ဒေါက်တာမောင်ဇာနည် (သို့မဟုတ်) မြန်မာ့ မာတင်လူသာကင်းဂျူနီယာ

752 views

လတ်တလော ဘူးသီးတောင်မှာ ဖြစ်ခဲ့သော မုဒိန်းမှု ခေါင်းစဉ်ဖြင့် ရေးသားခဲ့သမျှ သတင်းများတွင် ဖက်ဆစ်နာဇီဆန်ဆန် လူမျိုးရေး ဘာသာရေးအမုန်းစကားများကို တွေ့ရ၏။ 2012 ရိုဟင်ဂျာသုတ်သင်ပွဲ မတိုင်မီ ရခိုင်နိုင်ငံရေးသမားများက ဖန်တီးခဲ့သော သီတာထွေးကိစ္စနှင့် ယခု တင်ပြနေသော ဘူသီးတောင်ကိစ္စတို့သည် တစ်ပုံစံတည်းပင် ဖြစ်၏။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော မြန်မာနိုင်ငံမှာ တစ်ဦးတစ်ယောက်က ဂေါတမမြတ်စွာ ဟောခဲ့သည့်အတိုင်း အမှန်တရား တစ်စုံတစ်ခုကို ပြောမိလျှင် သို့မဟုတ် ရေးမိလျှင် ထိုသူအား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လေ့ရှိ၏။ ထိုသို့ စော်ကားခြင်းကြောင့် အစော်ကားခံရသူထက် အဆိုပါရေးသားပြောဆိုသူ၏ယုံကြည်ကိုးကွယ်မှုကို ပို၍ထိခိုက်စေ၏။ အဆိုပါ စော်ကားများ၏စရိုက်နှင့်ဘာသာတရားအပေါ် ကမ္ဘာ့ အသိုင်းအဝိုင်း၏အမြင်က မည်သို့ရှိလာမည်ကို အဆိုပါ မျက်ကန်းနာဇီဝါဒီတွေ မသိကြပေ။

မြန်မာ့မာတင်လူသာကင်းဂျူနီယာဟု တင်းစားရမည့် ဒေါက်တာမောင်ဇာနည်မှာ မြန်မာနိုင်ငံ၏ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ လှုပ်ရှားနေသော ပညာရှင်တစ်ဦး၊ ဂေါတမမြတ်စွာ ဟောခဲ့သည်ကို လက်တွေ့ကျင့်သုံးသူတစ်ဦး၊ အမှန်တရားကို ပြောရဲသော သူရဲကောင်းတစ်ဦး ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်အား စော်ကားနေသူများမှာ အစွန်းရောက်သမားများ၊ ဖက်ဆစ်ဝါဒီများနှင့်ခေတ်သစ်နာဇီဝါဒီ၊ ဇီယွန်ဝါဒီများသာ ဖြစ်ကြသည်။

ဂေါတမတရားဓမ္မအရ “ဤကမ္ဘာပေါ်ရှိ လူသားများသည်၊ တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်တတ်ကြ၍ ကိုယ်ချင်းစာနာမှုကင်းမဲ့တတ်ကြလေသည်။ ယင်းတို့သည်အချင်းချင်း၊ ချစ်ခင်မှုနှင့် လေးစားမှုများကို မသိကြပါပေ။ ယင်းတို့သည် အသေးအဖွဲကိစ္စရပ်များအပေါ် ငြင်းခုန်ကြခြင်းဖြင့်၊ နာကျင်ခံစားမှုများသာ ဖြစ်ပေါ်​စေကာ၊ ဘဝသည်လည်း ပျော်ရွှင်မှု မရှိသော သံသရာထဲတွင်တဝဲလည်လည် ဖြစ်နေလေသည်။ ဤကမ္ဘာပေါ်တွင် မကောင်းမှုငါးရပ် ရှိလေသည်။ ပထမမှာ ရက်စက်မှု ဖြစ်လေသည်။ စတုတ္ထမှာ လူများသည် အခြားသော သူများ၏ အခွင့်အရေးကို မလေးစားသည့် သဘာဝမျိုး ရှိတတ်ကြ၍ အခြားသူများကို ဓားစာခံပြုကာ၊ မိမိ၏အရေးပါမှုကို ချဲ့ထွင်ပြောဆိုခြင်း၊ မကောင်းသော အပြုအမူများကို ပြုကျင့်ခြင်းနှင့် မတရားပြောဆိုတတ်သဖြင့်လည်း၊ အခြားသူများအား လှည့်စားခြင်း၊ မကောင်းကြောင်း ပြောဆိုခြင်းနှင့်ဆဲဆိုခြင်းများ ပြုလုပ်တတ်ကြလေသည်။

