ဥ္းစခန္းမွာ ပိတ္ေလွာင္ထားျခင္းဟာ ႏိုင္ငံေတာ္ရဲ႕ လူမ်ိဳးတုံးသတ္ျဖတ္ေရး ေပၚလစီျဖစ္တယ္။ ရိုဟင္ဂ်ာေတြကို ဘဂၤလီတံဆိပ္ထုတဲ့ ဝါဒျဖန္႔မႈေအာင္ျမင္လာေတာ့ တႏိုင္ငံလုံးမွာရွိတဲ့ မြတ္စလင္ေတြကို ဘဂၤလီ လို႔ ေျပာင္းႏိုင္မဲ့ စီမံကိန္းကို လဝကတိုင္းအား ညႊန္ၾကားထားတယ္။ မိဘ ႏိုင္ရထားတ့ဲ မြတ္စလင္ကေလးေတြ ၁၀-၁၈ ႏွစ္ျပည့္ ႏိုင္ သြားေလွ်ာက္ရင္ လဝက က လူမ်ိဳးေနရာမွာ ဘဂၤလီ ေပါင္းထည့္တယ္။
အစိုးရ စာရင္းအရ ျမန္မာႏိုင္ငံရဲ႕ လူဦးေရအနက္ ေလးရာခိုင္ႏႈံးက မြတ္စလင္ျဖစ္တယ္။ ခုႏိုင္ငံေတာ္ေပၚလစီနဲ႔ အားလုံးကို ဘဂၤလီတံဆိပ္ထုႏိုင္ျပီး ေနာင္ အႏွစ္ ၂၀-၃၀ မွာ အဲဒီဘဂၤလီ ဦးေရဘယ္ေလာက္ျဖစ္လာမယ္။ စီးပြားေရးအရ အရွိန္နဲ႔ တိုးတက္ေနတဲ့ ဘဂၤလားေဒ႔ခ်္က ဘဂၤလီ အသုံးအႏႈံးကို ဘယ္လို ကစားႏိုင္တယ္ ဆိုတာ ျမန္မာ Policy Makers ေတြ မသိေလေတာ့ အနာဂါတ္မွာ ဘဂၤလီတံဆိပ္ထုျခင္းရဲ႕ အႏၲရာယ္ဘယ္ေလာက္ၾကီးမားႏိုင္တယ္ဆိုတာ မျမင္ႏိုင္ဘူး။
(Unicode Version)
နိုင်ငံတော်ပေါ်လစီနဲ့ ဖန်တီးတဲ့ ဘင်္ဂလီ ဝါဒဖြန့်မှုနဲ့ အနာဂါတ်အန္တရာယ်
၂၄.၁.၂၀၁၉ နေ့ “နိုင်ငံတကာသံအဖွဲ့ကို လိမ်လည်ဖို့ ကြံစည်ပေမဲ့” ခေါင်းစဉ်နဲ့ သတင်းရေးခဲ့တယ်။ သတင်းရေးပြီးတဲ့နောက် သတင်းမှာ ဖော်ပြခဲ့တဲ့ လုံခြုံရေးဝန်ထမ်းက boat people ၂၀ ဦး နဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ် ပြောလာတယ်။ ဓါတ်ပုံလဲ တစ်ပုံပေးခဲ့တယ်။ ဒါပေမဲ့ နာရီဝက်အကြာမှာတော့ အဲဒီဓါတ်ပုံနဲ့ သတင်းမတင်နဲ့ ပြောလို့ မတင်ဖြစ်ဘူး။ အဲဒီလုံခြုံရေးဝန်ထမ်းကို အမှတ် ၃၆ ရဲတပ်ရင်းမှ ဒုတပ်ရင်းမှူးက ၂၄.၁.၂၀၁၉ နေ့တင်တဲ့ ဓါတ်ပုံနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းခဲ့လို့တဲ့။
ဒါပေမဲ့ ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ မလေးရှားနိုင်ငံဘက်ကို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ မွတ်စလင် ၁၈ ဦးနဲ့ လူပွဲစားနှစ်ဦးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်တယ်တဲ့အကြောင်း RFA နဲ့ MOI သတင်းမှာ ဖတ်ရတယ်။ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ပြောတယ်ဆိုပဲ။
