AAS Burmese
  • ပင်မစာမျက်နှာ
  • သတင်း
    • ရိုဟင်ဂျာ
    • ပြည်တွင်း
  • ဆောင်းပါး
    • ဒီမိုကရေစီ
    • လူ့အခွင့်အရေး
    • ငြိမ်းချမ်းရေး
  • ပညာရေး
    • ပညာရေး
    • ရှူထောင့်အမြင်များ
    • သမိုင်း
  • AAS အကြောင်း
  • Eng
AAS Burmese
Blogging from open concentration cell of Arakan
  • ပင်မစာမျက်နှာ
  • သတင်း
    • ရိုဟင်ဂျာ
    • ပြည်တွင်း
  • ဆောင်းပါး
    • ဒီမိုကရေစီ
    • လူ့အခွင့်အရေး
    • ငြိမ်းချမ်းရေး
  • ပညာရေး
    • ပညာရေး
    • ရှူထောင့်အမြင်များ
    • သမိုင်း
  • AAS အကြောင်း
  • Eng
by အောင်အောင် February 10, 2018
written by အောင်အောင် February 10, 2018 3676 views
(Unicode Version)
နိုဘယ်ဆုရှင်မှသည် ဂျီနိုဆိုဒ်တရားခံအဖြစ်သို့
ပုထုစဉ်လူသားက ကံသုံးပါးဖြစ်သော ကာယကံ၊ ဝစီကံ၊ မနောကံ ကိုယ် ၊နှုတ် ၊ စိတ်နှလုံးသုံးပါးစလုံးဖြင့် ရိုးသားဖြောင့်မတ်စွာ ပြုမူပြောဆိုဆက်ဆံပါက နတ်အဆင့်ထက်ပင် မြင့်မြတ်နိုင်ပြီး အာဏာဂုဏ်မက်မော၍ အမှန်တရားကို လျစ်လျူရှုသူတို့မှာမူ ခြေလေးချောင်းသတ္တဝါထက် ပို၍ နိမ့်ကျနိုင်သည်။
၁၉၈၈မှစ၍ တစ်ကမ္ဘာလုံးက ဒီမိုကရေစီခေါင်းဆောင်ဟု အမြတ်တနိုးခေါ်ဆိုပြီး ကြည်ညိုလေးစားလာခဲ့ရုံမက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသူအဖြစ် သဘောထား၍ နိုဘယ်ဆုပါ ချီးမြှင့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ယခု အခါ ဂျီနိုဆိုဒ်တရားခံအဖြစ် မြင်လာကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရဖွဲ့ပြီးသည့်အချိန်မှစ၍ ယနေ့အထိ ပြည်သူအား သူမ ပေးခဲ့သမျှ မည်သည့် ကတိကဝတ်ကိုမျှ အကောင်အထည်ဖော်ပေးခြင်းလည်းမရှိ ကတိတည်ခြင်းလည်း မရှိပေ။ ရခိုင် ပြဿနာမှာ အမှန်တရားကို သိပါလျက် ဂျီနိုဆိုဒ်တရားခံများကို အကာအကွယ်ပေးခဲ့သည်။
ကမ္ဘာ့အထင်ကရ မီဒီယာများက ဗွီဒီယိုဓါတ်ပုံများနှင့်တကွ သက်သေအထောက်အထား စုံစုံလွင်လွင်ဖြင့် ပညာရှိဆန်ဆန် သတင်း တင်ဆက်နေခြင်းအား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငြင်းဆန်နေခြင်းသည် သူမကိုလည်း ဂျီနိုဆိုဒ်တရားခံ အပေါင်းအပါများအနက် တစ်ဦးဖြစ်ကြောင်း ထင်ရှားစေ၏။
ကမ္ဘာ့ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပေးလေးစားရသည့် အဓိကအကြောင်းရင်းကိုပင် သူမ အလေးထားဟန်မတူပေ။ ကိုယ့်ကိုကိုယ်ချစ်လျှင် ကိုယ်၊ နှုတ်၊ စိတ်တို့အားဖြင့် ကောင်းသော အမှုကို ပြုရမည်ဟု မြတ်စွာဘုရားဟောခဲ့သည်ကိုလည်း သိထားပုံမရ။