ဗုဒ္ဓက လူ့သဘာဝ၏ သန့်စင်မှုကို ဖုံးလွှမ်းညစ်ညမ်းစေသော၊ လောကီရမက်များ နှစ်မျိုးနှစ်စား ရှိသည်ဟု ဟောကြားလေသည်။ ပထမတစ်မျိုးမှာ၊ ဆုံးဖြတ်ချက်ကို အရောရော အနှောနှော ရှုပ်ထွေးသွားစေသော တွေးခေါ်ဆင်ခြင်မှု ရမက် ဖြစ်လေသည်။ ဒုတိယတစ်မျိုးမှာမူ၊ လူ့တန်ဖိုးများ ရောနှော ရှုပ်ထွေးသွားစေသည့်၊ စိတ်လှုပ်ရှားမှုအတွေ့အကြုံရမက် ဖြစ်လေသည်။

ဂေါတမမြတ်စွာအား “အဘယ်သို့သော ပုဂ္ဂိုလ်သည် အတွင်း၌ အချည်းအနှီးလည်းဖြစ်, ဖွင့်လည်းဖွင့်ထားသော အိုးနှင့်တူသနည်း။” ဟု မေးမြန်းရာ သူက “မဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ, အမှန်တရားကိုလည်း မသိသော ပုဂ္ဂိုလ်သည် အတွင်း၌ အချည်းအနှီးလည်းဖြစ်, ဖွင့်လည်းဖွင့်ထားသောအိုးနှင့် တူ၏၊ ထိုအိုးသည် အတွင်း၌ အချည်းအနှီးလည်းဖြစ်, ဖွင့်လည်းဖွင့်ထားသကဲ့သို့ ဤသို့ကြည်ညိုဖွယ်လည်း မရှိ, အမှန်တရားကိုလည်း မသိသော ပုဂ္ဂိုလ်ကို ထိုအိုးနှင့် တူ၏ဟူ၍ မှတ်အပ်၏။” ဟု မိန့်ခဲ့၏။

နာဇီဝါဒီနှင့်ဇီယွန်ဝါဒီ ပေါများသော ရခိုင်ဒေသကို ဖက်ဆစ်စစ်ခေါင်းဆောင်များက ရိုဟင်ဂျာများကို သုတ်သင်ရာဒေသအဖြစ် ပြောင်းလဲခဲ့သည်မှာ 1962 မှ ယနေ့အထိပင် ဖြစ်၏။ ရိုဟင်ဂျာတို့အား မျိုးတုံးသတ်ဖြတ်ရာတွင် ဖက်ဆစ်စစ်ခေါင်းဆောင်များနှင့်အတူ ရခိုင်ဒေသရှိ နာဇီဝါဒီများနှင့်ဇီယွန်ဝါဒီများလည်း ပူးပေါင်းပါဝင်လာခဲ့ကြသည်။ အဆိုပါ ဖက်ဆစ်စစ်ခေါင်းဆောင်များ၊ ဇီယွန်ဝါဒီနှင့်ခေတ်သစ်နာဇီဝါဒီများသည် ဗုဒ္ဓဘာသာဝင်အများစုအား အနောက်တံခါးမလုံခြုံကြောင်း၊ ဗုဒ္ဓဘာသာအတွက် အန္တရယ်ရှိကြောင်းတရားဟော၍ ပြည်သူအများစုကို လှည့်စားနေသည်မှာလည်း ဆယ်စုနှစ်များစွာရှိနေပြီ။ ထိုသူတို့သည် ဗုဒ္ဓဘာသာဝင်များဟု ကြွေးကြော်နေသော်လည်း အမှန်စင်စစ် ဂေါတမ၏တရားဓမ္မကို ပြောင်ပြောင်တင်းတင်း စော်ကားနေသူများသာ ဖြစ်ကြသည်။

(Zawgyi Version)

