တပည့္ေတာ္တို႔အား တတ္သိစအရြယ္မွ စၿပီးေတာ့ တပည့္ေတာ္တုိ႔ရဲ႕ေမြးသမိခင္နဲ႔ ေကြ်းသဖခင္တုိ႔က ဗုဒၶဘာသာရဲ႕ အရပ္ဆယ္မ်က္ႏွာေမတၱာရြတ္ခုိင္းေတာ့ ႀကီးျပင္းလာတဲ့အထိ ဗုဒၶဘာသာဆိုတာ ေမတၱာပို႔ရတဲ့ ဘာသာ တရားတစ္ခုလို႔ထင္မွတ္ယူဆလာခဲ့တယ္။ ဒါေပမဲ့ မိခင္ရင္ခြင္
မွာကတည္းက သြန္သင္ခံခဲ့ရတဲ့ အႏွစ္သာရေတြဟာ ၂၀၁၁ မွစၿပီး ေမတၱာ ၅၂၈ သြယ္ပို႔ရမယ့္အခ်ိန္ေရာက္ေတာ့မွ ဒြိဟသံသယ ပင္လယ္ထဲ တဝဲလည္လည္ ျဖစ္ခဲ့ရတယ္။
အေၾကာင္းမွာ တပည့္ေတာ္တို႔ အင္မတန္ၾကည္ညိဳေလးစားရတဲ့ သီတဂုဆရာေတာ္နဲ႔ ဝီရသူတို႔က ထိုအခ်ိန္ကစၿပီး ၉၆၉အမည္နဲ႔တစ္မ်ဳိး မဘသပံုစံနဲ႔တစ္ပံု ႏုိင္ငံအႏွံ႔မွာ စစ္တပ္ရဲ႕ အကူအညီနဲ႔ ေမတၱာပို႔ျခင္းက ဗုဒၶဘာသာနဲ႔ ဘယ္လိုမွ မအပ္စပ္သလို ခံစားရတဲ့အထိ အမုန္းတရား ေဟာေျပာလာခဲ့ၾကတယ္။၂၀၁၂ မွစၿပီးေတာ့ အမုန္းတရားေဟာျခင္းကို သံဃာေတာ္ေတြကပါ ဗုဒၶဘာသာဝင္တုိင္း မရွိမျဖစ္ လုပ္ရမယ့္တာဝန္ပမာ က်င့္သံုးလာခဲ့တယ္။
ေခတ္အဆက္ဆက္ကပင္ မဲေပးခြင့္၊ လႊတ္ေတာ္အမတ္အျဖစ္ အေရြးခံပိုင္ခြင့္ရွိခဲ့ၾကတဲ့ ရိုဟင္ ဂ်ာလူမ်ဳိးေတြကို ခိုးဝင္ဘဂၤါလီ ေခါင္းစဥ္တပ္ၿပီး ႏုိင္ငံေတာ္ပိုင္ မီဒီယာနဲ႔ ဗုဒၶဘာသာဝင္တို႔ရဲ႕ အဓိကမီဒီယာေတြ ကေနတစ္ဆင့္ မဟုတ္မတရား စြပ္စြဲ၍ ဝါဒျဖန္႔ခဲ့ၾကတယ္။ ၿပီးေတာ့ ရိုဟင္ဂ်ာေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြကို ရက္ရက္စက္စက္ အၾကမ္းဖက္ တုိက္ခိုက္ခဲ့ၾကတယ္။ ႏုိင္ငံတကာက အာရုံစိုက္လာေတာ့ သီတဂုအပါအဝင္ သံဃာေတာ္တခ်ို့က ဘဂၤါလီေတြကို ေတြ႕တဲ့ေနရာတိုင္းမွာ သတ္ခြင့္ရွိတယ္လို႔ တရားေဟာခဲ့တာ ဒီေန႔အထိ ၾကားေယာင္ေနဆဲပါ။
၂၀၁၆ကစၿပီးေတာ့ အဲဒီရိုဟင္ဂ်ာေတြကို အစုလုိက္ အၿပံဳလိုက္ လူမဆန္စြာ သတ္ျဖတ္ေမာင္းထုတ္လာခဲ့ၾကတယ္။ ႏုိင္ငံတကာက လူမဆန္တဲ့ ရက္စက္မႈ ျမင္ကြင္းေတြကို မ်က္ဝါးထင္ထင္ ျမင္ရေလေတာ့ သူတို႔ေတြက ငါတို႔ႏုိင္ငံသားေတြပါလားဆိုၿပီး ျပန္ေခၚမယ္လို႔ ေျပာခဲ့ၾကတယ္။ ဒါေပမဲ့ ႏုိင္ငံ့ေခါင္းေဆာင္ဆိုသူေတြကေတာ့ ရိုဟင္ဂ်ာေတြကို လူမ်ဳိးတံုးသတ္ျဖတ္ျခင္းက ဝီရသူနဲ႔ သီတဂူတို႔ေျပာခဲ့သလို ဗုဒၶျမတ္စြာဘုရားရဲ႕အဆံုးအမလို႔ ထင္မွတ္ေနလားမသိဘူး ဒီကေန႔အထိ ရိုဟင္ဂ်ာဆိုတာ ျမန္မာႏုိင္ငံမွာ မရွိဘူးလို႔ ႏုိင္ငံေတာ္မီဒီယာေတြကေန တစ္ဆင့္ ဝါဒျဖန္႔ေနဆဲပါ။
