ICJ မှာ တရားစွဲဆိုခံရမှုကို ဖြေရှင်းလိုသော ဆန္ဒရှိလျှင်

(ဓါတ္ပံု - REUTERS/Myat Thu Kyaw)

မြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုခံရသည့်အမှုသည် လူအင်အား၊ ငွေအင်အားနှင့် နည်းပညာစွမ်းရည်ထက် မြန်မာ့ခေါင်းဆောင်ဆိုသူများ၏ သီလပေါ်တွင်သာ မူတည်နေကြောင်း တွေးမြင်သုံးသပ်လိုပါသည်။ အကြောင်းမှာ ကမ္ဘာ့အမြင့်ဆုံး တရားရုံးဖြစ်သည့် ICJ မှာ မြန်မာအစိုးရကို လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် ချိုးဖောက်မှုဖြင့် အမှုစွဲထားခြင်းဖြစ်ပြီး ထိုစာချုပ်ပါ အချက်အလက်များကို ကျူးလွန်ချိုးဖောက်မှုသည် နိုင်ငံတစ်နိုင်ငံ၏ လူ့အရင်းအမြစ်နှင့် ချမ်းသာကြွယ်ဝမှုထက် နိုင်ငံ့ခေါင်းဆောင်များ၏ သီလ ဖျက်ဆီးနေမှုအပေါ်တွင်သာ မှီတည်နေပါသည်။

မြန်မာနိုင်ငံမှာ အရိုးစွဲနေသည့် အဆိုတစ်ခုမှာ “အူမတောင့်မှ သီလဆောက်တည်” ဟူ၍ဖြစ်ပြီး ဤအဆိုသည် မြန်မာပြည်သူတို့၏ ဘဝရှင်သန်ရေးတွင် အလေးအနက် ဂယက်ရိုက်လာခဲ့သည်ကို တွေ့မြင်ရပါသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနက် နိုင်ငံခေါင်းဆောင်ဆိုသူများသည် ဂေါတမမြတ်စွာ အထူးအလေးအမြတ်ထားခဲ့သော သမ္မဝါစာမှန်ကန်သော အပြောအဆို၊ သမ္မာသမ္မန္တ မှန်ကန်သော လုပ်ရပ်၊ သမ္မာအာဇီဝ မှန်ကန်သော နည်းဖြင့် ဝင်ငွေရှာခြင်း စသော သီလဆိုင်ရာ မဂ္ဂင်တို့ကို သူတို့၏ကျောဘက်သို့ ပစ်ထားလျက် တိုင်းရင်းသားများနှင့် လူနည်းစုတို့အပေါ် သက်ညှာခြင်းမရှိဘဲ ညှင်းပန်းနှိပ်စက်လာခဲ့သည်မှာ ၁၉၆၀မှစ၍ ယနေ့အထိပင်ဖြစ်သည်။

ခေါင်းဆောင်ဆိုသူများသည် သူတို့သားစဉ်မြေးဆက်များ၏ အူမများတောင့်နိုင်ရန်ကိုသာ အဓိက ဦးစားပေးလေ့ရှိပြီး တိုင်းရင်းသားများ နှင့်လူနည်းစုတို့ကို သူတို့၏ကိုယ်ကျိုးစီးပွား အဓွန့်ရှည်ရေးတွင် ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အရေးကောင်းအဖြစ် တရားသေ မှတ်ယူထားကြသည်။ သို့ဖြစ်ရာ တိုင်းရင်းသားများအနက် အဖိနှိပ်ခံဘဝမှ လွတ်မြောက်လိုသူများကို ပြည်တွင်းသောင်းကျန်းသူများဟု အမည်ပေး၍ လည်းကောင်း၊ လူနည်းစုတို့အား ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ဝါဒဖြန့်မှုနှင့် အကြမ်းဖက်သမားများဟု အမည်ပေး၍လည်းကောင်း၊ ညှင်းပန်း နှိပ်စက်ခွင့် လိုင်စင်ရထားသူများပီပီ နိုင်ငံတကာဥပဒေကို ဂရုမစိုက်ဘဲ ထင်ရာစိုင်း လုပ်လာခဲ့ကြသည်မှာလည်း ၁၉၆၀မှ ယနေ့အထိပင် ဖြစ်၏။