ေဒါက္တာေမာင္ဇာနည္ (သို႔မဟုတ္) ျမန္မာ့ မာတင္လူသာကင္းဂ်ဴနီယာ

လတ္တေလာ ဘူးသီးေတာင္မွာ ျဖစ္ခဲ့ေသာ မုဒိန္းမႈ ေခါင္းစဥ္ျဖင့္ ေရးသားခဲ့သမွ် သတင္းမ်ားတြင္ ဖက္ဆစ္နာဇီဆန္ဆန္ လူမ်ိဳးေရး ဘာသာေရးအမုန္းစကားမ်ားကို ေတြ႕ရ၏။ 2012 ႐ိုဟင္ဂ်ာသုတ္သင္ပြဲ မတိုင္မီ ရခိုင္ႏိုင္ငံေရးသမားမ်ားက ဖန္တီးခဲ့ေသာ သီတာေထြးကိစၥႏွင့္ ယခု တင္ျပေနေသာ ဘူသီးေတာင္ကိစၥတို႔သည္ တစ္ပုံစံတည္းပင္ ျဖစ္၏။ ဗုဒၶဘာသာဝင္အမ်ားစု ေနထိုင္ေသာ ျမန္မာႏိုင္ငံမွာ တစ္ဦးတစ္ေယာက္က ေဂါတမျမတ္စြာ ေဟာခဲ့သည့္အတိုင္း အမွန္တရား တစ္စုံတစ္ခုကို ေျပာမိလွ်င္ သို႔မဟုတ္ ေရးမိလွ်င္ ထိုသူအား ပုဂၢိဳလ္ေရးအရ တိုက္ခိုက္ေလ့ရွိ၏။ ထိုသို႔ ေစာ္ကားျခင္းေၾကာင့္ အေစာ္ကားခံရသူထက္ အဆိုပါေရးသားေျပာဆိုသူ၏ယုံၾကည္ကိုးကြယ္မႈကို ပို၍ထိခိုက္ေစ၏။ အဆိုပါ ေစာ္ကားမ်ား၏စ႐ိုက္ႏွင့္ဘာသာတရားအေပၚ ကမာၻ႔ အသိုင္းအဝိုင္း၏အျမင္က မည္သို႔ရွိလာမည္ကို အဆိုပါ မ်က္ကန္းနာဇီဝါဒီေတြ မသိၾကေပ။

ျမန္မာ့မာတင္လူသာကင္းဂ်ဴနီယာဟု တင္းစားရမည့္ ေဒါက္တာေမာင္ဇာနည္မွာ ျမန္မာႏိုင္ငံ၏ဒီမိုကေရစီအေရးႏွင့္လူ႔အခြင့္အေရးအတြက္ ႏွစ္ေပါင္းမ်ားစြာ လႈပ္ရွားေနေသာ ပညာရွင္တစ္ဦး၊ ေဂါတမျမတ္စြာ ေဟာခဲ့သည္ကို လက္ေတြ႕က်င့္သုံးသူတစ္ဦး၊ အမွန္တရားကို ေျပာရဲေသာ သူရဲေကာင္းတစ္ဦး ျဖစ္ပါသည္။ ထိုပုဂၢိဳလ္အား ေစာ္ကားေနသူမ်ားမွာ အစြန္းေရာက္သမားမ်ား၊ ဖက္ဆစ္ဝါဒီမ်ားႏွင့္ေခတ္သစ္နာဇီဝါဒီ၊ ဇီယြန္ဝါဒီမ်ားသာ ျဖစ္ၾကသည္။

ေဂါတမတရားဓမၼအရ “ဤကမာၻေပၚရွိ လူသားမ်ားသည္၊ တစ္ကိုယ္ေကာင္းဆန္ျခင္း ျဖစ္တတ္ၾက၍ ကိုယ္ခ်င္းစာနာမႈကင္းမဲ့တတ္ၾကေလသည္။ ယင္းတို႔သည္အခ်င္းခ်င္း၊ ခ်စ္ခင္မႈႏွင့္ ေလးစားမႈမ်ားကို မသိၾကပါေပ။ ယင္းတို႔သည္ အေသးအဖြဲကိစၥရပ္မ်ားအေပၚ ျငင္းခုန္ၾကျခင္းျဖင့္၊ နာက်င္ခံစားမႈမ်ားသာ ျဖစ္ေပၚ​ေစကာ၊ ဘဝသည္လည္း ေပ်ာ္႐ႊင္မႈ မရွိေသာ သံသရာထဲတြင္တဝဲလည္လည္ ျဖစ္ေနေလသည္။ ဤကမာၻေပၚတြင္ မေကာင္းမႈငါးရပ္ ရွိေလသည္။ ပထမမွာ ရက္စက္မႈ ျဖစ္ေလသည္။ စတုတၳမွာ လူမ်ားသည္ အျခားေသာ သူမ်ား၏ အခြင့္အေရးကို မေလးစားသည့္ သဘာဝမ်ိဳး ရွိတတ္ၾက၍ အျခားသူမ်ားကို ဓားစာခံျပဳကာ၊ မိမိ၏အေရးပါမႈကို ခ်ဲ႕ထြင္ေျပာဆိုျခင္း၊ မေကာင္းေသာ အျပဳအမူမ်ားကို ျပဳက်င့္ျခင္းႏွင့္ မတရားေျပာဆိုတတ္သျဖင့္လည္း၊ အျခားသူမ်ားအား လွည့္စားျခင္း၊ မေကာင္းေၾကာင္း ေျပာဆိုျခင္းႏွင့္ဆဲဆိုျခင္းမ်ား ျပဳလုပ္တတ္ၾကေလသည္။

