ဂမ်ဘီယာအစိုးရက မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာတို့အား လူမျိုးတုံးသတ်ဖြတ်မှုအတွက် တရားစွဲဆိုသည်ကို မြန်မာနိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ချေပသည်မှာ အလွန်အံ့ဖွယ်ကောင်းသည့် သံယောဇဉ်တစ်ခုခုကြောင့်သာဖြစ်သည်။ ထိုသံယောဇဉ်မှာ အဘယ်နည်း။ မြန်မာနိုင်ငံ၏အချုပ်အခြာကို ကာကွယ်လိုသောဆန္ဒကြောင့် နိုင်ငံအပေါ်ထားရှိသောသံယောဇဉ်ဖြစ်သလား။ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့သော တပ်မတော်အပေါ်ထားရှိသော သံယောဇဉ်ဖြစ်သလား။ ဒီမိုကရေစီနိုင်ငံဖြစ်လိုသောဆန္ဒကြောင့်ဖြစ်ပေါ်လာသော ပြည်သူ့သံယောဇဉ်ဖြစ်သလားဟူသည်ကို ဆန်းစစ်ရသော်…
(၁) သံယောဇဉ်ဟူသည်မှာ ကြင်ဖော်ကြင်ဖက်များနှင့်သားသမီးဆွေမျိုးအရင်းအချာတို့ပေါ်တွင် မေတ္တာကြောင့်ဖြစ်ပေါ်လာသည့် သံယောဇဉ်များရှိသကဲ့သို့ အမှန်တရားနှင့်ယုံကြည်မှုကို အသက်မက မြတ်နိုးလိုစိတ်ကြောင့် ဖြစ်ပေါ်လာသော သံယောဇဉ်များဟူ၍ရှိကြသည်။
(၂) မြန်မာပြည်သူအားလုံးက အာဏာရှင်တို့၏စနစ်ဆိုးမှ ရုန်းထွက်ရန်ကြိုးစားနေသည်မှာ ၁၉၆၂မှစ၍ ယနေ့အထိပင်ဖြစ်သည်။ ၁၉၈၈တွင် ပြည်သူပေါင်းများစွာတို့က ဒီမိုကရေစီအတွက် အသက်ပေးခဲ့ကြရသည်။
(၃) အာဏာရှင်တို့က သူတို့အလိုကျ ၂၀၀၈ဖွဲ့စည်းပုံကို ရေးဆွဲခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ရွေးကောက်ပွဲ၌ မပါဝင်ရန် ဆုံးဖြတ်ခဲ့သော်လည်း ၂၀၁၅ရွေးကောက်ပွဲတွင် ပါဝင်ရန်ဆုံးဖြတ်ပြီးနောက်ပြည်သူအားလုံးအား ရွေးကောက်ပွဲအနိုင်ရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးမည်ဟု ကတိပေးခဲ့သည်။ သို့သော်အာဏာရ အပြီးတွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်နိုင်စွမ်းရှိသည့် ဥပဒေပညာရှင်ကြီး ဦးကိုနီကိုပါ ရက်ရက်စက်စက်သတ် ဖြတ်ခွင့်ပေးပြီး အမှုကိုလည်း အလွယ်တကူဖျောက်ဖျက်ခဲ့ပြီ။
(၄) ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ လုပ်ကြံရန်အတွက်ပင် စီစဉ်ခဲ့သော စစ်ခေါင်းဆောင်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာအလုံးစုံကို စွန့်၍ ကာကွယ်ရအောင် မည်သည့်သံယောဇဉ်က တွန်းအားပေးသနည်း။