၂၀၁၂တွင် တရုတ်တို့၏ ရွှေဂက်စ်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန်အတွက် ရိုဟင်ဂျာတို့အား ရက်ရက်စက်စက် သတ်ဖြတ်ပြီးနောက် နိုင်ငံတကာအား “ခိုးဝင်ဘင်္ဂလီများကို တတိယကမ္ဘာသို့ ပို့ပေးပါ”ဟု သမ္မတ ဦးသိန်းစိန်က တောင်းဆိုခဲ့ဖူးတယ်။ ၂၀၁၆မှစ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ပို၍ရဲရဲတင်းတင်း ကျူးလွန်လာခဲ့ပြီးနောက် ရိုဟင်ဂျာတစ်သန်းနီးပါးကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ မောင်းထုတ်ခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက ထောင်သောင်းချီသော အထောက်အထားများပေါ် အခြေခံ၍ တရားစွဲဆိုခြင်းကိုလည်း သူတို့၏ မျိုးရိုးဗီဇထဲတွင် “သီလလုံးဝ ကင်းမဲ့နေသူများပမာ “ဒေါ်စုကို ဝန်းရံကြ၊ အနိုင်ကျင့်မှု ဆန့်ကျင်ကြ၊ OIC အား လူအင်အား ငွေအင်အားသုံးပြီး ငါတို့နိုင်ငံ၏ အချုပ်အခြာကို စော်ကားခွင့်ပေးမည်မဟုတ်” စသည်ဖြင့် လူရိုင်းများပမာ ပြောဆို ကြွေးကြော်နေခြင်းဖြင့် ပြဿနာကို မဖြေရှင်းနိုင်ကြောင်း၊ သီလမသိသူများ တိုင်းပြည်ကို အုပ်ချုပ်လျှင် ပြည်သူအားလုံး ဆင်းရဲတွင်းနက်ထဲသို့ ဇောက်ထိုးကျသွားလိမ့်မည်ဖြစ်ကြောင်း၊ တရားမျှတမှုကို လျစ်လျူ ရှုခြင်းဖြင့် ခြေလေးချောင်း သတ္တဝါထက်ဆိုးသည့် စရိုက်ရှင်များဖြစ်လာကြောင်းနှင့် ပြဿနာကို ဖြေရှင်းလိုသော ဆန္ဒရှိလျှင် အမှန်တရားကိုလက်ခံပြီး ဖြောင့်မတ်မှန်ကန်သော နည်းစနစ်များကိုသာ သုံးသင့်ကြောင်း ဦးကိုနီကဲ့သို့ NLD ၏ ကျေးဇူးရှင်ကိုပင် လူမဆန်စွာဖြင့် လူမြင်ကွင်းမှာ လုပ်ကြံပြီးနောက် အမှုကိုပါ ဖျောက်ပစ်ထားသူများသည် ရိုဟင်ဂျာတို့အား ဂျီနိုဆိုဒ်အမှု ကျူးလွန်ခဲ့သူများပင် ဖြစ်ကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။

(Zawgyi Version)

