AAS Burmese
  • ပင်မစာမျက်နှာ
  • သတင်း
    • ရိုဟင်ဂျာ
    • ပြည်တွင်း
  • ဆောင်းပါး
    • ဒီမိုကရေစီ
    • လူ့အခွင့်အရေး
    • ငြိမ်းချမ်းရေး
  • ပညာရေး
    • ပညာရေး
    • ရှူထောင့်အမြင်များ
    • သမိုင်း
  • AAS အကြောင်း
  • Eng
AAS Burmese

Blogging from open concentration cell of Arakan

  • ပင်မစာမျက်နှာ
  • သတင်း
    • ရိုဟင်ဂျာ
    • ပြည်တွင်း
  • ဆောင်းပါး
    • ဒီမိုကရေစီ
    • လူ့အခွင့်အရေး
    • ငြိမ်းချမ်းရေး
  • ပညာရေး
    • ပညာရေး
    • ရှူထောင့်အမြင်များ
    • သမိုင်း
  • AAS အကြောင်း
  • Eng

ရခိုင်အရေး သိကြားမင်း ဖြေမရှင်းနိုင်

by အောင်အောင် March 13, 2019
written by အောင်အောင် March 13, 2019 1567 views
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းနှင့်အဖွဲ့အား ၂၀၁၈ နိုဝင်ဘာ ၉ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် (ဓါတ်ပုံ - State Counsellor Office)

ရခိုင်အရေးဟာ မြန်မာနိုင်ငံအဖို့ အင်မတန်အရေးပါပြီး ဒီမိုကရေစီစနစ်ဘက် ဦးတည်နေတာကို အတည်ပြုပေးမယ့် မှတ်ကျောက်သဖွယ် ဖြစ်နေတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက မြန်မာခေါင်းဆောင်တွေကို ရခိုင်အရေး အမြန်ဆုံး ဖြေရှင်းပေးစေလိုကြတယ်။ ဒါပေမဲ့ မြန်မာခေါင်းဆောင်တွေက သိကြားမင်းဆင်းအလာကို စောင့်နေဟန်တူပါတယ်။ ဒါမှမဟုတ် တရုတ်ကြီးကိုပဲ သိကြားမင်းမှတ်ပြီး အားကိုးနေတာများလား?

ဘင်္ဂလားဒေ့ချ်ဘက်ကို အသက်လုထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေကို ဒေါ်လာ ၆ထောင်စီပေးပြီး ပြန်ခေါ်မယ်ဆိုလားပဲ။ ခိုးဝင်ဘင်္ဂလီတွေပါလို့ ၂၀၁၀ကတည်းက ဝါဒဖြန့်၊ မီးရှို့ဖျက်ဆီး၊ ဖမ်းဆီးချုပ်နှောင် မတရား သတ်ဖြတ်တဲ့အပြင် စစ်တပ်က ဖွဲ့ထားတဲ့ ARSA အုပ်စုကို ဗန်းပြပြီး လူပေါင်း၇သိန်းကျော်ကို အတင်းအဓမ္မ နှင်ထုတ်ခဲ့တယ်။ နိုင်ငံတကာက တရားခံတွေကို ICC တင်မယ်လုပ်တော့မှ အရပ်ကူပါ ရွာကယ်ပါနဲ့ တရုတ်ကြီး အကူအညီယူပြီး ကိုယ်ကျူးလွန်ထားတဲ့ ရာဇဝတ်မှုကနေ ရှောင်ဖို့ ကြိုးစားကြပြန်တယ်။ ဒီလိုနည်းနဲ့ ပြဿနာကို ဖြေရှင်းလိုရင်တော့ သိကြားမင်းကိုယ်တိုင် ပါဝင်ဖြေရှင်းလည်း ရမှာမဟုတ်။

ရက္ခိုင်တပ်မတော်က ရခိုင်ပြည်သူတွေကို ဝေသာလီကုလားတံဆိပ်ပါ ရခိုင်အလံထောင်ခိုင်းပြီး ရခိုင် အဖနိုင်ငံထူထောင်ဖို့ စိတ်ကူးနေကြတယ်။ ရခိုင်ခေါင်းဆောင်တွေကလည်း ဗမာခေါင်းဆောင်တွေလိုပဲ ရခိုင်အရေးကို ဖြေရှင်းလိုစိတ်မရှိ။ ဒီကနေ့အထိ တိုင်းရင်းသားတွေပါလို့ လူသိရှင်ကြား ကြေညာထားတဲ့ ကမန်တိုင်းရင်းသားတွေတောင် အလုပ်လုပ်ခွင့်၊ ကျောင်းတက်ခွင့်မရသေး၊ ကျောင်းအုပ်ဆရာကြီးတွေနဲ့ ရဲတွေက လုံခြုံရေးတာဝန်မယူနိုင်လို့တဲ့။