(၅) စစ်ခေါင်းဆောင်တို့၏ ရက်စက်ကြမ်းကြုတ်မှုများမှ လွတ်မြောက်နိုင်ရန် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားများ၏အရေးကို လျစ်လျူရှု၍ အာဏာရှင်တစ်စုကို အဘယ်ကြောင့် ဂုဏ်သိက္ခာအလုံးစုံစွန့်လျက် ကယ်တင်နေရသနည်း။ ပြည်သူအားလုံးကို သစ္စာဖောက်ရာရောက်ပြီး ပြည်သူအများစု၏ ရန်သူဖြစ်သော စစ်ရာဇဝတ်ကောင်များကို အဘယ်ကြောင့် ကာကွယ်နေရပါသနည်း။ မည်သည့်သံယောဇဉ်ကြောင့်နည်း။
(၆) အချစ်မှာ မျက်စိမရှိဟုပြောဆိုလျက် ဒေါ်အောင်ဆန်းစုကြည်အား အရူးအမူးထောက်ခံနေကြသော ကြေးစားသမားများမှာ အထက်ပါအချက်အလက်များကို တွေးခေါ်နိုင်စွမ်းရှိပါသလား၊ သို့တည်းမဟုတ် ခြေလေးချောင်းသတ္တဝါးများပမာ အသိဉာဏ်ကင်းမဲ့နေကြသလား။
(၇) အတွေးအခေါ်မရှိသူ အချို့က “ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကိုချစ်သည့်အတွက် စစ်ရာဇဝတ်ကောင်များနှင့်အပေးအယူလုပ်ပြီး တိုင်းပြည်ကောင်းစားရေးလုပ်နေခြင်းဖြစ်သည်” ဟု သုံးသပ်ပြောဆိုခဲ့ အမှန်မှာ စစ်ရာဇဝတ်ကောင်များနှင့် အပေးအယူလုပ်ခြင်းသည်ပင် စစ်ရာဇဝတ်မှုကို ထောက်ခံအားပေးခြင်းသာဖြစ်ပြီး ပြည်သူအတွက် စိုးစဉ်းမျှ အကျိုးမရှိနိုင်ပေ။
(၈) အမှန်တရားနှင့် တရားမျှတမှုကို ချစ်မြတ်နိုးသူတို့သည် သူတို့၏အသက်အန္တရာယ်ရှိသည့်အချိန်များ၌ပင် စစ်ရာဇဝတ်ကောင်များနှင့် အပေးအယူလုပ်လေ့မရှိကြပေ။ ပြည်သူကို ချစ်မြတ်နိုးသူ မည်သူမဆို ပြည်သူအားလုံးကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့ကြသော စစ်ရာဇဝတ်ကောင်များအတွက် မည်သည့်သံယောဇဉ်ကြိုးမျှ တွယ်နိုင်မည်မဟုတ်ချေ။
(၉) စစ်ရာဇဝတ်ကောင်များကို အကာအကွယ်ပေးခြင်း၊ ထိုသို့အကာအကွယ်ပေးရန် ဂုဏ်သိက္ခာကို ပဓါနမထားဘဲ ကြံ့ကြံ့ခံရပ်တည်သူအတွက် ဂုဏ်ယူခြင်း၊ နှင့် “We Stand With You” ဟု ကြွေးကြော်ခြင်း စသည်တို့သည် ပြည်သူအားလုံး၏ယုံကြည်မှု၊ အခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့ကို စော်ကားနေခြင်းသာဖြစ်ပြီး ရာဇဝတ်ကောင်များမှလွဲ၍ ပြည်သူအတွက် စိုးစဉ်းမျှ အကျိုးမရှိနိုင်ပေ။