ဗုဒၶက လူ႔သဘာဝ၏ သန႔္စင္မႈကို ဖုံးလႊမ္းညစ္ညမ္းေစေသာ၊ ေလာကီရမက္မ်ား ႏွစ္မ်ိဳးႏွစ္စား ရွိသည္ဟု ေဟာၾကားေလသည္။ ပထမတစ္မ်ိဳးမွာ၊ ဆုံးျဖတ္ခ်က္ကို အေရာေရာ အေႏွာေႏွာ ရႈပ္ေထြးသြားေစေသာ ေတြးေခၚဆင္ျခင္မႈ ရမက္ ျဖစ္ေလသည္။ ဒုတိယတစ္မ်ိဳးမွာမူ၊ လူ႔တန္ဖိုးမ်ား ေရာေႏွာ ရႈပ္ေထြးသြားေစသည့္၊ စိတ္လႈပ္ရွားမႈအေတြ႕အႀကဳံရမက္ ျဖစ္ေလသည္။

ေဂါတမျမတ္စြာအား “အဘယ္သို႔ေသာ ပုဂၢိဳလ္သည္ အတြင္း၌ အခ်ည္းအႏွီးလည္းျဖစ္, ဖြင့္လည္းဖြင့္ထားေသာ အိုးႏွင့္တူသနည္း။” ဟု ေမးျမန္းရာ သူက “မဂၢင္ရွစ္ပါးသည္ကား ဆင္းရဲခ်ဳပ္ရာ (နိဗၺာန္) သို႔ ေရာက္ေၾကာင္းအက်င့္တည္း”ဟူ၍ ဟုတ္မွန္ေသာအတိုင္း မသိ၊ ဤသို႔ ၾကည္ညိဳဖြယ္လည္း မရွိ, အမွန္တရားကိုလည္း မသိေသာ ပုဂၢိဳလ္သည္ အတြင္း၌ အခ်ည္းအႏွီးလည္းျဖစ္, ဖြင့္လည္းဖြင့္ထားေသာအိုးႏွင့္ တူ၏၊ ထိုအိုးသည္ အတြင္း၌ အခ်ည္းအႏွီးလည္းျဖစ္, ဖြင့္လည္းဖြင့္ထားသကဲ့သို႔ ဤသို႔ၾကည္ညိဳဖြယ္လည္း မရွိ, အမွန္တရားကိုလည္း မသိေသာ ပုဂၢိဳလ္ကို ထိုအိုးႏွင့္ တူ၏ဟူ၍ မွတ္အပ္၏။” ဟု မိန႔္ခဲ့၏။

နာဇီဝါဒီႏွင့္ဇီယြန္ဝါဒီ ေပါမ်ားေသာ ရခိုင္ေဒသကို ဖက္ဆစ္စစ္ေခါင္းေဆာင္မ်ားက ႐ိုဟင္ဂ်ာမ်ားကို သုတ္သင္ရာေဒသအျဖစ္ ေျပာင္းလဲခဲ့သည္မွာ 1962 မွ ယေန႔အထိပင္ ျဖစ္၏။ ႐ိုဟင္ဂ်ာတို႔အား မ်ိဳးတုံးသတ္ျဖတ္ရာတြင္ ဖက္ဆစ္စစ္ေခါင္းေဆာင္မ်ားႏွင့္အတူ ရခိုင္ေဒသရွိ နာဇီဝါဒီမ်ားႏွင့္ဇီယြန္ဝါဒီမ်ားလည္း ပူးေပါင္းပါဝင္လာခဲ့ၾကသည္။ အဆိုပါ ဖက္ဆစ္စစ္ေခါင္းေဆာင္မ်ား၊ ဇီယြန္ဝါဒီႏွင့္ေခတ္သစ္နာဇီဝါဒီမ်ားသည္ ဗုဒၶဘာသာဝင္အမ်ားစုအား အေနာက္တံခါးမလုံၿခဳံေၾကာင္း၊ ဗုဒၶဘာသာအတြက္ အႏၲရယ္ရွိေၾကာင္းတရားေဟာ၍ ျပည္သူအမ်ားစုကို လွည့္စားေနသည္မွာလည္း ဆယ္စုႏွစ္မ်ားစြာရွိေနၿပီ။ ထိုသူတို႔သည္ ဗုဒၶဘာသာဝင္မ်ားဟု ေႂကြးေၾကာ္ေနေသာ္လည္း အမွန္စင္စစ္ ေဂါတမ၏တရားဓမၼကို ေျပာင္ေျပာင္တင္းတင္း ေစာ္ကားေနသူမ်ားသာ ျဖစ္ၾကသည္။

You may also like