၁၈.၁.၂၀၁၉ ေန႔ ဆည္ေျမာင္းဦးစီးဌာနမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းတစ္ဦးက Passport ေလွ်ာက္ဖို႔ ႏုိင္ငံကူး လက္မွတ္ထုတ္ေပးေရးရံုးကို ေရာက္ခဲ့တယ္။ ႏုိင္ငံကူးလက္မွတ္ ထုတ္ေပးေရးရံုးက တာဝန္ရွိသူ တစ္ဦးက အဆုိပါ အသက္၆၀ ရွိၿပီျဖစ္တဲ့ ဆည္ေျမာင္းဝန္ထမ္းအား “ခင္ဗ်ားရဲ႕ႏုိင္ငံသား စီစစ္ေရး”ကဒ္ျပားက အတုပဲ။ လဝကရံုးသြားၿပီး အသစ္ျပန္ထုတ္လိုက္ဦး၊ ၿပီးမွ ဒီကိုလာခဲ့” လို႔ ေျပာေတာ့ ဆည္ေျမာင္းဝန္ထမ္းက “က်ဳပ္မွာ smart ဝန္ထမ္းကဒ္ရွိတယ္ အဲ့ဒါလဲအတုလား၊ ခင္ဗ်ားတို႔က လဝကကိုယ္တုိင္ထုတ္ေပးတဲ့ ႏုိင္ငံသားစီစစ္ေရးကဒ္ျပားကို ခင္ဗ်ားတု႔ိကပဲ ျပန္ၿပီး အတုေျပာရဲသလားကြာ” လုိ႔ ျပန္ေျပာေတာ့ Passport ရံုး ဝန္ထမ္းက “ကြ်န္ေတာ္တို႔ အေပၚက အမိန္႔အတိုင္း လုပ္ရတာပါ၊
အဘကိုင္ထားတဲ့ ကဒ္က ၁၉၉၀ ဝန္းက်င္က စီမံခ်က္နဲ႔ထုတ္ေပးခဲ့တဲ့ ႏိုင္ကဒ္အေဟာင္းပဲ၊ ဆိုဒ္ကိုၾကည့္ပါ၊ ဆိုဒ္အေသးနဲ႔ သြားလဲလုိက္ပါ” လို႔ ေျဖခဲ့တယ္။ ျမန္မာႏုိင္ငံ လြတ္လပ္ေရးရခဲ့တာ ၇၁ႏွစ္ရွိေနၿပီ။ ဒီကေန႔အထိ ဘယ္သူမွ ႏုိင္ငံသား မျဖစ္ေသးဘူး။ “ဒုိ႔ဗမာေဟ့ ဒုိ႔ဗမာ” လို႔ ေအာ္ၾကေပမဲ့ ကိုယ္ေျပာေနတဲ့ ဗမာစကားကိုေတာင္ နားမလည္ၾကဘူး။ ငါတို႔ဗမာကြာ၊ တုိင္းရင္းသားကြာလို႔ ၾကြားေနေပမဲ့ သူတို႔ကိုယ္တုိင္ ႏိုင္ငံသားဟုတ္ရဲ႕လား မသိၾကတဲ့သူေတြ ျဖစ္တယ္။
ႏုိင္ငံသား စီစစ္ေရးကဒ္ျပားကိုင္ထားၿပီး ႏိုင္ငံသားကဒ္လို႔ ၾကြားတဲ့ေကာင္ေတြပဲ ေတြ႕တယ္။ အစိုးရ ဌာနေပါင္းစံုနဲ႔ ပုဂၢလိက ကုမၸဏီေတြကလဲ အလုပ္ေလွ်ာက္ရင္ ႏုိင္ငံသား ျဖစ္ရမွာကို လိုအပ္ခ်က္အျဖစ္ သတ္မွတ္ၾကတယ္။ ဒီလူေတြကို က်ဳပ္က ဘယ္သူလဲေဟ့ ႏုိင္ငံသားလို႔ ေမးခ်င္တယ္။
လြတ္လပ္ေရးရၿပီးတဲ့ေနာက္ ၁၉၅၁ ခုႏွစ္မွစၿပီး ျမန္မာႏုိင္ငံမွာ မွီတင္းေနထုိင္သူေတြကို NRC အမ်ဳိးသားမွတ္ပံုတင္ ကဒ္ျပားနဲ႔ ႏုိင္ငံျခားမွ လာေရာက္ေနထုိင္သူေတြကို FRC ကဒ္ ထုတ္ေပးလာခဲ့တယ္။