ICJ က တရားစြဲဆိုထားတာကိုပင္လွ်င္ ႏုိင္ငံေတာ္နဲ႔ ဗုဒၶဘာသာရဲ႕ ဂုဏ္သတင္းလို႔ ထင္မွတ္ေနၾကတယ္။ တကယ္လို႔ ေဂါတမျမတ္စြာဘုရားက လူမ်ဳိးဘာသာေပၚ အေျခခံၿပီး လူမ်ဳိးတံုး သတ္ျဖတ္ခြင့္ရွိတယ္လို႔ ေျပာခဲ့ရင္ တပည့္ေတာ္အျမင္မွာေတာ့ ဗုဒၶဘာသာဆိုတာ စက္ဆုပ္ရြံရွာဖြယ္အေကာင္းဆံုး ဘာသာတရားျဖစ္တယ္လို႔ အမွန္အတုိင္း ဝန္ခံပါရေစ။
ျမန္မာႏုိင္ငံရဲ႕ အေရွ႕အေနာက္ ေတာင္ေျမာက္ အစရွိတဲ့ အရပ္ဆယ္မ်က္ႏွာမွာ ခိုေအာင္းေနၾကတဲ့ ဂ်ီႏိုဆိုဒ္တရားခံေတြ အျမန္ဆံုး အဖမ္းခံပါရေစ။ ICJ သာမက ICC နဲ႔တျခားရွိသမွ် ကမာၻ႕ခံုရံုးေတြမွာပါ တရားစြဲဆိုခံၾကရပါေစ။ ဂ်ီႏိုဆိုဒ္တရားခံေတြကို ခပ္ျမန္ျမန္ ႀကိဳးေပးကြပ္မ်က္ဖို႔ ေထာက္ခံၿပီး ျမန္မာျပည္သူေတြ ႏွလံုးစိတ္ဝမ္း ေအးခ်မ္းၾကပါေစ။အမွ် အမွ် အမွ် ယူေတာ္မူၾကပါကုန္ေလာ့။
သာဓု……..သာဓု……..သာဓု။
(Unicode Version)
တပည့်တော် အမှန်အတိုင်း ဝန်ခံပါရစေ အရှင်ဘုရား
တပည့်တော်တို့အား တတ်သိစအရွယ်မှ စပြီးတော့ တပည့်တော်တို့ရဲ့မွေးသမိခင်နဲ့ ကျွေးသဖခင်တို့က ဗုဒ္ဓဘာသာရဲ့ အရပ်ဆယ်မျက်နှာမေတ္တာရွတ်ခိုင်းတော့ ကြီးပြင်းလာတဲ့အထိ ဗုဒ္ဓဘာသာဆိုတာ မေတ္တာပို့ရတဲ့ ဘာသာ တရားတစ်ခုလို့ထင်မှတ်ယူဆလာခဲ့တယ်။ ဒါပေမဲ့ မိခင်ရင်ခွင်
မှာကတည်းက သွန်သင်ခံခဲ့ရတဲ့ အနှစ်သာရတွေဟာ ၂၀၁၁ မှစပြီး မေတ္တာ ၅၂၈ သွယ်ပို့ရမယ့်အချိန်ရောက်တော့မှ ဒွိဟသံသယ ပင်လယ်ထဲ တဝဲလည်လည် ဖြစ်ခဲ့ရတယ်။
အကြောင်းမှာ တပည့်တော်တို့ အင်မတန်ကြည်ညိုလေးစားရတဲ့ သီတဂုဆရာတော်နဲ့ ဝီရသူတို့က ထိုအချိန်ကစပြီး ၉၆၉အမည်နဲ့တစ်မျိုး မဘသပုံစံနဲ့တစ်ပုံ နိုင်ငံအနှံ့မှာ စစ်တပ်ရဲ့ အကူအညီနဲ့ မေတ္တာပို့ခြင်းက ဗုဒ္ဓဘာသာနဲ့ ဘယ်လိုမှ မအပ်စပ်သလို ခံစားရတဲ့အထိ အမုန်းတရား ဟောပြောလာခဲ့ကြတယ်။၂၀၁၂ မှစပြီးတော့ အမုန်းတရားဟောခြင်းကို သံဃာတော်တွေကပါ ဗုဒ္ဓဘာသာဝင်တိုင်း မရှိမဖြစ် လုပ်ရမယ့်တာဝန်ပမာ ကျင့်သုံးလာခဲ့တယ်။