#Zawgyi
ေဒၚေအာင္ဆန္းစုၾကည္၏ အံ့ဖြယ္သံေယာဇဥ္
ဂမ္ဘီယာအစိုးရက ျမန္မာႏိုင္ငံအေပၚ ႐ိုဟင္ဂ်ာတို႔အား လူမ်ိဳးတုံးသတ္ျဖတ္မႈအတြက္ တရားစြဲဆိုသည္ကို ျမန္မာႏိုင္ငံ၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သြားေရာက္ရင္ဆိုင္ေခ်ပသည္မွာ အလြန္အံ့ဖြယ္ေကာင္းသည့္ သံေယာဇဥ္တစ္ခုခုေၾကာင့္သာျဖစ္သည္။ ထိုသံေယာဇဥ္မွာ အဘယ္နည္း။ ျမန္မာႏိုင္ငံ၏အခ်ဳပ္အျခာကို ကာကြယ္လိုေသာဆႏၵေၾကာင့္ ႏိုင္ငံအေပၚထားရွိေသာသံေယာဇဥ္ျဖစ္သလား။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းထူေထာင္ခဲ့ေသာ တပ္မေတာ္အေပၚထားရွိေသာ သံေယာဇဥ္ျဖစ္သလား။ ဒီမိုကေရစီႏိုင္ငံျဖစ္လိုေသာဆႏၵေၾကာင့္ျဖစ္ေပၚလာေသာ ျပည္သူ႔သံေယာဇဥ္ျဖစ္သလားဟူသည္ကို ဆန္းစစ္ရေသာ္…
(၁) သံေယာဇဥ္ဟူသည္မွာ ၾကင္ေဖာ္ၾကင္ဖက္မ်ားႏွင့္သားသမီးေဆြမ်ိဳးအရင္းအခ်ာတို႔ေပၚတြင္ ေမတၱာေၾကာင့္ျဖစ္ေပၚလာသည့္ သံေယာဇဥ္မ်ားရွိသကဲ့သို႔ အမွန္တရားႏွင့္ယုံၾကည္မႈကို အသက္မက ျမတ္ႏိုးလိုစိတ္ေၾကာင့္ ျဖစ္ေပၚလာေသာ သံေယာဇဥ္မ်ားဟူ၍ရွိၾကသည္။
(၂) ျမန္မာျပည္သူအားလုံးက အာဏာရွင္တို႔၏စနစ္ဆိုးမွ ႐ုန္းထြက္ရန္ႀကိဳးစားေနသည္မွာ ၁၉၆၂မွစ၍ ယေန႔အထိပင္ျဖစ္သည္။ ၁၉၈၈တြင္ ျပည္သူေပါင္းမ်ားစြာတို႔က ဒီမိုကေရစီအတြက္ အသက္ေပးခဲ့ၾကရသည္။
(၃) အာဏာရွင္တို႔က သူတို႔အလိုက် ၂၀၀၈ဖြဲ႕စည္းပုံကို ေရးဆြဲခဲ့သည့္အတြက္ ေဒၚေအာင္ဆန္းစုၾကည္က ၂၀၁၀ေ႐ြးေကာက္ပြဲ၌ မပါဝင္ရန္ ဆုံးျဖတ္ခဲ့ေသာ္လည္း ၂၀၁၅ေ႐ြးေကာက္ပြဲတြင္ ပါဝင္ရန္ဆုံးျဖတ္ၿပီးေနာက္ျပည္သူအားလုံးအား ေ႐ြးေကာက္ပြဲအႏိုင္ရလွ်င္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေပးမည္ဟု ကတိေပးခဲ့သည္။ သို႔ေသာ္အာဏာရ အၿပီးတြင္မူ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ႏိုင္စြမ္းရွိသည့္ ဥပေဒပညာရွင္ႀကီး ဦးကိုနီကိုပါ ရက္ရက္စက္စက္သတ္ ျဖတ္ခြင့္ေပးၿပီး အမႈကိုလည္း အလြယ္တကူေဖ်ာက္ဖ်က္ခဲ့ၿပီ။
(၄) ေဒၚေအာင္ဆန္းစုၾကည္ကို ဒီပဲယင္းမွာ လုပ္ႀကံရန္အတြက္ပင္ စီစဥ္ခဲ့ေသာ စစ္ေခါင္းေဆာင္အတြက္ ေဒၚေအာင္ဆန္းစုၾကည္၏ ဂုဏ္သိကၡာအလုံးစုံကို စြန႔္၍ ကာကြယ္ရေအာင္ မည္သည့္သံေယာဇဥ္က တြန္းအားေပးသနည္း။