ကမန်တိုင်းရင်းသားတွေလည်း အကျဉ်းစခန်းထဲရောက်နေလို ပိတ်လှောင်ခံထားရတယ်။ နိုင်ငံတော် ပေါ်လစီအရ ရိုဟင်ဂျာတွေကို ခိုးဝင်ဘင်္ဂလီတွေသာဖြစ်တယ်လို့ နိုင်ငံတော်ပိုင် မီဒီယာတွေက ဝါဒဖြန့်တာလဲ ဒီကနေ့အထိ မရပ်တန့်သေးဘူး။ နိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့တိုင်း “လူမျိုးရေးခွဲခြားမှုမရှိဘူး၊ ဖိနှိပ်ချုပ်ချယ်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေ မရှိပါဘူး၊ ဒို့က ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေပါ” လို့ ပြောပေမဲ့၊ ဒီကနေ့အထိ “မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည်” ဆိုတဲ့ နာဇီဆောင်ပုဒ်ကို လဝကရုံးတိုင်းမှာ ချိတ်ထားတယ်၊ ဘာသာလူမျိုးအပေါ်အခြေခံပြီး နှိပ်ကွပ်လိုတဲ့ ဆန္ဒတစ်ခုတည်းကြောင့် အဲ့ဒီလိုချိတ်ထားခြင်းဖြစ်တယ်။

မေတ္တာတရားရှေ့ထားတဲ့ ဗုဒ္ဓဘာသာဝင်တွေလို့ပြောပေမဲ့ မဘသအကြမ်းဖက် အုပ်စုရဲ့ အမုန်းတရားတွေကိုတော့ ဆက်လက်အာပေးနေဆဲ။ပါတီတိုင်းနဲ့ ခေါင်းဆောင်တိုင်းက ၂၀၂၀အတွက် ပြင်ဆင်နေကြတယ်။ တစ်နိုင်ငံလုံး တရုတ်လက်ထဲ ပုံအပ်ရမယ်ဆိုလည်း သူတို့ကောင်းစားရေးကိုသာ ဦးစားပေးလိုကြတယ်၊ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ဖြေရှင်းပေးလိုတဲ့ ဆန္ဒရှိဟန်မတူဘူး။ ပြည်သူအားလုံးကို တန်းတူအခွင့်အရေးပေးဖို့ မစဉ်းစားသေးဘူး။ ဒီလိုပုံစံမျိုးနဲ့သာ ဆက်သွားနေရင်တော့ သိကြားမင်းကြိုးစားလည်း ဒီမိုကရေစီနိုင်ငံဖြစ်လာစရာ အကြောင်းမရှိဘူး။ ရိုဟင်ဂျာတွေရဲ့ မူလဘူတအခွင့်အရေးတွေ မပေးမချင်း သိကြားမင်းလည်း ရခိုင်အရေးကို ဖြေရှင်းပေးနိုင်မှာမဟုတ်။

ကမန်တိုင်းရင်းသားတရုတ်ဒီမိုကရေစီရခိုင်အရေးရိုဟင်ဂျာ
previous post
အဆိပ်ပင်ကို ရေလောင်းချင်လောင်းပါ ပြည်သူကို အဆိပ်မကျွေးပါနဲ့
next post
တမန်တော်ကိုစော်ကားပြီး မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မလား

You may also like

အာဆီယံဆွေနွေးပွဲက တရားခံကို တရားလိုနဲ့ တတန်းတည်းထားခြင်းလား

April 24, 2021

တရုတ်နှင့်ရက္ခိုင့်တပ်မတော်(အေအေ)တို့ ဆက်နွယ်ပုံ

April 6, 2021

နွေဦးတော်လှန်ရေး

March 26, 2021

ရာဇဝတ်ကောင် မင်းအောင်လှိုင်က ARSA ကို နောက်တစ်ကြိမ် ​အသုံးချနိုင်မလား

February 28, 2021

ဒေါ်အောင်ဆန်းစုကြည်၏ အံ့ဖွယ်သံယောဇဉ်

December 13, 2019

ICJ မှာ တရားစွဲဆိုခံရမှုကို ဖြေရှင်းလိုသော ဆန္ဒရှိလျှင်

December 5, 2019

တပည့်တော် အမှန်အတိုင်း ဝန်ခံပါရစေ အရှင်ဘုရား

November 27, 2019

တမန်တော်ကိုစော်ကားပြီး မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မလား