၁၉၈၂ မွာ အာဏာရွင္ ေနဝင္းက ၁၉၈၂ ႏုိင္ငံသား ဥပေဒကို ေရးဆြဲခဲ့ေပမဲ့ ဘယ္သူကမွ် ဥပေဒအျဖစ္ အသိအမွတ္ျပဳ လက္မွတ္မထိုးခဲ့ဘူး။ ဥပေဒ မူၾကမ္းအဆင့္နဲ႔သာရွိခဲ့တယ္။ ၁၉၈၈ခုႏွစ္မွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ၁၉၉၀မွာ ေရြးေကာက္ပြဲ က်င္းပေပးရမယ္ဆိုေတာ့ စစ္အာဏာရွင္ေတြရဲ႕ အႀကံအစည္နဲ႔ ၁၉၈၂ႏိုင္ငံသား ဥပေဒအတုိင္း အရင္ဆံုး စီစစ္ကဒ္လုပ္ရမယ္လို႔ ေျပာခဲ့တယ္။ မြတ္စလင္အမ်ားစုက NLD ကုိ မဲေပးမယ္ဆိုၿပီး ႀကိဳသိေနေတာ့ မြတ္စလင္အမ်ားစုကို စီစစ္ေရးကဒ္ မထုတ္ေပးခဲ့ေပ။
အထူးသျဖင့္ ရခိုင္ျပည္နယ္မွာ ေနထုိင္တဲ့ ရိုဟင္ဂ်ာေတြရဲ႕ လက္ဝယ္မွာရွိ NRC ေတြကို စစ္အာဏာရွင္ေတြရဲ႕ လူမ်ဳိးတံုးသတ္ျဖတ္ေရးအဖြဲ႔ျဖစ္တဲ့ “နစက”က သိမ္းယူၿပီး စီစစ္ေရးကဒ္အစား ဝိႈက္ကဒ္ေတြသာ ထုတ္ေပးခဲ့တယ္။ ဗုဒၶဘာသာမဟုတ္တဲ့ သူေတြ လဝကရံုးေရာက္ရင္ မ်ဳိးဆက္၃ဆက္ေလာက္ NRC ကိုင္ထားတဲ့ အေထာက္အထားေတြ ျပရတယ္။ လဝကရံုးေတြရဲ႕ မွတ္တမ္းေတြကလဲ ဗရမ္းဗတာ၊ တခ်ဳိ႕နယ္က ရံုးေတြမွာဆို မွတ္တမ္းေဟာင္းေတြအားလံုး ေဆြးေျမ႕ၿပီး ကိုင္စရာမရွိေလာက္ေအာင္ ျဖစ္ေနတယ္။
ဗုဒၶဘာသာမဟုတ္တဲ့သူေတြကို အရင္က “ကုလား” ေျပာခဲ့ေပမဲ့ အခုေတာ့ စကားလံုးအသစ္ထြင္ၿပီး ႏွိပ္ကြပ္ေနတာ ေတြ႔ရတယ္။ ဗုဒၶဘာသာ မဟုတ္မွန္းသိတာနဲ႔ “ေသြးေႏွာ ဘဂၤလီ ” လို႔ ေခၚၾကတာပဲ။ ရိုဟင္ဂ်ာေတြဆို ခိုးဝင္ဘဂၤလီလို႔ ဝါဒျဖန္႔ေနတာ ၁၉၉၀ မွ ဒီကေန႔အထိပဲ။ က်န္တဲ့ မြတ္စလင္ေတြအားလံုးကိုလဲ စီစစ္ေရးကဒ္ေလွ်ာက္တဲ့အခါ ဘဂၤလီမပါပါေအာင္ ေရးေနတာ ေတြ႕ရတယ္။
မိဘႏွစ္ပါးလံုးရဲ႕ စီစစ္ေရးကဒ္ျပားမွာ ဘဂၤလီဆုိတဲ့ စကားလံုးမရွိေပမဲ့ သားသမီးေတြရဲ႕ စီစစ္ေရးကဒ္မွာေတာ့ “ေမမန္+အိႏၵိယ+က်ဴလီယာ+ဘဂၤလီ” ျဖစ္သြားတယ္။
