ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ရန် မြန်မာစစ်ခေါင်းဆောင်များက ၁၉၉၀ မှစပြီး စနစ်တကျ လုပ်ဆောင်လာခဲ့ကြတယ်။ နိုင်ငံတော်ပိုင် သတင်းများမှာလဲ ခိုးဝင်ဘင်္ဂလီဟု ဖော်ပြပြီး တနိုင်ငံလုံးမှာ ရိုဟင်ဂျာမုန်းတီးရေးအတွက် လှုံ့ဆော်ခဲ့ကြတယ်။ တရုတ်ရဲ့ ရွှေဂက်စ်စီမံကိန်းအောင်မြင်ရေးအတွက် ၂၀၁၂ မှစပြီး ရိုဟင်ဂျာတွေကို မီးရှို့သတ်ဖြတ်ကာ နာဇီအကျဉ်းစခန်းပမာ ပိတ်လှောင်ထားကြတယ်။
၂၀၁၆ မှစပြီး တုတ်ဓါးကိုင်တဲ့ လူတစ်စုကို အကြောင်းပြပြီး ရိုဟင်ဂျာကလေးသူငယ်တွေကို အရှင်လတ်လတ် မီးရှို့သတ် အမျိုးသမီးတွေကို အုပ်စုလိုက် မုဒိန်းကျင့် ရွာတွေကို ဝိုင်းပြီးမွေးကင်းစပါမကျန်သတ်ဖြတ်လို့ ရိုဟင်ဂျာ တစ်သန်းနီးပါး ဘင်္ဂလားဘက် အသက်လုထွက်ပြေးခဲ့ရတယ်။
ဒီလူတွေနဲ့ပတ်သက်ပြီး အစပိုင်းမှာတော့ သူတို့နိုင်ငံကို သူတို့ဆန္ဒအလျောက် သွားခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေက ဆင်ခြေပေးသေးတယ်။ နောက်ပိုင်းမှာ သူတို့အမြန်ခေါ်လာဖို့ ဘင်္ဂလားအစိုးကို ပူဆာနေတာတွေ့ရတယ်။ ဘင်္ဂလားက အမြန်အဆန် ပြန်မပို့လို့ ပြစ်တင်သံတွေလဲ ကြားနေရတယ်။
ဒေါက်တာမျိုးညွှန့်က သူတို့ကို နိုင်ငံပေးစရာအကြောင်းမရှိ လူသားချင်းစာနာလို့ ခေါ်ချင်တာတဲ့။ သူ့အမေလင်တွေမို့ လူသားချင်းစာနေတာမသိ။ ဒါမှဟုတ် အသိတရားခေါင်းပါးလို့ ဘာပြောလို့ပြောမှန်းမသိလား။ နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံတော်က အကုန်အကျခံ ခေါ်စရာမလို။ ပြည်သူ့ဘဏ္ဍာကို ပြည်သူအတွက်သာ သုံးရမယ်။ ပြည်သူအပေါ် အရင်ဆုံးစာနာပါအုံး။ ခိုးဝင်ဘင်္ဂလီတွေကို မခေါ်ကြနဲ့။
NLD"ဒီမိုကရေစီအစိုးရဖြစ်တဲ့အတွက် ပြည်သူတွေရဲ့သဘောထားကိုလည်း အမြဲတမ်းအလေးထားပါမယ် သို့သော် ပြည်သူတွေကို မမှန်ကန်တဲ့ အချက်အလက်တွေပေးပြီးတော့ ပြည်သူတွေ အုံကြွမှု သက်သက်နဲ့ စီမံကိန်းတစ်ခုကို ရပ်ပစ်မှာ မဟုက်ဘူး"ဒေါတ်တာမျိုးညွှန့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် အကောင်ထည်ဖော်ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုများအပေါ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါတ်တာမျိုးညွှန့်နှင့် လူထု မီဒီယာမှ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်။
Gepostet von လူထု မီဒီယာ am Montag, 10. Dezember 2018