အာဏာရှင်ဆန်ဆန် လူမိုက်ဆန်ဆန် “ငါ့ နိုင်ငံမှာ ငါတို့လုပ်ချင်တာ လုပ်မယ်” ဟု ပြောဆိုနေခြင်း ဟစ်တလာက ဂျူးလူမျိုးများကို နိုင်ငံသားဖြစ်ခွင့် တားမြစ်သကဲ့သို့ ရိုဟင်ဂျာတို့အား NVC ထုတ်ပေးပြီး လူမျိုးရေး သုတ်သင်ရေးစီမံကိန်းအတိုင်း ဆက်လက်လုပ်ဆောင်နေခြင်းတို့သည် မိမိကိုယ်တိုင် ဂျီနိုဆိုဒ်တရားခံဖြစ်ကြောင်း ဝန်ခံရာရောက်၏။ ရိုက်တာနှင့် အေပီသတင်းဌာနမှ ထုတ်ပြန်သော သတင်းအချက်အလက်များ ရာနှုန်းပြည့် မှန်ကန်ကြောင်း သိပါလျက် ငြင်းဆိုနေခြင်းသည် မိမိ၏ အဆင့်အတန်း မည်မျှနိမ့်ကျနေသည်ကို ဖေါ်ကျူးနေသည်။
အကြင် သူရဲကောင်းတစ်ယောက်သည် စစ်မြေပြင်၌ စစ်သည် ဗိုလ်ပါတို့ကို အကြိမ်တစ်သန်းအောင် နိုင်ရာ၏။ အကြင် သူရဲကောင်းတစ်ယောက်သည်ကား ကိုယ်တွင်း ကိလေသာကို တစ်ကြိမ်တစ်ခါမျှ အောင်နိုင်ရာ၏။ ကိလေသာကို တစ်ကြိမ်တစ်ခါ အောင်နိုင်သော ထိုသူရဲကောင်းသည်သာလျှင် စစ်နိုင်သူတို့တွင် အမြတ်ဆုံးဖြစ်၏။ (ဓမ္မပဒ)
ဂျီနိုဆိုဒ်ရိုဟင်ဂျာအောင်ဆန်းစုကြည်
previous post
နိုင်ငံရေးအဓိက အခရာ- ရိုဟင်ဂျာ
next post
ဂျီနိုဆိုဒ်တရားခံများ မကြာခင် နိုင်ငံတကာ ရာဇဝတ်ခုံရုံးရောက်ဖွယ်ရှိ
You may also like
ဒေါက်တာမောင်ဇာနည် (သို့မဟုတ်) မြန်မာ့ မာတင်လူသာကင်းဂျူနီယာ
May 23, 2021
ရခိုင်သားတွေ တွေးချိန်တန်ပြီ
March 1, 2021
ရခိုင်ပြည်မှာ တရားဥပဒေ စိုးမိုးရေးဆိုတာ ‘ချိုနဲ့လား’
December 22, 2018
ခိုးဝင်ဘင်္ဂလီတွေကို လက်ခံကြိုဆိုစရာ မလို
December 11, 2018
ငါးပါးသီလမလုံလို့ အရှက်ဗြန်းဗြန်းကွဲရတဲ့ မြန်မာအစိုးရ
July 6, 2018
ခိုးဝင်ဘင်္ဂလီများ အဖမ်းခံရခြင်း၏ ပဟေဠိဖြစ်နေသော ပုစ္ဆာ
May 11, 2018
အစိုးရအတွက် option နှစ်ခု
May 2, 2018
ရိုဟင်ဂျာ သို့မဟုတ် နိုင်ငံသားအဖြစ် အဦးဆုံး တရားဝင် အသိအမှတ်ပြုခံရသူများ
April 30, 2018
ဒေါက်တာရင်ရင်နွယ် နှင့် သူမကဲ့သို့ အသိတရားခေါင်းပါးသော ဗုဒ္ဓဘာသာအစွန်းရောက်များ
April 29, 2018
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုကို အဓိက ဦးဆောင်လုပ်ကိုင်နေကြသူများ
April 28, 2018
Subscribe Newsletter
Tweets
Missing consumer key - please check your settings in admin > Settings > Twitter Feed Auth
Follow me on Instagram
No images found!
