တမန်တော်ကိုစော်ကားပြီး မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မလား
ပြည်သူတွေရဲ့ ဘဝလုံခြုံမှုအာမခံချက် လုံးဝကင်းမဲ့တဲ့အချိန် ရှစ်လေးလုံးအရေးတော်ပုံ ပေါ်လာခဲ့တယ်။ မဆလအစိုးရပြုတ်သွားခဲ့ပေမယ့် စစ်အာဏာရှင်တွေက အာဏာကို ဆက်လက်စွဲကိုင်လာခဲ့ကြတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ပြည်တွင်းစစ်ပြဿနာကို ကိုယ်ကျိုးရှာသမားတွေဖြစ်တဲ့ စစ်အာဏာရှင်တွေ မဖြေရှင်းနိုင်၊ ဖြေရှင်းလိုစိတ်လဲမရှိ၊ ဒီတော့ သူတို့အာဏာတည်မြဲရေးအတွက် ပြဿနာတွေကိုပဲ ဆက်လက်တိုးပွားစေခဲ့တယ်။
ပထမဆုံးချခဲ့တဲ့ ပြဿနာရဲ့မျိုးစေ့က လမ်းတိုင်းဓမ္မာရုံတွေ ဆောက်ခြင်းပဲ။ မဆလခေတ်က သမဝါယမဆိုင်တွေအားလုံးကို ဓမ္မာရုံတွေအဖြစ် ပြောင်းပေးခဲ့တယ်။ သမဝါယမဆိုင်နေရာမရှိတဲ့ လမ်းတွေမှာဆို ပြည်သူ့လမ်းကိုပိတ်ဆို့ပြီး ဓမ္မာရုံဆောက်စေခဲ့တယ်။ ပြီးတော့ ကျောက်တော်ကြီးဘုရားလို ပုထိုးစေတီတွေဆောက်ပေးခဲ့တယ်။ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကျင်းပပေးခဲ့တယ်။ ဗုဒ္ဓဘာသာကို အားပေးအားမြှောက်ပြုဟန်ဆောင်ပြီး ဗုဒ္ဓဘာသာဝင်အများစုကို ဖမ်းစားညှို့စေခဲ့တယ်။
၂၀၀၇မှာ သံဃာတော်အရေးတော်ပုံကို အကြမ်းဖက်ဖြိုခွဲခြင်းက စစ်အာဏာရှင်တွေ ဗုဒ္ဓဘာသာကို အမှန်တကယ်မလေးစားကြောင်း၊ သူတို့ရဲ့အဓိကရည်ရွယ်ချက်က ကိုယ်ကျိုးအတွက် အာဏာရှင်တည်မြဲရေးသာဖြစ်ကြောင်း ထင်ရှားပေါ်လွင်ခဲ့တယ်။ ဒုတိယပြဿနာမျိုးစေ့က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ။ ဒီမျိုးစေ့ချပြီး အယောင်ဆောင် ဒီမိုကရေစီအပင်လေးကိုပျိုးခဲ့တယ်။ဒီအပင်လေး ပိုပြီးကြီးထွားရှင်သန်လာအောင် ၂၀၁၁မှစပြီး ၉၆၉အကြမ်းဖက်အုပ်စုတွေ၊ မဘသ အကြမ်းဖက်အုပ်စုတွေကို ဖန်တီးစေခဲ့တယ်။ အယောင်ဆောင်ဘုန်းကြီးတွေကို အမုန်းတရားဟောစေခဲ့တယ်။ ဒီလိုနဲ့ ၂၀၁၂မှစပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ မွတ်စလင်တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်။ ဘင်္ဂါလီဆိုတဲ့စကားလုံးကို တွင်ကျယ်စေပြီး ပြည်သူတွေအား သူတို့ရဲ့အခွင့်အရေးမေ့သွားအောင် ဖမ်းစားညှို့စေခဲ့တယ်။ ၂၀၁၆မှာ စစ်အာဏာရှင်တွေရဲ့ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းဖြစ်တဲ့ အာဆာကို စနစ်တကျပျိုးထောင်ပြီး ရိုဟင်ဂျာဂျီနိုဆိုဒ်ကို အကောင်အထည်ဖော်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရကို ပြည်သူတွေ အားကိုးတကြီး မဲပေးခဲ့တယ်။ ဒါပေမဲ့ ဒေါ်စုလည်း အယောင်ဆောင် ဒီမိုကရေစီအပင်ကို ရေလောင်းရုံမှအပ တခြားဘာမျှနိုင်စွမ်းမရှိ။ မြန်မာနိုင်ငံမှာရှိတဲ့ အကြီးကုမ္ပဏီ၁၄၀ကို စစ်အာဏာရှင်တွေ ထိန်းချုပ်ထားတယ်။ စီးပွားရေးရဲ့ ၉၀%ကို စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေပိုင်ဆိုင်တယ်။ ပြည်သူတွေ အလုပ်လက်မဲ့ ပိုများလာတယ်။ ကျန်းမာရေးစောင့်ရှောက်မှု သုညအဆင့် ရောက်နေပြီ။ စစ်အာဏာရှင်တွေရဲ့ အဘဖြစ်တဲ့ “ဝ” နဲ့ တရုတ်ကြီးကိုတော့ ကြောက်တယ်။ နိုင်ငံတကာ ဖိအားနဲ့ ရင်ဆိုင်တိုင်း လူနည်းစုဖြစ်တဲ့ မွတ်စလင်တွေကို ဓါးစာခံလုပ်တယ်။ စစ်အာဏာရှင်အုပ်စုက မဘသအကြမ်းဖက်အုပ်စုကိုသုံးပြိး ကျောက်ဖြူကနေ တရုတ်နိုင်ငံထိကို သွယ်ထားတဲ့ ရွှေဂက်စ်လှိုင်းကြီးကို ဆောက်နိုင်ခဲ့ပြီး နိုင်ငံတကာက စစ်အာဏာရှင်တွေကို ပစ်မှတ်ထား ပိတ်ဆို့လာတော့ စစ်အာဏာရှင်တွေက ဦးလှဆွေကိုသုံးပြီး တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို စော်ကားစေတယ်။
ဒါက ပြဿနာရဲ့အဖြေမဟုတ်မှန်းသိတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာအများစုဖြစ်တဲ့ ပြည်သူတွေကို ညှို့နိုင်မယ်လို့ သူတို့တွက်ဆကြတယ်။ စစ်အာဏာရှင်တွေကြောင့် မြန်မာနိုင်ငံမှာ ဘုန်းကြီးအရေအတွက် ခြောက်သိန်းဖြစ်လာတယ်။ မိန်းကလေးဦးရေ ၅၁.၁၆% ရှိတဲ့ မြန်မာနိုင်ငံမှာ ယောက်ျားအားလုံး မိန်းမယူရင်တောင် မိန်းကလေး တစ်သန်းနီးပါးထိ ယောက်ျားမရနိုင်ဘူး။ အလုပ်လုပ်နိုင်တဲ့ လူဦးရေအရေအတွက် ၄၉%သာရှိတဲ့ မြန်မာနိုင်ငံမှာ ဓမ္မာရုံတွေကို မှီခိုပြီး အလုပ်မလုပ်ဘဲ အချောင်စားသမားတွေလည်း များလာတယ်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို စော်ကားရုံနဲ့ စစ်အာဏာရှင်တွေ ကြိုးကွင်းကနေ မလွတ်နိုင်ကြောင်း သတင်းကောင်းပါးပါရစေ။
“အောင်မြင်မှုလိုချင်ရင် စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူတဲ့အရှင်၊ နေ့ညအပြောင်းအလဲ ဖြစ်စေတော်မူတဲ့အရှင်၊ အရာခပ်သိမ်းမှာ စုံတွဲ(ဖိုမ၊အပေါင်းအနှုတ်စတဲ့) ကိုယ်စီဖန်ဆင်းတော်မူတဲ့အရှင်၊ သဘာဝနိယာမတရားတွေကို ဖန်ဆင်းတော်မူတဲ့အရှင်၊ တစ်ဆူတည်းတည်ရှိနေတော်မူတဲ့အရှင်ကိုသာ ကိုးကွယ်ကြ” တမန်တော်မြတ် မုဟမ္မဒ်(ဆွ)က မိန့်ကြားခဲ့တယ်။ ဘယ်ဆိုးကျိုး ကောင်းကျိုးကိုမှ မပေးနိုင်တဲ့ ရုပ်တုတွေက နေ့ညအပြောင်းအလဲနဲ့ သဘာဝနိယာမတရားအကြောင်း ဘယ်နားလည်မလဲ၊ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ရဲ့စကားကို ယုံကြည်ခဲ့လို့ ပညာမဲ့ သဲကန္တာရထဲ လှည့်လည်နေထိုင်တဲ့ အာရဗ်တွေ နှစ် ၃၀မပြည့်ခင်မှာပဲ ရိုမန်အင်ပါယာနဲ့ ပါရှန်အင်ပါယာကို ဖြိုနိုင်ခဲ့တယ်။ ကမ္ဘာ့သုံးပုံတစ်ပုံကို အုပ်ချုပ်နိုင်ခဲ့တယ်။ ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်လာခဲ့တယ်။