ဗမာေတြ ဗမာစာနဲ႔ ဗမာစကား နားမလည္ေတာ့ “လူမ်ဳိး” ဆိုတဲ့ စကားလံုးရဲ႕ အႏွစ္သာရကိုလဲ မသိၾကေတာ့ဘူး။ ကမာၻမွာ လူမ်ဳိး ၃-၄-၅ မ်ဳိးေပါင္းထားတဲ့ လူမ်ဳိးရယ္လို႔ မရွိဘူး။ Race ဆိုတဲ့ Concept ကိုေတာင္ နားမလည္ဘဲ “ဒို႔ဗမာေဟ့ ဒို႔ဗမာ” လို႔ေအာ္ေနတာ ရွက္လည္းမရွက္ၾကဘူး။ NRC ကို စီစစ္ေရးကဒ္ျပားႀကီးနဲ႔ ေျပာင္း စီစစ္ေရးကဒ္ျပားႀကီးကို စီစစ္ေရးကဒ္အေသးနဲ႔ေျပာင္း၊ ႏွစ္၇၀ေက်ာ္ေနၿပီ စီစစ္လို႔ကုိ မၿပီးေတာ့ဘူး။ ႏိုင္ငံသား ဘယ္ေတာ့ျဖစ္ၾကမလဲဆိတာ ဘယ္သူမွလဲ မသိဘူး။ အသိတရားေခါင္းပါးေလေတာ့ စီစစ္ေရးကဒ္ျပားကိုင္ထားၿပီး ႏုိင္ငံသားေတြပါလို႔ ပီတိျဖစ္ေနၾကတယ္။ ဗမာလိုေရးထားတဲ့ လူမ်ဳိးနဲ႔ စီစစ္ေရးဆိုတဲ့ ေဝါဟာရေလာက္ေတာင္ ဂဃနဏမသိဘဲ ေခတ္မီဖြံ႔ျဖိဳးတိုးတက္ေရး အိပ္မက္မက္ေနၾကတယ္။
(Unicode Version)
၁၈.၁.၂၀၁၉ နေ့ ဆည်မြောင်းဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးက Passport လျှောက်ဖို့ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးကို ရောက်ခဲ့တယ်။ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက တာဝန်ရှိသူ တစ်ဦးက အဆိုပါ အသက်၆၀ ရှိပြီဖြစ်တဲ့ ဆည်မြောင်းဝန်ထမ်းအား “ခင်ဗျားရဲ့နိုင်ငံသား စီစစ်ရေး”ကဒ်ပြားက အတုပဲ။ လဝကရုံးသွားပြီး အသစ်ပြန်ထုတ်လိုက်ဦး၊ ပြီးမှ ဒီကိုလာခဲ့” လို့ ပြောတော့ ဆည်မြောင်းဝန်ထမ်းက “ကျုပ်မှာ smart ဝန်ထမ်းကဒ်ရှိတယ် အဲ့ဒါလဲအတုလား၊ ခင်ဗျားတို့က လဝကကိုယ်တိုင်ထုတ်ပေးတဲ့ နိုင်ငံသားစီစစ်ရေးကဒ်ပြားကို ခင်ဗျားတု့ိကပဲ ပြန်ပြီး အတုပြောရဲသလားကွာ” လို့ ပြန်ပြောတော့ Passport ရုံး ဝန်ထမ်းက “ကျွန်တော်တို့ အပေါ်က အမိန့်အတိုင်း လုပ်ရတာပါ၊
အဘကိုင်ထားတဲ့ ကဒ်က ၁၉၉၀ ဝန်းကျင်က စီမံချက်နဲ့ထုတ်ပေးခဲ့တဲ့ နိုင်ကဒ်အဟောင်းပဲ၊ ဆိုဒ်ကိုကြည့်ပါ၊ ဆိုဒ်အသေးနဲ့ သွားလဲလိုက်ပါ” လို့ ဖြေခဲ့တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၇၁နှစ်ရှိနေပြီ။ ဒီကနေ့အထိ ဘယ်သူမှ နိုင်ငံသား မဖြစ်သေးဘူး။ “ဒို့ဗမာဟေ့ ဒို့ဗမာ” လို့ အော်ကြပေမဲ့ ကိုယ်ပြောနေတဲ့ ဗမာစကားကိုတောင် နားမလည်ကြဘူး။ ငါတို့ဗမာကွာ၊ တိုင်းရင်းသားကွာလို့ ကြွားနေပေမဲ့ သူတို့ကိုယ်တိုင် နိုင်ငံသားဟုတ်ရဲ့လား မသိကြတဲ့သူတွေ ဖြစ်တယ်။
နိုင်ငံသား စီစစ်ရေးကဒ်ပြားကိုင်ထားပြီး နိုင်ငံသားကဒ်လို့ ကြွားတဲ့ကောင်တွေပဲ တွေ့တယ်။ အစိုးရ ဌာနပေါင်းစုံနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကလဲ အလုပ်လျှောက်ရင် နိုင်ငံသား ဖြစ်ရမှာကို လိုအပ်ချက်အဖြစ် သတ်မှတ်ကြတယ်။ ဒီလူတွေကို ကျုပ်က ဘယ်သူလဲဟေ့ နိုင်ငံသားလို့ မေးချင်တယ်။
လွတ်လပ်ရေးရပြီးတဲ့နောက် ၁၉၅၁ ခုနှစ်မှစပြီး မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်သူတွေကို NRC အမျိုးသားမှတ်ပုံတင် ကဒ်ပြားနဲ့ နိုင်ငံခြားမှ လာရောက်နေထိုင်သူတွေကို FRC ကဒ် ထုတ်ပေးလာခဲ့တယ်။
၁၉၈၂ မှာ အာဏာရှင် နေဝင်းက ၁၉၈၂ နိုင်ငံသား ဥပဒေကို ရေးဆွဲခဲ့ပေမဲ့ ဘယ်သူကမျှ ဥပဒေအဖြစ် အသိအမှတ်ပြု လက်မှတ်မထိုးခဲ့ဘူး။ ဥပဒေ မူကြမ်းအဆင့်နဲ့သာရှိခဲ့တယ်။ ၁၉၈၈ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၁၉၉၀မှာ ရွေးကောက်ပွဲ ကျင်းပပေးရမယ်ဆိုတော့ စစ်အာဏာရှင်တွေရဲ့ အကြံအစည်နဲ့ ၁၉၈၂နိုင်ငံသား ဥပဒေအတိုင်း အရင်ဆုံး စီစစ်ကဒ်လုပ်ရမယ်လို့ ပြောခဲ့တယ်။ မွတ်စလင်အများစုက NLD ကို မဲပေးမယ်ဆိုပြီး ကြိုသိနေတော့ မွတ်စလင်အများစုကို စီစစ်ရေးကဒ် မထုတ်ပေးခဲ့ပေ။