(၅) စစ္ေခါင္းေဆာင္တို႔၏ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားမွ လြတ္ေျမာက္ႏိုင္ရန္ ႏွစ္ေပါင္းမ်ားစြာ တိုက္ပြဲဝင္ေနၾကေသာ တိုင္းရင္းသားမ်ား၏အေရးကို လ်စ္လ်ဴရႈ၍ အာဏာရွင္တစ္စုကို အဘယ္ေၾကာင့္ ဂုဏ္သိကၡာအလုံးစုံစြန႔္လ်က္ ကယ္တင္ေနရသနည္း။ ျပည္သူအားလုံးကို သစၥာေဖာက္ရာေရာက္ၿပီး ျပည္သူအမ်ားစု၏ ရန္သူျဖစ္ေသာ စစ္ရာဇဝတ္ေကာင္မ်ားကို အဘယ္ေၾကာင့္ ကာကြယ္ေနရပါသနည္း။ မည္သည့္သံေယာဇဥ္ေၾကာင့္နည္း။
(၆) အခ်စ္မွာ မ်က္စိမရွိဟုေျပာဆိုလ်က္ ေဒၚေအာင္ဆန္းစုၾကည္အား အ႐ူးအမူးေထာက္ခံေနၾကေသာ ေၾကးစားသမားမ်ားမွာ အထက္ပါအခ်က္အလက္မ်ားကို ေတြးေခၚႏိုင္စြမ္းရွိပါသလား၊ သို႔တည္းမဟုတ္ ေျခေလးေခ်ာင္းသတၱဝါးမ်ားပမာ အသိဉာဏ္ကင္းမဲ့ေနၾကသလား။
(၇) အေတြးအေခၚမရွိသူ အခ်ိဳ႕က “ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူကိုခ်စ္သည့္အတြက္ စစ္ရာဇဝတ္ေကာင္မ်ားႏွင့္အေပးအယူလုပ္ၿပီး တိုင္းျပည္ေကာင္းစားေရးလုပ္ေနျခင္းျဖစ္သည္” ဟု သုံးသပ္ေျပာဆိုခဲ့ အမွန္မွာ စစ္ရာဇဝတ္ေကာင္မ်ားႏွင့္ အေပးအယူလုပ္ျခင္းသည္ပင္ စစ္ရာဇဝတ္မႈကို ေထာက္ခံအားေပးျခင္းသာျဖစ္ၿပီး ျပည္သူအတြက္ စိုးစဥ္းမွ် အက်ိဳးမရွိႏိုင္ေပ။
(၈) အမွန္တရားႏွင့္ တရားမွ်တမႈကို ခ်စ္ျမတ္ႏိုးသူတို႔သည္ သူတို႔၏အသက္အႏၲရာယ္ရွိသည့္အခ်ိန္မ်ား၌ပင္ စစ္ရာဇဝတ္ေကာင္မ်ားႏွင့္ အေပးအယူလုပ္ေလ့မရွိၾကေပ။ ျပည္သူကို ခ်စ္ျမတ္ႏိုးသူ မည္သူမဆို ျပည္သူအားလုံးကို ႏွစ္ေပါင္းမ်ားစြာ ဒုကၡေပးခဲ့ၾကေသာ စစ္ရာဇဝတ္ေကာင္မ်ားအတြက္ မည္သည့္သံေယာဇဥ္ႀကိဳးမွ် တြယ္ႏိုင္မည္မဟုတ္ေခ်။
(၉) စစ္ရာဇဝတ္ေကာင္မ်ားကို အကာအကြယ္ေပးျခင္း၊ ထိုသို႔အကာအကြယ္ေပးရန္ ဂုဏ္သိကၡာကို ပဓါနမထားဘဲ ႀကံ့ႀကံ့ခံရပ္တည္သူအတြက္ ဂုဏ္ယူျခင္း၊ ႏွင့္ “We Stand With You” ဟု ေႂကြးေၾကာ္ျခင္း စသည္တို႔သည္ ျပည္သူအားလုံး၏ ယုံၾကည္မႈ၊ အခြင့္အေရးႏွင့္ ဂုဏ္သိကၡာတို႔ကို ေစာ္ကားေနျခင္းသာျဖစ္ၿပီး ရာဇဝတ္ေကာင္မ်ားမွလြဲ၍ ျပည္သူအတြက္ စိုးစဥ္းမွ် အက်ိဳးမရွိႏိုင္ေပ။