သူမိုက် သူယုတ်တို့ တိုင်းပြည်အုပ်ချုပ်သောအခါ
မြတ်ဗုဒ္ဓ၏ ဆိုဆုံးမစကားအရ မကောင်းမှုကိုသာ ကြံစည်ခြင်း၊ မကောင်းသော၊ အပြစ်မကင်းသော စကားကိုသာ ပြောဆိုခြင်းနှင့် မကောင်းမှုကိုသာပြုလုပ်ခြင်းတို့သည် သူမိုက်သူယုတ်တို့၏ လက္ခဏာများ ဖြစ်ကြသည်။ အဆိုပါ လက္ခဏာများရှိသူတို့မှာ ပညာတတ်သူပင် ဖြစ်စေ၊ အမျိုးမြတ်သူပင် ဖြစ်စေ၊ ပစ္စည်းဥစ္စာ ကြွယ်ဝသူပင်ဖြစ်စေ၊ မင်းအစိုးရပင် ဖြစ်စေ၊ မည်သူမဆို သူမိုက်သူယုတ်သာတည်း။ သူမိုက်သူယုတ်တို့ တိုင်းပြည်အုပ်ချုပ်သောအခါ ကမ္ဘာ့ အသိုင်းအဝိုင်း၏ ကဲ့ရဲ့ခြင်းခံရတတ်၏။ ပြည်သူများ…