လတ်တလော ဘူးသီးတောင်မှာ ဖြစ်ခဲ့သော မုဒိန်းမှု ခေါင်းစဉ်ဖြင့် ရေးသားခဲ့သမျှ သတင်းများတွင် ဖက်ဆစ်နာဇီဆန်ဆန် လူမျိုးရေး ဘာသာရေးအမုန်းစကားများကို တွေ့ရ၏။ 2012 ရိုဟင်ဂျာသုတ်သင်ပွဲ မတိုင်မီ ရခိုင်နိုင်ငံရေးသမားများက ဖန်တီးခဲ့သော သီတာထွေးကိစ္စနှင့် ယခု တင်ပြနေသော ဘူသီးတောင်ကိစ္စတို့သည် တစ်ပုံစံတည်းပင် ဖြစ်၏။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော မြန်မာနိုင်ငံမှာ တစ်ဦးတစ်ယောက်က ဂေါတမမြတ်စွာ ဟောခဲ့သည့်အတိုင်း အမှန်တရား တစ်စုံတစ်ခုကို…
ရိုဟင်ဂျာတွေကို “ပါလစ္စတိုင်းတွေကို အစ္စရေးတို့ လုပ်သလို လုပ်ပစ်မယ်” လို့ ကြိမ်းဝါးပြီး စစ်တပ်နဲ့ ပူးပေါင်းခဲ့တဲ့ အေးမောင်အပါအဝင် အဝကျွန်းသား ရခိုင်ခေါင်းဆောင်တွေ အားလုံး အမြင်မှန်ရချိန်တန်ပြီလို့ စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်းမှာ ဈေးလာရောင်းတဲ့ ရခိုင်သား ကိုကျော်မောင်က ဖွင့်ပြောတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ရေး စီမံကိန်းနