ရခိုင်ကော်မရှင်တွင် ပါဝင်ခဲ့သူ ဒေါက်တာရင်ရင်နွယ်က “ဘင်္ဂါလီပြသနာ” ခေါင်းစဉ်ဖြင့် ဧပြီလ ၂၆ ရက်နေ့ post တင်သည်ကို တွေ့သောအခါ ဘွဲ့ရအသိတရားမဲ့ ဗုဒ္ဓဘာသာအစွန်းရောက်များ ရှိနေသရွေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးလိုသူ နည်းပါးလိမ့်မည်ဖြစ်ကြောင့် တွေးမိသည်။
သူမ၏ post ကို “ဘင်္ဂါလီပြသနာကို ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံတော်မှ တာဝန်ပေးထားသည့် ပညာရှင်အချို့ နှင့် သံအမတ်/ဝန်ကြီး အချို့တို့ အား ထောက်ပြလိုပါသည်။”ဟု အစပြုထားသည်။
သူမ သိထားသင့်သည်မှာ ယခုအချိန်တွင် အစိုးရဖြေရှင်းရမည့် ပြသနာမှာ ဘင်္ဂါလီပြသနာ မဟုတ်။ ရိုဟင်ဂျာပြသနာသာဖြစ်ကြောင်းပင်။
နိုင်ငံတကာက ဂျီနိုဆိုဒ်တရားခံများကို ICC တင်ရန် ပြင်ဆင်နေသည်ကို ဒေါ်အောင်ဆန်းစုကြည် ကြိုသိ၍ မြန်မာ စစ်ခေါင်းဆောင်များကို ကယ်တင်နိုင်ရန် “ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်”အားငှားရမ်းပြီး အကြံပြုစေ၏။ ရဝန်ဒါမှာ ဂျီနိုဆိုဒ် ဖြစ်ခဲ့သည်ကို ကိုဖီအာနန်၏ အကြံအစည်ကြောင့် ကြန့်ကြာခဲ့သည်ကို ဒေါ်စု သိထားသည့်အတွက် သူ့ကို အကြံပြုရန် ငှားရမ်းခြင်းဖြစ်သည်။
အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာများမှာ နိုင်ငံတော်က ချမှတ်ခဲ့သမျှ တရားဥပဒေအားလုံးကို တသွေမတိမ်း လိုက်နာလာသူများဖြစ်သည့်အလျာက် အာနန်ကော်မရှင်၏ အကြံပြုချက်ကိုလည်း ကြိုဆိုခဲ့သည်။ သို့သော် ဗုဒ္ဓဘာသာအစွမ်းရောက်များက သူတို့ရေးဆွဲသော ဥပဒေများကို မိမိတို့ကိုယ်တိုင်ပင် လိုက်နာခြင်းမရှိပေ။
၁၉၈၂ နိုင်ငံသားဥပဒေအရ NRC ကိုင်ဆောင်ထားသူများအား စိစစ်ရေးကဒ် ပြောင်းပေးရမည်ဖြစ်သော်လည်း ဗုဒ္ဓဘာသာအစွန်းရောက် နာဇီများက ရိုဟင်ဂျာတို့လက်ဝယ်ရှိ NRC များကို ဝှိုက်ကဒ်ဖြင့် အစားထိုးခဲ့သည်။ ဗုဒ္ဓဘာသာအကြမ်းဖက်အုပ်စုများဖြစ်သော မဘသ ၉၆၉ သာကီ မျိုးချစ် အမျိုးသားရေး စသောအဖွဲ့အစည်းများကို အသုံးချပြီး တစ်နိုင်ငံလုံး၌ အကြမ်းဖက်မှုများ ဖန်တီးခဲ့သည်။
ဘင်္ဂလားဒေ့ခ်ျမှ ဝင်ရောက်လာသော ဘင်္ဂါလီရခိုင်များ ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အတွက် သူတို့ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရုံမက နိုင်ငံတော်ပိုင်မီဒီယာများ၌ပင် စာနာထောက်ထားကြရန် တိုက်တွန်းနှိုးဆော်သည်။ NVC ကတ်ပြား လက်ခံမည်ဟု အစိုးရ လက်ကိုင်တုတ်များမှအပ မည်သည့် ရိုဟင်ဂျာမျှ ပြောခဲ့ခြင်းမရှိ။ လက်ခံမည်လည်းမဟုတ်။ သူတို့က ဥပဒေနှင့်အညီ မျှမျှတတ လုပ်ဆောင်ရန်သာ တောင်းဆိုကြသည်။ ဥပဒေအတိုင်း လုပ်ဆောင်လျင် ရိုဟင်ဂျာအားလုံးကို စိစစ်ရေးကဒ် ထုတ်ပေးရမည်ဖြစ်သော်လည်း နာဇီဝါဒကို ဗုဒ္ဓဘာသာအမည်ဖြင့် ကျင့်သုံးလိုသော ဗုဒ္ဓဘာသာအစွန်းရောက်များက NVC သာ ထုတ်ပေးလို၏။
NVC ကို ငြင်းပယ်သော ရိုဟင်ဂျာတို့အပေါ် တည်ဆဲဥပဒေနှင့် ဆန့်ကျင်၍ အကြမ်းဖက်လာကြသည်။ NVC လက်မခံသူများကို ငါးဖမ်းခွင့် လယ်လုပ်ခွင့် ပိတ်ပင်ပြီး ငတ်ဖြတ်သေစေရန် ကြံစည်လာခဲ့ကြသည်။ ၂၀၁၆ မှစ၍ ARSA ကို ဖွဲ့စည်းပေးပြီး ရိုဟင်ဂျာအားလုံးကို အကြမ်းဖက်ခေါင်းစဉ်ဖြင့် မီးရှို့သတ်ဖြတ်ခဲ့သည်။ တုတ် ဓါး ကိုင်ဆောင်သောလူတစ်စုက ရဲကင်းစခန်း ၃၀ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟုဆိုလျင် မည်သည့် ဦးနှောက် အသိဥာဏ်ရှိသူကမျှ ယုံစရာအကြောင်းမရှိပေ။
သို့ဖြစ်၍ ဗုဒ္ဓဘာသာ အစွန်းရောက်များက နိုင်ငံတော်ပိုင်မီဒီယာသုံးပြီး ပြည်သူကို အယုံသွင်းရန်ကြိုးစားရသည်။ ဒေါက်တာရင်ရင်နွယ် နှင့် သူမကဲ့သို့ အသိတရားခေါင်းပါးသော ဗုဒ္ဓဘာသာ အစွန်းရောက်များ သိသင့်သည်မှာ ယခုအချိန်သည် အာနန်အစီရင်ခံစာအကြောင်း ဆွေးနွေးရမည့်အချိန်မဟုတ်။ ICC နှင့် R2P အကြောင်း ဆွေးနွေးတင်ပြရမည့်အချိန်။ ဂျီနိုဆိုဒ်တရားခံများကို အရေးယူရမည့်အချိန်။ ဗုဒ္ဓဘာသာ အစွန်းရောက်များကို တရားဥပဒေနှင့်အညီ အရေးယူသင့်သည့် အချိန်သာ ဖြစ်ကြောင်း အသိပေးပါရစေ။