August 9, 2019

အဆိပ်ပင်ကို ရေလောင်းချင်လောင်းပါ ပြည်သူကို အဆိပ်မကျွေးပါနဲ့

February 22, 2019

ခေါင်းမာမှုနှင့် အတ္တကို ရှေ့တန်းတင်သူများ

December 26, 2018

Subscribe Newsletter


Tweets

Missing consumer key - please check your settings in admin > Settings > Twitter Feed Auth

Follow me on Instagram

No images found!
Try some other hashtag or username

Follow Me

အောင်အောင် - စစ်တွေ

Latest Posts

ရခိုင်၊ ရိုဟင်ဂျာနှင့်အနာဂတ် အာရကန်

Apr 26, 2021

CRPH ကို ဖျက်ဆီးလိုသော ပြည်သူ့ရန်သူများ

Mar 8, 2021

စစ်တွေ နာဇီအကျဥ်းစခန်းမှ ဒေါက်တာဆာဆာထံသို့ အိပ်ဖွင့်ပေးစာ

Mar 7, 2021

UN USA UK တို့က မြန်မာ့အရေးကို ဘာကြောင့် အချိန်ဆွဲနေသလဲ

Mar 6, 2021

ဂျီနိုဆိုဒ်တရားခံ မြန်မာစစ်ခေါင်းဆောင်များနှင့်တရုတ်သမ္မတကို ရုရှားက အားပေးအားမြှောက်လုပ်ခြင်း

Jul 2, 2021

ဒေါက်တာမောင်ဇာနည် (သို့မဟုတ်) မြန်မာ့ မာတင်လူသာကင်းဂျူနီယာ

May 23, 2021

အာဆီယံဆွေနွေးပွဲက တရားခံကို တရားလိုနဲ့ တတန်းတည်းထားခြင်းလား

Apr 24, 2021

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သို့ အိတ်ဖွင့်ပေးစာ

Apr 14, 2021

Tag Cloud

CRPH ICJ NLD အစိုးရ ကမန်တိုင်းရင်းသား ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဂျီနိုဆိုဒ် စစ်အာဏာရှင်များ စစ်တပ်အာဏာသိမ်းမှု တရားဥပေဒစိုးမိုးေရး တရုတ္ တရုတ် ဒီမိုကေရစီ ဒေါက်တာအေးမောင် ပညာရေး မင်းအောင်လှိုင် မင်းအောင်လှိုင် မင်းအောင်လှိုင် မဘသ မဟော်သဓာ အမျိုးသားရေးကျောင်း မုဒိန်းတပ်မတော် မွတ်စလင် ရက္ခိုင့်တပ်မတော် ရခိုင် ရခိုင်အရေး ရခိုင်ပြည်နယ် ရခိုင် ရိုဟင္ဂ်ာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု သတင်းစာရှင်းလင်းပွဲ အဝကျွန်းသားရခိုင် အိုင်စီစီ ဦးရဲထွဋ် ဦးသိန်းစိန် ဒေါက်တာအေးမောင် ဒေါ်အောင်ဆန်းစုကြည် လှေစီးဒုက္ခသည် အောင်ဆန်းစုကြည် ခြေဥ ၀ီရသူ ၉၆၉ နဲ့ မဘသ နိုင်ငံတကာသံအဖွဲ့ နိုင်ငံသား နိုင်ငံတော်ပေါ်လစီ ​နွေဦးတော်လှန်ရေး

Newsletter

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

  • Facebook
  • Twitter
  • Google +
  • Instagram
  • Linkedin
  • Youtube

© 2016 Aungaungsittwe. All Rights Reserved. Customized By Sthumoe

Read alsox

အာဆီယံဆွေနွေးပွဲက တရားခံကို တရားလိုနဲ့ တတန်းတည်းထားခြင်းလား

April 24, 2021

တရုတ်နှင့်ရက္ခိုင့်တပ်မတော်(အေအေ)တို့ ဆက်နွယ်ပုံ

April 6, 2021

နွေဦးတော်လှန်ရေး

March 26, 2021