ICJ မွာ တရားစြဲဆိုခံရမႈကို ေျဖရွင္းလိုေသာ ဆႏၵရွိလွ်င္

ျမန္မာႏိုင္ငံအေပၚ ICJ တြင္ တရားစြဲဆိုခံရသည့္အမႈသည္ လူအင္အား၊ ေငြအင္အားႏွင့္ နည္းပညာစြမ္းရည္ထက္ ျမန္မာ့ေခါင္းေဆာင္ဆိုသူမ်ား၏ သီလေပၚတြင္သာ မူတည္ေနေၾကာင္း ေတြးျမင္သုံးသပ္လိုပါသည္။ အေၾကာင္းမွာ ကမာၻ႔အျမင့္ဆုံး တရား႐ုံးျဖစ္သည့္ ICJ မွာ ျမန္မာအစိုးရကို လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ ခ်ိဳးေဖာက္မႈျဖင့္ အမႈစြဲထားျခင္းျဖစ္ၿပီး ထိုစာခ်ဳပ္ပါ အခ်က္အလက္မ်ားကို က်ဴးလြန္ခ်ိဳးေဖာက္မႈသည္ ႏိုင္ငံတစ္ႏိုင္ငံ၏ လူ႔အရင္းအျမစ္ႏွင့္ ခ်မ္းသာႂကြယ္ဝမႈထက္ ႏိုင္ငံ့ေခါင္းေဆာင္မ်ား၏ သီလ ဖ်က္ဆီးေနမႈအေပၚတြင္သာ မွီတည္ေနပါသည္။

ျမန္မာႏိုင္ငံမွာ အ႐ိုးစြဲေနသည့္ အဆိုတစ္ခုမွာ “အူမေတာင့္မွ သီလေဆာက္တည္” ဟူ၍ျဖစ္ၿပီး ဤအဆိုသည္ ျမန္မာျပည္သူတို႔၏ ဘဝရွင္သန္ေရးတြင္ အေလးအနက္ ဂယက္႐ိုက္လာခဲ့သည္ကို ေတြ႕ျမင္ရပါသည္။ အထူးသျဖင့္ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးတို႔အနက္ ႏိုင္ငံေခါင္းေဆာင္ဆိုသူမ်ားသည္ ေဂါတမျမတ္စြာ အထူးအေလးအျမတ္ထားခဲ့ေသာ သမၼဝါစာမွန္ကန္ေသာ အေျပာအဆို၊ သမၼာသမၼႏၲ မွန္ကန္ေသာ လုပ္ရပ္၊ သမၼာအာဇီဝ မွန္ကန္ေသာ နည္းျဖင့္ ဝင္ေငြရွာျခင္း စေသာ သီလဆိုင္ရာ မဂၢင္တို႔ကို သူတို႔၏ေက်ာဘက္သို႔ ပစ္ထားလ်က္ တိုင္းရင္းသားမ်ားႏွင့္ လူနည္းစုတို႔အေပၚ သက္ညႇာျခင္းမရွိဘဲ ညႇင္းပန္းႏွိပ္စက္လာခဲ့သည္မွာ ၁၉၆၀မွစ၍ ယေန႔အထိပင္ျဖစ္သည္။

ေခါင္းေဆာင္ဆိုသူမ်ားသည္ သူတို႔သားစဥ္ေျမးဆက္မ်ား၏ အူမမ်ားေတာင့္ႏိုင္ရန္ကိုသာ အဓိက ဦးစားေပးေလ့ရွိၿပီး တိုင္းရင္းသားမ်ား ႏွင့္လူနည္းစုတို႔ကို သူတို႔၏ကိုယ္က်ိဳးစီးပြား အဓြန႔္ရွည္ေရးတြင္ ျဖည့္ဆည္းေပးႏိုင္မည့္ အခြင့္အေရးေကာင္းအျဖစ္ တရားေသ မွတ္ယူထားၾကသည္။ သို႔ျဖစ္ရာ တိုင္းရင္းသားမ်ားအနက္ အဖိႏွိပ္ခံဘဝမွ လြတ္ေျမာက္လိုသူမ်ားကို ျပည္တြင္းေသာင္းက်န္းသူမ်ားဟု အမည္ေပး၍လည္းေကာင္း၊ လူနည္းစုတို႔အား ဘာသာေရး၊ လူမ်ိဳးေရးဆိုင္ရာ ဝါဒျဖန႔္မႈႏွင့္ အၾကမ္းဖက္သမားမ်ားဟု အမည္ေပး၍လည္းေကာင္း၊ ညႇင္းပန္း ႏွိပ္စက္ခြင့္ လိုင္စင္ရထားသူမ်ားပီပီ ႏိုင္ငံတကာဥပေဒကို ဂ႐ုမစိုက္ဘဲ ထင္ရာစိုင္း လုပ္လာခဲ့ၾကသည္မွာလည္း ၁၉၆၀မွ ယေန႔အထိပင္ ျဖစ္၏။