ရိုဟင်ဂျာတွေကို ခိုးဝင်ဘင်္ဂလီပြောပြောပြီး လူမျိုးတုန်းသတ်ဖြတ်နေတာကို ကမ္ဘာ့အသိုင်းအဝိုင်းက ထောက်ပြတော့ တရုတ်အားကိုးနဲ့ အကြမ်းဖက်တွေကို စစ်ဆင်ရေးလုပ်စဉ် စစ်သားတချို့က လက်လွန်ခြေလွန်လုပ်မိတာဖြစ်ကြောင်း အဲဒီစစ်သားတွေကို ဥပဒေနဲ့အညီအရေးယူပြီဖြစ်ကြောင်းဆင်ခြေပေးခဲ့တယ်။
ခုတော့ ရိုဟင်ဂျာတို့အား မျိုးတုန်းအောင် သတ်ဖြတ်မှုအတွက် ဂျီနိုဆိုဒ် ကြေညာပေးရန် အမေရိကန် ဆီးနိတ်အမတ် မာကိုရူဘီယို ထရမ့်အစိုးရအား အပြင်းထန် ဖိအားပေးနေပြီ။ အမေရိကန် ဥပဒေပြု ဆီးနိတ်အထက်လွှတ်တော်တွင် သြဇာတိက္ကအရှိဆုံး မာကိုရူဘီယိုနှင့် အခရာအကျဆုံး ဆီးနိတ် အမတ်များက ထရမ့်အစိုးရအား ဂျီနိုဆိုဒ် ကြေညာပေးရန် အကြီးကျယ်ဖိအားပေးလျက်ရှိပါတယ်။
မကြာသေးခင်ကမှ ထရမ့်အစိုးရက အသစ်ခန့်အပ်ခဲ့တဲ့ ကမ္ဘောဒီးယားဆိုင်ရာ အမေရိကန် သံအမတ်ကြီးဖြစ်သူကို မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်ရာမှာ အမေရိကန်နိုင်ငံရဲ့ တုန့်ပြန်မှုကို ဖော်ထုတ်မယ့် သူ့အခန်းကဏ္ဍနဲ့ ပတ်သတ်ပြီး ဒီထက်မေးခွန်းတွေ ပိုဖြေကြားဖို့ ဖိအားပေးခဲ့ပါတယ်။
ယခင်က အရှေ့အာရှနှင့် ဖိစိဖိတ်ရေးရာဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ဖူးသူ ယခုအခါ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်လာမည့် ပက်ထရစ်မာဖီကို ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ အရပ်သူအရပ်သားတွေအပေါ် မြန်မာစစ်တပ်ရဲ့ စနစ်တကျ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ပြီး သိန်းချီတဲ့ ရိုဟင်ဂျာတွေကို မောင်းထုတ်ပြီးတဲ့နာက် မြန်မာအစိုးရနဲ့ ပတ်သတ်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန ပေါ်လစီကို ဖလော်ရီဒါပြည်နယ် ရီပက်ဗလေကန်အမတ် မာကိုရူဘီယိုက အခုလို မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်ကျွန်ပြုခံလျက် ဘင်္ဂလီလို့ဆက်ခေါ်မလား။ တရုတ်ကျွန်ဘဝကနေ လွှတ်မြောက်နိုင်အောင် ရိုဟင်ဂျာကို သူတို့ရဲ့ မူလနေရာတွေမှာ နေရာချပေးပြီး သူတို့ရဲ့မွေးရာပါ နိုင်ငံသားအခွင့်အရေး ပေးမလား ဆိုတာ လွှတ်တော်ခေါ် ဆွေးနွေးချိန်တန်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့အတိုင်း ဘယ်သူ့ကိုမှ အကျိုးမပြုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမှိုက်ပုံးထဲ ထည့်ပစ်ချိန်တန်ပြီ။ တရုတ်ကျွန်ပြုခံလိုရင် ပြည်သူတွေကို ဆက်နှိပ်ကွက်လိုရင်တော့ ဒီမိုကရေစီလို့ မအော်ကြနဲ့။ ဖက်ဆစ်တွေသာဖြစ်တယ်လို့ ဝန်ခံကြ။