Try some other hashtag or username
Follow Me
အောင်အောင် - စစ်တွေ
Latest Posts
ရခိုင်၊ ရိုဟင်ဂျာနှင့်အနာဂတ် အာရကန်
Apr 26, 2021
CRPH ကို ဖျက်ဆီးလိုသော ပြည်သူ့ရန်သူများ
Mar 8, 2021
စစ်တွေ နာဇီအကျဥ်းစခန်းမှ ဒေါက်တာဆာဆာထံသို့ အိပ်ဖွင့်ပေးစာ
Mar 7, 2021
UN USA UK တို့က မြန်မာ့အရေးကို ဘာကြောင့် အချိန်ဆွဲနေသလဲ
Mar 6, 2021
ဂျီနိုဆိုဒ်တရားခံ မြန်မာစစ်ခေါင်းဆောင်များနှင့်တရုတ်သမ္မတကို ရုရှားက အားပေးအားမြှောက်လုပ်ခြင်း
Jul 2, 2021
ဒေါက်တာမောင်ဇာနည် (သို့မဟုတ်) မြန်မာ့ မာတင်လူသာကင်းဂျူနီယာ
May 23, 2021
အာဆီယံဆွေနွေးပွဲက တရားခံကို တရားလိုနဲ့ တတန်းတည်းထားခြင်းလား
Apr 24, 2021
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သို့ အိတ်ဖွင့်ပေးစာ
Apr 14, 2021
Tag Cloud
CRPH ICJ NLD အစိုးရ ကမန်တိုင်းရင်းသား ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဂျီနိုဆိုဒ် စစ်အာဏာရှင်များ စစ်တပ်အာဏာသိမ်းမှု တရားဥပေဒစိုးမိုးေရး တရုတ္ တရုတ် ဒီမိုကေရစီ ဒေါက်တာအေးမောင် ပညာရေး မင်းအောင်လှိုင် မင်းအောင်လှိုင် မင်းအောင်လှိုင် မဘသ မဟော်သဓာ အမျိုးသားရေးကျောင်း မုဒိန်းတပ်မတော် မွတ်စလင် ရက္ခိုင့်တပ်မတော် ရခိုင် ရခိုင်အရေး ရခိုင်ပြည်နယ် ရခိုင် ရိုဟင္ဂ်ာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု သတင်းစာရှင်းလင်းပွဲ အဝကျွန်းသားရခိုင် အိုင်စီစီ ဦးရဲထွဋ် ဦးသိန်းစိန် ဒေါက်တာအေးမောင် ဒေါ်အောင်ဆန်းစုကြည် လှေစီးဒုက္ခသည် အောင်ဆန်းစုကြည် ခြေဥ ၀ီရသူ ၉၆၉ နဲ့ မဘသ နိုင်ငံတကာသံအဖွဲ့ နိုင်ငံသား နိုင်ငံတော်ပေါ်လစီ ​နွေဦးတော်လှန်ရေး
Newsletter
Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!
  • Facebook
  • Twitter
  • Google +
  • Instagram
  • Linkedin
  • Youtube
© 2016 Aungaungsittwe. All Rights Reserved. Customized By Sthumoe
Read alsox
ဒေါက်တာမောင်ဇာနည် (သို့မဟုတ်) မြန်မာ့ မာတင်လူသာကင်းဂျူနီယာ
May 23, 2021
ရခိုင်သားတွေ တွေးချိန်တန်ပြီ
March 1, 2021
ရခိုင်ပြည်မှာ တရားဥပဒေ စိုးမိုးရေးဆိုတာ ‘ချိုနဲ့လား’
December 22, 2018