စစ်တွေ နာဇီအကျဥ်းစခန်းမှ ဒေါက်တာဆာဆာထံသို့ အိပ်ဖွင့်ပေးစာ

လေးစားအပ်ပါသော ဒေါက်တာဆာဆာခင်ဗျား – ဘုရားသခင်၏မျက်နှာသာပေးမှုကြောင့် ဒေါက်တာက ကုလအထူးသံတမန်ဖြစ်ကြောင်းကို များစွာ ဂုဏ်ယူပါ၏။ ကျွန်တော်သည် ၂၀၁၂ မှ ယနေ့အထိ နာဇီအကျဥ်းစခန်းပမာ ပိတ်လှောင်ခံထားရရုံသာမက ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး အစရှိသည့် မည်သည့်လူ့အခွင့်အရေးကိုမျှ မခံစားရဘဲ ဘဝရှင်သန်နေသော ဂျီနိုဆိုဒ် victim တစ်ဦးဖြစ်ပါသည်။ ဒေါက်တာက အလုပ်များသည့်အတွက် လိုရင်းကိုသာ အဓိကထား၍ အတိုချုံ့ဖော်ပြပါရစေ။…

Read more

UN USA UK တို့က မြန်မာ့အရေးကို ဘာကြောင့် အချိန်ဆွဲနေသလဲ

လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ရုရှား ဗီတိုသုံးခွင့်ရှိပေမဲ့ US နဲ့ UK တို့လုပ်ချင်ရင် တရုတ်နဲ့ရုရှားကို ဂရုစိုက်တာမဟုတ်ဘူး။ အာဖဂန်၊ အီရတ်၊ ဆီးရီးယား၊ လီဗီးယားစတဲ့ နိုင်ငံတွေမှာ US စွက်ဖက်တဲ့အချိန် ဂရုမစိုက်ခဲ့တာ အထင်အရှားပါပဲ။ ဒီတော့ မြန်မာ့အရေးမှာ ဘာဖြစ်လို့ တွန့်ဆုတ်နေတာလဲ။ မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးက ကြေညာချက်တစုံတရာ ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ပြီးဆုံးသွားတယ်။ ရုရှားနဲ့တရုတ်တို့က မြန်မာပြည်တွင်ဖြစ်ပေါ်နေတဲ့ကိစ္စများဟာ…

Read more

ရခိုင်သားတွေ တွေးချိန်တန်ပြီ

AA က တရုတ်အကျိုးစီးပွားကို ကာကွယ်နေတယ်။ တရုတ်က မီးစိမ်းပြတော့ မင်းအောင်လှိုင်နဲ့ ပေါင်းတယ်။ သဘာဝဓါတ်ငွေ့တွေကို စာရင်းမရှိ အင်းမရှိ လိုသလောက်ကို တရုတ်က ယူသွားနေပြီ။ မကြာခင် သဘာဝဓါတ်ငွေ့ ခန်းခြောက်သွားရင် တရုတ်က AA ကို ကန်ထုတ်မယ်။ ရခိုင်ပြည်သူတွေ ဒုက္ခရောက်မယ်။ အဝကျွန်းသား အေးမောင်အုပ်စုကို နားယောင်ပြီး UN အလိုမရှိ ၊ US…

Read more

မင်းအောင်လှိုင်က လက်နက်မဲ့ ပြည်သူကို စစ်ကျေညာပြီလား

နှစ်ပေါင်းများစွာ သူပုန်တွေကို တိုက်နေရတယ်လို့ အကြောင်းပြကာ ပြည်သူ့ဘဏ္ဍာငွေကို အများဆုံး သုံးစွဲခွင့် ယူနေတဲ့ မင်းအောင်လှိုင်ဟာ သူ့ရဲ့ မဟာဗျူဟာအရှိဆုံး တပ်မတွေ ဖြစ်တဲ့ တပ်မ 33 တပ်မ 77 တပ်မ 99 တွေကို လက်နက်မဲ့ ပြည်သူတွေအား ရက်ရက်စက်စက် ပစ်သတ်ဖို့ သုံးခဲ့ပြီ။ ကျောင်းဆရာမ၊ ဆရာဝန်၊ အင်ဂျီနီယာ၊ လက်လုပ်လက်စား ကျောင်းသားလူငယ်…

