ရခိုင်သားတွေ တွေးချိန်တန်ပြီ

1318 views

AA က တရုတ်အကျိုးစီးပွားကို ကာကွယ်နေတယ်။ တရုတ်က မီးစိမ်းပြတော့ မင်းအောင်လှိုင်နဲ့ ပေါင်းတယ်။ သဘာဝဓါတ်ငွေ့တွေကို စာရင်းမရှိ အင်းမရှိ လိုသလောက်ကို တရုတ်က ယူသွားနေပြီ။ မကြာခင် သဘာဝဓါတ်ငွေ့ ခန်းခြောက်သွားရင် တရုတ်က AA ကို ကန်ထုတ်မယ်။ ရခိုင်ပြည်သူတွေ ဒုက္ခရောက်မယ်။

အဝကျွန်းသား အေးမောင်အုပ်စုကို နားယောင်ပြီး UN အလိုမရှိ ၊ US အလိုမရှိ ၊ OIC အလိုမရှိ လို့ ဆန္ဒပြခဲ့သူတွေလဲ ရခိုင်သားတွေပါ။ ရိုဟင်ဂျာ လက်မခံဘူးလို့ ယနေ့အထိ ဖင်ပိတ်ငြင်းနေတာလဲ ရခိုင်တွေပါ။ သူတို့မလုံခြုံပါဘူးလို့ ဒေါ်စုအား ဂျင်းထည့်ခဲ့တာလဲ ရခိုင်တွေပါပဲ။ ဒေါ်စုက သိက္ခာရင်းပြီး ဘက်လိုက်ခဲ့ပေမဲ့ ခုတော့ ရခိုင်တွေက မင်းအောင်လှိုင်ရဲ့ ဘက်တော်သားဆိုတာ ပေါ်လွင်ထင်ရှားနေပါပြီ။ 23 ရက်နေ့ ထုတ်တဲ့ ပုဏ္ဏာကျွန်း ထွေအုပ်ရဲ့ ထုတ်ပြန်ချက်ကို ကြည့်ပါ။ ကမ္ဘာက ရိုဟင်ဂျာတွေ အသက်လုထွက်ပြေးခဲ့တဲ့ အကြောင်းပြောနေပေမဲ့ ရခိုင်တွေက ခိုးဝင်ဘင်္ဂလီ ပြောနေဆဲပဲ။ ရခိုင်​ခေါင်းဆောင်အများစုက နာဇီလက်သစ်ဝါဒီတွေဆိုတာ ယုံမှားသံသယ ဖြစ်စရာမလိုပါ။

ရခိုင်တွေက ခိုးဝင်ဘင်္ဂလီတွေလို့ သုံးနေတယ်။ ဗမာလူမျိုးတွေ သောက်သုံးမကျလို့ ရခိုင်တွေ ဂျင်းထည့်ခွင့်ရခဲ့ပြီ။ ကမ္ဘာမှာ ဗမာသိက္ခာကျခဲ့ပြီ။ ဒေါ်စုရဲ့ ဂုဏ်သိက္ခာကျဆင်းသွားခဲ့ပြီ။ ရခိုင်တွေလို့ ပြောတဲ့ထဲမှာ ရခိုင်ပြည်သူတွေကို ပြောနေခြင်းမဟုတ်ပါ။ အဝကျွန်းသားရခိုင်အုပ်စုကို ပြောခြင်း ဖြစ်တယ်။ အဲဒီအဝကျွန်းသားအုပ်စုကြောင့် ရခိုင်လူထုဒုက္ခရောက်နေတာ။ ရခိုင်သားစစ်ရင် သဘောပေါက်မှာပါ။ မအလက AA ကို အသုံးချပြီး ALP ကို ချေမှုန်းခဲ့တယ်။ တရုတ်က AA ကို အသုံးချပြီး ရခိုင်သယံဇာတအားလုံးကို ခိုးထုတ်နေတာ။ ရခိုင်တွေမျှော်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတာ သယံဇာတအားလုံး ခန်းခြောက်သွားတဲ့ အချိန်မှသာ ရပါလိမ့်မယ်။

(Zawgyi Version)





You may also like