ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် ထောင်ကျခံရတဲ့ စစ်သား ၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ပြီဆိုတဲ့ကြောင့် ကမ္ဘာတစ်ခုလုံးက တုန်လှုပ်ချောက်ချားဖြစ်ခဲ့တယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြန်ကြားရေးတာဝန်ခံနဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဇော်ဋ္ဌေး ခေါ် မှူးဇော်က ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ တရားခံအကြောင်းကို ထိန်ချန်ထားပြီး တရားမျှတမှုအတွက် တောင်းဆိုသူတွေကို ဝေဖန်ခဲ့တယ်။
ရိုဟင်ဂျာတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ တရားခံတွေကို လွှတ်ပေးလိုက်ပြီလို့ Myanmar National Television MNTV က ထုတ်လွှင့်ခဲ့တယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး မစ္စ ယန်ဟီးလီက သူတို့ကို လွှတ်ပေးရင် တရားမျှတမှုဆိုတာ ဘယ်မှာလဲဆိုပီး မေးခွန်းထုတ်ခဲ့တယ်။
MNTV မှာ ဖော်ပြတဲ့ အဲဒီသတင်းဟာ မှားယွင်းကြောင်း ဇော်ဋ္ဌေးက ချေပတဲ့အခါ သူကိုယ်တိုင်ပြန်ပြီး အကြိမ်ကြိမ်ပြင်ဆင်ရေးသားခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်။ screen shot ကို ပါ ပူးတွဲတင်ပြလိုက်တယ်။ ဇော်ဋ္ဌေးက မြန်မာစာ မရေးတတ်တာ မဟုတ်ဘူး။ သူ့အကျင့်အတိုင်း လိမ်နေရလို့ ပျာယာခတ်ပီး အမှားမှားအယွင်းယွင်း ဖြစ်သွားတာ။ MNTV မှာ အဲဒီသတင်းကို ထုတ်လွှင့်ပြီး ၁နာရီလောက်ကြာမှ ဇော်ဋ္ဌေးရဲ့ ညွှန်ကြားချက်ကြောင့်သာ ဖြုတ်ချခဲ့တာ။
Madam! Look at @ZawHtayMyanmar's comments please, a director of information ministry of #Myanmar was panic, could not write even in Burmese language properly; changed the sentences repeatedly because he was deceiving. #InnDin pic.twitter.com/buyVF1XczG
— Aung Aung (@Aungaungsittwe) April 19, 2018
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မစ္စယင်ဟီးလီက အဲဒီသတင်းမှားယွင်းတယ်လို့ သိတာနဲ့ ချက်ချင်းပဲ သူမရဲ့တွစ်တာမှာ တောင်းပန်ခဲ့တယ်။ သတင်းထုတ်လွှင့်မှုက မစ္စယင်ဟီးလီ မဟုတ်ဘူး။ MNTV သာ ဖြစ်တယ်။ MNTV က အစိုး ရနဲ့ Sky Net ပူးတွဲလုပ်ကိုင်တဲ့ ရုပ်သံလွှင့်ဌာနဖြစ်တယ်။
မစ္စယင်ဟီးလီ စိတ်မကောင်းဖြစ်ခဲ့တာ MNTV ရဲ့ သတင်းထုတ်လွှင့်မှုကြောင့်ပဲ။ ဒါကို အမှန်တော့ သူမ တောင်းပန်စရာ မလိုဘူး။ ဒါပေမဲ့ သူမက လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့ကိုယ်ကျင့်သိက္ခာကို လေးစားမြတ်နိုးတဲ့ ပါမောက္ခတစ်ဦးပီပီ ပြန်လည် တောင်းပန်စကားပြောခဲ့တယ်။ အဲ့ဒီတောင်းပန်စကားကို ဇော်ဋ္ဌေးက အခွင့်ကောင်းယူပြီး သူမကို သိက္ခာချဖို့ ကြိုးစားတယ်။ ဘယ်လောက် ကောက်ကျစ် ယုတ်မာတဲ့ကောင်လဲဆိုတာ လူတိုင်း နားလည်နိုင်တယ်။