Read more

ရာဇဝတ်ကောင် မင်းအောင်လှိုင်က ARSA ကို နောက်တစ်ကြိမ် ​အသုံးချနိုင်မလား

မကြာသေးမီက ဘင်္ဂလားဒေ့ချ်ဒုက္ခသည် စခန်းတချို့ မီးရှို့ခြင်းခံရတယ်။ တချို့က ရခိုင်နဲ့စစ်အာဏာတွေအတွက် WY ကယ်ရီလုပ်တဲ့ ရိုဟင်ဂျာအုပ်စုက လုပ်တယ်လို့ ပြောတယ်။ တချို့ကလဲ စစ်အာဏာရှင်တွေက ARSA ကို သုံးပြီး ခိုင်းထားတယ်လို့ ပြောကြတယ်။ ဒီနေ့မနက် ဘောဒူပါရခိုင်သားသူငယ်ချင်းတစ်ဦးက ဒုက္ခသည်စခန်းမှာ စျေးလာ​ရောင်းတဲ့ “ARSA ပြန်ပေါ်လာနိုင်တယ်။ စစ်အာဏာရှင်တွေက မွတ်စလင်တွေကို အလွယ်တကူ အသုံးချနိုင်တယ်။ ဒုက္ခသည်စခန်းမှာ စစ်တပ်က…

Read more

၂၀၂၁ စစ်အာဏာသိမ်းမှုအတွက် ကြိုတင်ပြင်ဆင်မှုများ

(ကိုယ်ပိုင်အမှတ်-ကြည်း၁၄၂၃၂) မင်းအောင်လှိုင်သည် ၁၉၉၉ ခုနှစ်တွင် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၌ ဗိုလ်မှူးကြီး( နည်းဗျူဟာမှူး အဆင့်သာရှိခဲ့သော်လည်း ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဗိုလ်ချုပ် (တိုင်းမှူး) အဆင့်ရောက်ချိန်တွင်မူ ကာကွယ်ရေးဦးစီးချုပ်အဆင့်အတွက် အခွင့်အလမ်း ရခဲ့သည်။ ၁၉၈၈ အရေးတော်ပုံကို ရက်ရက်စက်စက် နိမ်နင်းခဲ့ပြီးသည်နှင့် တစ်နိုင်ငံလုံးမှာရှိခဲ့သော ယခင်သမဝါယမ ဆိုင်အားလုံးကို ဓမ္မာရုံများအဖြစ်ပြောင်းလဲခဲ့သည်။ သမဝါယမဆိုင်မရှိသော လမ်းများမှာ…

Read more

ဒေါ်အောင်ဆန်းစုကြည်၏ အံ့ဖွယ်သံယောဇဉ်

ဂမ်ဘီယာအစိုးရက မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာတို့အား လူမျိုးတုံးသတ်ဖြတ်မှုအတွက် တရားစွဲဆိုသည်ကို မြန်မာနိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ချေပသည်မှာ အလွန်အံ့ဖွယ်ကောင်းသည့် သံယောဇဉ်တစ်ခုခုကြောင့်သာဖြစ်သည်။ ထိုသံယောဇဉ်မှာ အဘယ်နည်း။ မြန်မာနိုင်ငံ၏အချုပ်အခြာကို ကာကွယ်လိုသောဆန္ဒကြောင့် နိုင်ငံအပေါ်ထားရှိသောသံယောဇဉ်ဖြစ်သလား။ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့သော တပ်မတော်အပေါ်ထားရှိသော သံယောဇဉ်ဖြစ်သလား။ ဒီမိုကရေစီနိုင်ငံဖြစ်လိုသောဆန္ဒကြောင့်ဖြစ်ပေါ်လာသော ပြည်သူ့သံယောဇဉ်ဖြစ်သလားဟူသည်ကို ဆန်းစစ်ရသော်… (၁) သံယောဇဉ်ဟူသည်မှာ ကြင်ဖော်ကြင်ဖက်များနှင့်သားသမီးဆွေမျိုးအရင်းအချာတို့ပေါ်တွင် မေတ္တာကြောင့်ဖြစ်ပေါ်လာသည့် သံယောဇဉ်များရှိသကဲ့သို့ အမှန်တရားနှင့်ယုံကြည်မှုကို အသက်မက မြတ်နိုးလိုစိတ်ကြောင့် ဖြစ်ပေါ်လာသော…

