ရာဇဝတ်မှုကျူးလွန်နေတဲ့ ဂိုဏ်းခေါင်ဆောင်ကို ကျူးလွန်မှုခံရတဲ့ တရားလိုက တရားစွဲတော့ ရာဇဝတ်ဂိုဏ်းက တရားသူကြီးကို ခြိမ်းခြောက်ခဲ့တယ်။ တရားသူကြီးက နှစ်ဦးနှစ်ဘက် အကျိုးရှိအောင် စေ့စပ်ညှိနှိုင်းပြီး အဖြေရှာဖို့ တိုက်တွန်းခဲ့တယ်။ ဧပြီလ 24 ရက်နေ့ ဂျာကာတာမှာလုပ်တဲ့ အာဆီယံဆွေးနွေးပွဲကလဲ အထက်ပါတရားသူကြီး နေရာကို ယူထားပြီလား တွေးစရာပါ။
အာဆီယံရဲ့ မူဘောင်အတွင်းကနေ လုပ်စရာတွေအများကြီးပါ။ တရုတ်ကြီးရဲ့ သြဇာကြောင့် သောင်မတင်ရေမကျ ဖြစ်ရတယ်လို့ ပြောလို့ရတယ်။ တကယ်တော့ အာဆီယံအနေနဲ့ အောက်ပါအတိုင်းလဲ လုပ်ခွင့်ရှိတယ်။
(၁) စစ်တပ်ရဲ့အာဏာသိမ်းမှု၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုနဲ့ လက်နက်ကိုင် တိုင်းရင်းသားဒေသတွေမှာ လေကြောင်းအသုံးပြုမှုတွေကြောင့် ဒုက္ခသည်ပြသနာ အပါအဝင် regional crisis တွေအတွက် စိုးရိမ်နေရတယ်။
(၂) ထိုပြသနာတွေကို ဖြေရှင်းပေးနိုင်ရန်အတွက် 2020 ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး အနိုင်ရပါတီအား ချက်ချင်းအာဏာလွဲအပ်သင့်တယ်။
(၃) Rohingya Genocide, Crimes against humanity နဲ့ ကလေးသူငယ်အပါအဝင်ငြိမ်းချမ်းစွာ ဆန္ဒပြသူပေါင်း 700 ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်မှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ စစ်တပ်က ကျူးလွန်မှုကြောင်း ကမ္ဘာ့နိုင်ငံတွေရဲ့ ဖိအားကို အာဆီယံက ခံနေရပြီး ဖြစ်တယ်။
(၄) အာဆီယံက အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေးမူကို လက်ကိုင်ထားပေမဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက အိမ်နီးချင်းနိုင်ငံတွေကိုပါ ဂယက်ရိုက်နေတယ်။
(၅) သို့ဖြစ်ပါ၍ ကုလ အထူးသံတမန်ကို ချက်ချင်းဝင်ခွင့်ပေးခြင်း၊ ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းလွှတ်ပေးခြင်း၊ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို ဝင်ခွင့်ပေးခြင်းဖြင့် နိုင်ငံတကာနဲ့ အာဆီယံရဲ့ဥပဒေတွေကို လေးစားလိုက်နာရန် မြန်မာစစ်တပ်မှာ တာဝန်ရှိကြောင်း မဖြစ်မနေ ပြောရပေ၏။
(Zawgyi Version)
အာဆီယံဆွေနွေးပွဲက တရားခံကို တရားလိုနဲ့ တတန်းတည်းထားခြင်းလား