၂၀၁၂တြင္ တ႐ုတ္တို႔၏ ေ႐ႊဂက္စ္စီမံကိန္းကို အေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္ ႐ိုဟင္ဂ်ာတို႔အား ရက္ရက္စက္စက္ သတ္ျဖတ္ၿပီးေနာက္ ႏိုင္ငံတကာအား “ခိုးဝင္ဘဂၤလီမ်ားကို တတိယကမာၻသို႔ ပို႔ေပးပါ”ဟု သမၼတ ဦးသိန္းစိန္က ေတာင္းဆိုခဲ့ဖူးတယ္။ ၂၀၁၆မွစ၍ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈကို ပို၍ရဲရဲတင္းတင္း က်ဴးလြန္လာခဲ့ၿပီးေနာက္ ႐ိုဟင္ဂ်ာတစ္သန္းနီးပါးကို ဘဂၤလားေဒ့ရွ္ဘက္သို႔ ေမာင္းထုတ္ခဲ့သည္။

ႏိုင္ငံတကာ အသိုင္းအဝိုင္းက ေထာင္ေသာင္းခ်ီေသာ အေထာက္အထားမ်ားေပၚ အေျခခံ၍ တရားစြဲဆိုျခင္းကိုလည္း သူတို႔၏ မ်ိဳး႐ိုးဗီဇထဲတြင္ “သီလလုံးဝ ကင္းမဲ့ေနသူမ်ားပမာ “ေဒၚစုကို ဝန္းရံၾက၊ အႏိုင္က်င့္မႈ ဆန႔္က်င္ၾက၊ OIC အား လူအင္အား ေငြအင္အားသုံးၿပီး ငါတို႔ႏိုင္ငံ၏အခ်ဳပ္အျခာကို ေစာ္ကားခြင့္ေပးမည္မဟုတ္” စသည္ျဖင့္ လူ႐ိုင္းမ်ားပမာ ေျပာဆို ေႂကြးေၾကာ္ေနျခင္းျဖင့္ ျပႆနာကို မေျဖရွင္းႏိုင္ေၾကာင္း၊ သီလမသိသူမ်ား တိုင္းျပည္ကို အုပ္ခ်ဳပ္လွ်င္ ျပည္သူအားလုံး ဆင္းရဲတြင္းနက္ထဲသို႔ ေဇာက္ထိုးက်သြားလိမ့္မည္ျဖစ္ေၾကာင္း၊ တရားမွ်တမႈကို လ်စ္လ်ဴ ရႈျခင္းျဖင့္ ေျခေလးေခ်ာင္း သတၱဝါထက္ဆိုးသည့္ စ႐ိုက္ရွင္မ်ားျဖစ္လာေၾကာင္းႏွင့္ ျပႆနာကို ေျဖရွင္းလိုေသာ ဆႏၵရွိလွ်င္ အမွန္တရားကိုလက္ခံၿပီး ေျဖာင့္မတ္မွန္ကန္ေသာ နည္းစနစ္မ်ားကိုသာ သုံးသင့္ေၾကာင္း ဦးကိုနီကဲ့သို႔ NLD ၏ ေက်းဇူးရွင္ကိုပင္ လူမဆန္စြာျဖင့္ လူျမင္ကြင္းမွာ လုပ္ႀကံၿပီးေနာက္ အမႈကိုပါ ေဖ်ာက္ပစ္ထားသူမ်ားသည္ ႐ိုဟင္ဂ်ာတို႔အား ဂ်ီႏိုဆိုဒ္အမႈ က်ဴးလြန္ခဲ့သူမ်ားပင္ ျဖစ္ေၾကာင္း အႀကံျပဳ တင္ျပလိုက္ရပါသည္။

Related posts

အာဆီယံဆွေနွေးပွဲက တရားခံကို တရားလိုနဲ့ တတန်းတည်းထားခြင်းလား

တရုတ်နှင့်ရက္ခိုင့်တပ်မတော်(အေအေ)တို့ ဆက်နွယ်ပုံ

နွေဦးတော်လှန်ရေး