ဒီဇော်ဋ္ဌေးခေါ် မှူးဇော်ဟာ မြန်မာနိုင်ငံရဲ့သတင်းမှန်သမျှကို ချုပ်ကိုင်ထားတယ်။ ၂၀၁၁ မှ ယနေ့အထိ မုန်းတီးရေးဝါဒဖြန့်ချီမှု၊ မဟုတ်မမှန် သတင်းထုတ်လွှင့်မှု၊ အကြမ်းဖက်မှု ဖြစ်အောင် လှုံ့ဆော်မှုတွေမှာ သူ အဓိက ကြိုးကိုင်ခဲ့တယ်။ အဲဒီကြောင်သူတော် ဘာလုပ်သလဲဆိုတာ ကြည့်ကြရအောင်၊ ၂၀၁၂-ခုနှစ် မေလဆန်းပိုင်း ရခိုင်ပဋိပက္ခမဖြစ်ခင်လေးမှာ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေ ၀င်ရောက်လာပြီဆိုတဲ့ခေါင်းစဉ်နဲ့ တင်ခဲ့တယ်။

အဲဒီနောက် မေ ၂၈ ရက်နေ့မှာ သီတာထွေးကိစ္စကို အကြောင်းပြုပြီး မြန်မာမွတ်စလင် ၁၀ ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်။ အဲဒီသတင်းကို မွတ်စလင်ကုလား ၁၀ ယောက် အသတ်ခံ ရတယ်ဆိုပီး မှူးဇော်ထိန်းချုပ်တဲ့ နိုင်ငံတော်ပိုင် မီဒီယာကနေ တရားဝင်ထုတ်လွှင့်ခဲ့တယ်။
မြန်မာနိုင်ငံမှာ ဖြစ်ခဲ့သမျှ အကြမ်းဖက်မှု အားလုံးရဲ့ နောက်ကွယ်မှာ ဇော်ဋ္ဌေးရှိနေတာ ယုံမှား သံသယ ဖြစ်စရာမလို။ ၂၀၁၇ မှာ စစ်တပ်က လူမျိုးတုန်း သုတ်သင်ရှင်းလင်းရေးလုပ်တော့ ဇော်ဌေးက True Story ဆိုတဲ့ခေါင်းစဉ်နဲ့ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကို မီးရှို့ထွက်ပြေးတယ်ဆိုပီး ဟိန္ဒူတွေ မီးရှို့နေတဲ့ ဓာတ်ပုံတွေ တင်ပြီး ၀ါဒဖြန့်ခဲ့တယ်။
ကဲ ကောင်းပြီ။ အင်းဒင်ကျေးရွာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တရားခံတွေ ထောင်ထဲမှာ ရှိနေတယ်ဆိုတာ မှန်ရင် မီဒီယာတွေကိုခေါ်ပြရဲ့သလား။ သူတို့ နာမည်တွေက ဘယ်သူ၊ ကိုယ်ပိုင် အပတ်စဉ်က ဘယ်လောက် စသဖြင့် တိုင်းသိပြည်သိ ထုတ်ဖော်ကြေညာရဲသလား။
MNTV သတင်းထောက်တွေက အရူးမှ မဟုတ်တာ။ သတင်းဆိုတာ လက်လွတ်စပယ်ရေးရတာ မဟုတ်ဘူး။ ရုပ်သံလွှင့်သတင်းဌာနဆို ပိုတိကျ ရသေးတယ်။ ပြီးတော့ နိုင်ငံပိုင် ဖက်စပ်သတင်းဌာနလည်း ဖြစ်နေသေးတယ်။ အဲဒီတော့ အကျဉ်းထောင်မှာ တာဝန်ကျတဲ့ ရဲအရာရှိတွေကို မေးမြန်းပြီးမှ သတင်းထုတ်ခဲ့တာလေ။
နောက်ပိုင်းမှ နိုင်ငံတကာမှာ သတင်းတွေ အမြောက်မြားတက်လာလို့ ဇော်ဋ္ဌေးရဲ့ဖိအားကြောင့် ပြန်လည်ဖယ်ရှားခဲ့ရတာ။ တောင်းပန်ခဲ့ရတာ။ တကယ်တော့ အဲဒီ တရားခံတွေ ထောင်ထဲမှာ ရှိနေတာမှန်ရင် လွတ်လပ်စွာ သတင်းယူခွင့်ပေးရမယ်။ အခုပေးရဲသလား။ ရိုက်တာသတင်းထောင်နှစ်ဦးကိုလဲ အဲဒီ လူသတ်မှုကိစ္စဖော်ထုတ်လို့ပဲ သူတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းချုပ်ထားတာ။
ဒါဆို လူတွေကို မတော်မတရား အစုလိုက် အပြုံလိုက် သတ်ဖြတ်လိုက်တာက နိုင်ငံတော် လျှို့ဝှက်ချက်လား။ ကဲ-ဇော်ဌေး ဖြေစမ်းပါ။ ဇော်ဌေးလို လူယုတ်မာတွေက နိုင်ငံတော်ပိုင် မီဒီယာကို ချုပ်ကိုင်ထားသရွေ့ ရိုဟင်ဂျာ ဂျီနိုဆိုဒ်နဲ့ တိုင်းရင်းသားတို့အား ညှင်းပန်းနှိပ်စက်မှုတွေ ဆက်လက်ရှိအုံးမယ်။