တကယ်တော့ RFA သတင်းမှာ မဖော်ပြသေးတဲ့ အချက်တွေလဲ ရှိသေးတယ်။ ပထမတစ်ချက်က ဖမ်းထားတာ ၁၈ ယောက်မဟုတ်ဘဲ အယောက် ၂၀ ဖြစ်တယ်။ ဒုတိယ တစ်ချက်က အဲဒီအဖမ်းခံရတဲ့ လူတွေကို ရဲကိုယ်တိုင် ဖမ်းဆီးဖို့ ကြိုတင်စီစဉ်ခဲ့တာပဲ ဖြစ်တယ်။ တတိယအချက်က သူတို့ကို မလေးရှားပို့မယ်ပြောပြီး ပိုက်ဆံယူတဲ့ ပွဲစားတွေ ဖမ်းထားတဲ့ထဲမှာ မပါဘူး။
ရိုဟင်ဂျာတွေကို စစ်အစိုးရလက်ထက်ကစပြီး နိုင်ငံတော်ပေါ်လစီနဲ့ နာဇီအကျဉ်းစခန်းပမာ ပိတ်လှောင်ထားလာခဲ့တယ်။ ဒီတော့ အသက်အန္တရာယ်ရှိတဲ့ ပင်လယ်ခရီးက သူတို့ အကျဉ်းစခန်းကနေ လွှတ်မြောက်နိုင်တဲ့ ဖြတ်လမ်း ဖြစ်လာခဲ့တယ်။ ၁၉၉၀ မှစပြီး boat people တွေကို ထိုင်း မလေး အင်ဒိုနီးရှားတို့မှာ တွေ့ရတယ်။
၂၀၁၂ မှာ သိန်းစိန်အစိုးရနဲ့ အဝကျွန်းသားတွေ ပူးပေါင်းပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရေး စခဲ့တော့ boat people တွေကို ကမ္ဘာအနှံ့တွေ့ရပြီး boat people crisis အဆင့် ရောက်ခဲ့တယ်။ ဒါပေမဲ့ NLD အစိုးရလက်ထက် ၂၀၁၇ မှာ စစ်တပ်ဖန်တီးခဲ့တဲ့ တုတ်ဓါးကိုင်ဆောင်တဲ့ လက်တစ်စုပ်စာ ARSA ကို အကြောင်းပြပြီး စစ်တပ်က လွှတ်လပ်စွာ ရက်စက်ကြမ်းကြုတ်ခွင့် ရလေတော့ ရိုဟင်ဂျာ တစ်သန်းနီးပါးဟာ ဘင်္ဂလားဒေ့ချ်ဘက်ကို အသက်လုထွက်ပြေး ခဲ့ရတယ်။ ဒီတော့ boat people ထွက်နိုင်တဲ့ လမ်းကြောင်းတွေမှာ လုံခြုံရေးစခန်းတွေ ဖွင့်ထားတယ်။
၂၀၁၈ မှစပြီး ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အသီးသီးက ရိုဟင်ဂျာတွေကို လုံခြုံရေးဝန်ထမ်းတွေနဲ့ ရဲတွေက အဓိကလူမှောင်ခို ပွဲစားအဖြစ် စက်လှေပေါ် တင်ပေးလာတာ တွေ့ရတယ်။ ရိုဟင်ဂျာပွဲစားတွေကို ငါးသောင်းစီပေး စက်လှေသမားကို တစ်သိန်းစီပေးပြီး ကျန်တာကို လုံခြုံရေးနဲ့ ရဲတွေက စားကြတယ်။ ဒါပေမဲ့ ၂၀၁၈ကနေ ဒီကနေ့အထိ ရခိုင်ကနေ ထွက်ခဲ့တဲ့ ရိုဟင်ဂျာတွေ အားလုံး လမ်းခရီးမှာ ဒါမှမဟုတ် ပြည်တွင်း တစ်နေရာရာမှာ အဖမ်းခံရတာ တွေ့ရတယ်။