ခေတ်အဆက်ဆက်ကပင် မဲပေးခွင့်၊ လွှတ်တော်အမတ်အဖြစ် အရွေးခံပိုင်ခွင့်ရှိခဲ့ကြတဲ့ ရိုဟင် ဂျာလူမျိုးတွေကို ခိုးဝင်ဘင်္ဂါလီ ခေါင်းစဉ်တပ်ပြီး နိုင်ငံတော်ပိုင် မီဒီယာနဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဓိကမီဒီယာတွေ ကနေတစ်ဆင့် မဟုတ်မတရား စွပ်စွဲ၍ ဝါဒဖြန့်ခဲ့ကြတယ်။ ပြီးတော့ ရိုဟင်ဂျာတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ရက်ရက်စက်စက် အကြမ်းဖက် တိုက်ခိုက်ခဲ့ကြတယ်။ နိုင်ငံတကာက အာရုံစိုက်လာတော့ သီတဂုအပါအဝင် သံဃာတော်တချို့က ဘင်္ဂါလီတွေကို တွေ့တဲ့နေရာတိုင်းမှာ သတ်ခွင့်ရှိတယ်လို့ တရားဟောခဲ့တာ ဒီနေ့အထိ ကြားယောင်နေဆဲပါ။
၂၀၁၆ကစပြီးတော့ အဲဒီရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် လူမဆန်စွာ သတ်ဖြတ်မောင်းထုတ်လာခဲ့ကြတယ်။ နိုင်ငံတကာက လူမဆန်တဲ့ ရက်စက်မှု မြင်ကွင်းတွေကို မျက်ဝါးထင်ထင် မြင်ရလေတော့ သူတို့တွေက ငါတို့နိုင်ငံသားတွေပါလားဆိုပြီး ပြန်ခေါ်မယ်လို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ နိုင်ငံ့ခေါင်းဆောင်ဆိုသူတွေကတော့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခြင်းက ဝီရသူနဲ့ သီတဂူတို့ပြောခဲ့သလို ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးအမလို့ ထင်မှတ်နေလားမသိဘူး ဒီကနေ့အထိ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ နိုင်ငံတော်မီဒီယာတွေကနေ တစ်ဆင့် ဝါဒဖြန့်နေဆဲပါ။
ICJ က တရားစွဲဆိုထားတာကိုပင်လျှင် နိုင်ငံတော်နဲ့ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သတင်းလို့ ထင်မှတ်နေကြတယ်။ တကယ်လို့ ဂေါတမမြတ်စွာဘုရားက လူမျိုးဘာသာပေါ် အခြေခံပြီး လူမျိုးတုံး သတ်ဖြတ်ခွင့်ရှိတယ်လို့ ပြောခဲ့ရင် တပည့်တော်အမြင်မှာတော့ ဗုဒ္ဓဘာသာဆိုတာ စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံး ဘာသာတရားဖြစ်တယ်လို့ အမှန်အတိုင်း ဝန်ခံပါရစေ။
မြန်မာနိုင်ငံရဲ့ အရှေ့အနောက် တောင်မြောက် အစရှိတဲ့ အရပ်ဆယ်မျက်နှာမှာ ခိုအောင်းနေကြတဲ့ ဂျီနိုဆိုဒ်တရားခံတွေ အမြန်ဆုံး အဖမ်းခံပါရစေ။ ICJ သာမက ICC နဲ့တခြားရှိသမျှ ကမ္ဘာ့ခုံရုံးတွေမှာပါ တရားစွဲဆိုခံကြရပါစေ။ ဂျီနိုဆိုဒ်တရားခံတွေကို ခပ်မြန်မြန် ကြိုးပေးကွပ်မျက်ဖို့ ထောက်ခံပြီး မြန်မာပြည်သူတွေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။
သာဓု……..သာဓု……..သာဓု။