အထူးသဖြင့် ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေရဲ့ လက်ဝယ်မှာရှိ NRC တွေကို စစ်အာဏာရှင်တွေရဲ့ လူမျိုးတုံးသတ်ဖြတ်ရေးအဖွဲ့ဖြစ်တဲ့ “နစက”က သိမ်းယူပြီး စီစစ်ရေးကဒ်အစား ဝှိုက်ကဒ်တွေသာ ထုတ်ပေးခဲ့တယ်။ ဗုဒ္ဓဘာသာမဟုတ်တဲ့ သူတွေ လဝကရုံးရောက်ရင် မျိုးဆက်၃ဆက်လောက် NRC ကိုင်ထားတဲ့ အထောက်အထားတွေ ပြရတယ်။ လဝကရုံးတွေရဲ့ မှတ်တမ်းတွေကလဲ ဗရမ်းဗတာ၊ တချို့နယ်က ရုံးတွေမှာဆို မှတ်တမ်းဟောင်းတွေအားလုံး ဆွေးမြေ့ပြီး ကိုင်စရာမရှိလောက်အောင် ဖြစ်နေတယ်။
ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေကို အရင်က “ကုလား” ပြောခဲ့ပေမဲ့ အခုတော့ စကားလုံးအသစ်ထွင်ပြီး နှိပ်ကွပ်နေတာ တွေ့ရတယ်။ ဗုဒ္ဓဘာသာ မဟုတ်မှန်းသိတာနဲ့ “သွေးနှော ဘင်္ဂလီ ” လို့ ခေါ်ကြတာပဲ။ ရိုဟင်ဂျာတွေဆို ခိုးဝင်ဘင်္ဂလီလို့ ဝါဒဖြန့်နေတာ ၁၉၉၀ မှ ဒီကနေ့အထိပဲ။ ကျန်တဲ့ မွတ်စလင်တွေအားလုံးကိုလဲ စီစစ်ရေးကဒ်လျှောက်တဲ့အခါ ဘင်္ဂလီမပါပါအောင် ရေးနေတာ တွေ့ရတယ်။
မိဘနှစ်ပါးလုံးရဲ့ စီစစ်ရေးကဒ်ပြားမှာ ဘင်္ဂလီဆိုတဲ့ စကားလုံးမရှိပေမဲ့ သားသမီးတွေရဲ့ စီစစ်ရေးကဒ်မှာတော့ “မေမန်+အိန္ဒိယ+ကျူလီယာ+ဘင်္ဂလီ” ဖြစ်သွားတယ်။
ဗမာတွေ ဗမာစာနဲ့ ဗမာစကား နားမလည်တော့ “လူမျိုး” ဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရကိုလဲ မသိကြတော့ဘူး။ ကမ္ဘာမှာ လူမျိုး ၃-၄-၅ မျိုးပေါင်းထားတဲ့ လူမျိုးရယ်လို့ မရှိဘူး။ Race ဆိုတဲ့ Concept ကိုတောင် နားမလည်ဘဲ “ဒို့ဗမာဟေ့ ဒို့ဗမာ” လို့အော်နေတာ ရှက်လည်းမရှက်ကြဘူး။ NRC ကို စီစစ်ရေးကဒ်ပြားကြီးနဲ့ ပြောင်း စီစစ်ရေးကဒ်ပြားကြီးကို စီစစ်ရေးကဒ်အသေးနဲ့ပြောင်း၊ နှစ်၇၀ကျော်နေပြီ စီစစ်လို့ကို မပြီးတော့ဘူး။ နိုင်ငံသား ဘယ်တော့ဖြစ်ကြမလဲဆိတာ ဘယ်သူမှလဲ မသိဘူး။ အသိတရားခေါင်းပါးလေတော့ စီစစ်ရေးကဒ်ပြားကိုင်ထားပြီး နိုင်ငံသားတွေပါလို့ ပီတိဖြစ်နေကြတယ်။ ဗမာလိုရေးထားတဲ့ လူမျိုးနဲ့ စီစစ်ရေးဆိုတဲ့ ဝေါဟာရလောက်တောင် ဂဃနဏမသိဘဲ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အိပ်မက်မက်နေကြတယ်။