အဲဒီလူတွေဆီကနေ ပွဲခယူခဲ့တဲ့ လုံခြုံရေးဝန်ထမ်းနဲ့ ရဲဝန်ထမ်းတွေကပဲ သူတို့နိုင်ငံတွင်းက မထွက်မီ သက်ဆိုင်ရာ ရဲတွေကို အကြောင်းကြားပြီး ဖမ်းစေတာဖြစ်တယ်။ သတင်းတွေမှာ ပလူပျံနေတဲ့ ခိုးဝင်ဘင်္ဂလီ ဘယ်နှစ်ယောက် ဘယ်နေရာမှာတွေ့တယ်။ သူတို့ကို ဘယ်လိုဖမ်းလိုက်တယ်ဆိုတာ ပြည်သူတွေ နေ့တိုင်းလိုလို ဖတ်နေရတယ် မဟုတ်လား။
မနေ့က အဖမ်းခံရတဲ့ လူတွေဆီက ၁၅ သိန်းစီယူတယ်။ ရိုဟင်ဂျာပွဲစား ၅ ယောက်က ငါးသောင်းစီ ရကြတယ်။ ကျန်တာကို ဒုရဲတပ်ကြပ်ကြီး စောချေ နဲ့ လှသိန်းတို့ ယူကြတယ်။ သူတို့လဲ အထက်အရာရှိတွေကို ပေးရသေးတယ်။ မသိနားမလည်တဲ့ ရိုဟင်ဂျာတွေခမျာ ရှိသမျှ ဥစ္စာဓနလဲ ကုန် အကျဉ်းစခန်းကနေ လွှတ်မြောက်မယ်ဆိုတဲ့ အိပ်မက်လဲ ဖျက်ဆီးခံရတယ်။
ရိုဟင်ဂျာတွေကို အကျဉ်းစခန်းမှာ ပိတ်လှောင်ထားခြင်းဟာ နိုင်ငံတော်ရဲ့ လူမျိုးတုံးသတ်ဖြတ်ရေး ပေါ်လစီဖြစ်တယ်။ ရိုဟင်ဂျာတွေကို ဘင်္ဂလီတံဆိပ်ထုတဲ့ ဝါဒဖြန့်မှုအောင်မြင်လာတော့ တနိုင်ငံလုံးမှာရှိတဲ့ မွတ်စလင်တွေကို ဘင်္ဂလီ လို့ ပြောင်းနိုင်မဲ့ စီမံကိန်းကို လဝကတိုင်းအား ညွှန်ကြားထားတယ်။ မိဘ နိုင်ရထားတဲ့ မွတ်စလင်ကလေးတွေ ၁၀-၁၈ နှစ်ပြည့် နိုင် သွားလျှောက်ရင် လဝက က လူမျိုးနေရာမှာ ဘင်္ဂလီ ပေါင်းထည့်တယ်။
အစိုးရ စာရင်းအရ မြန်မာနိုင်ငံရဲ့ လူဦးရေအနက် လေးရာခိုင်နှုံးက မွတ်စလင်ဖြစ်တယ်။ ခုနိုင်ငံတော်ပေါ်လစီနဲ့ အားလုံးကို ဘင်္ဂလီတံဆိပ်ထုနိုင်ပြီး နောင် အနှစ် ၂၀-၃၀ မှာ အဲဒီဘင်္ဂလီ ဦးရေဘယ်လောက်ဖြစ်လာမယ်။ စီးပွားရေးအရ အရှိန်နဲ့ တိုးတက်နေတဲ့ ဘင်္ဂလားဒေ့ချ်က ဘင်္ဂလီ အသုံးအနှုံးကို ဘယ်လို ကစားနိုင်တယ် ဆိုတာ မြန်မာ Policy Makers တွေ မသိလေတော့ အနာဂါတ်မှာ ဘင်္ဂလီတံဆိပ်ထုခြင်းရဲ့ အန္တရာယ်ဘယ်လောက်ကြီးမားနိုင်တယ်ဆိုတာ မမြင်နိုင်ဘူး။