Read more

ICJ မှာ တရားစွဲဆိုခံရမှုကို ဖြေရှင်းလိုသော ဆန္ဒရှိလျှင်

မြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုခံရသည့်အမှုသည် လူအင်အား၊ ငွေအင်အားနှင့် နည်းပညာစွမ်းရည်ထက် မြန်မာ့ခေါင်းဆောင်ဆိုသူများ၏ သီလပေါ်တွင်သာ မူတည်နေကြောင်း တွေးမြင်သုံးသပ်လိုပါသည်။ အကြောင်းမှာ ကမ္ဘာ့အမြင့်ဆုံး တရားရုံးဖြစ်သည့် ICJ မှာ မြန်မာအစိုးရကို လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် ချိုးဖောက်မှုဖြင့် အမှုစွဲထားခြင်းဖြစ်ပြီး ထိုစာချုပ်ပါ အချက်အလက်များကို ကျူးလွန်ချိုးဖောက်မှုသည် နိုင်ငံတစ်နိုင်ငံ၏ လူ့အရင်းအမြစ်နှင့် ချမ်းသာကြွယ်ဝမှုထက် နိုင်ငံ့ခေါင်းဆောင်များ၏ သီလ…

Read more

တပည့်တော် အမှန်အတိုင်း ဝန်ခံပါရစေ အရှင်ဘုရား

တပည့်တော်တို့အား တတ်သိစအရွယ်မှ စပြီးတော့ တပည့်တော်တို့ရဲ့မွေးသမိခင်နဲ့ ကျွေးသဖခင်တို့က ဗုဒ္ဓဘာသာရဲ့ အရပ်ဆယ်မျက်နှာမေတ္တာရွတ်ခိုင်းတော့ ကြီးပြင်းလာတဲ့အထိ ဗုဒ္ဓဘာသာဆိုတာ မေတ္တာပို့ရတဲ့ ဘာသာ တရားတစ်ခုလို့ထင်မှတ်ယူဆလာခဲ့တယ်။ ဒါပေမဲ့ မိခင်ရင်ခွင် မှာကတည်းက သွန်သင်ခံခဲ့ရတဲ့ အနှစ်သာရတွေဟာ ၂၀၁၁ မှစပြီး မေတ္တာ ၅၂၈ သွယ်ပို့ရမယ့်အချိန်ရောက်တော့မှ ဒွိဟသံသယ ပင်လယ်ထဲ တဝဲလည်လည် ဖြစ်ခဲ့ရတယ်။ အကြောင်းမှာ တပည့်တော်တို့ အင်မတန်ကြည်ညိုလေးစားရတဲ့ သီတဂုဆရာတော်နဲ့…

Read more

တမန်တော်ကိုစော်ကားပြီး မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မလား

တမန်တော်ကိုစော်ကားပြီး မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မလား ပြည်သူတွေရဲ့ ဘဝလုံခြုံမှုအာမခံချက် လုံးဝကင်းမဲ့တဲ့အချိန် ရှစ်လေးလုံးအရေးတော်ပုံ ပေါ်လာခဲ့တယ်။ မဆလအစိုးရပြုတ်သွားခဲ့ပေမယ့် စစ်အာဏာရှင်တွေက အာဏာကို ဆက်လက်စွဲကိုင်လာခဲ့ကြတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ပြည်တွင်းစစ်ပြဿနာကို ကိုယ်ကျိုးရှာသမားတွေဖြစ်တဲ့ စစ်အာဏာရှင်တွေ မဖြေရှင်းနိုင်၊ ဖြေရှင်းလိုစိတ်လဲမရှိ၊ ဒီတော့ သူတို့အာဏာတည်မြဲရေးအတွက် ပြဿနာတွေကိုပဲ ဆက်လက်တိုးပွားစေခဲ့တယ်။ ပထမဆုံးချခဲ့တဲ့ ပြဿနာရဲ့မျိုးစေ့က လမ်းတိုင်းဓမ္မာရုံတွေ ဆောက်ခြင်းပဲ။ မဆလခေတ်က သမဝါယမဆိုင်တွေအားလုံးကို ဓမ္မာရုံတွေအဖြစ်…

Read more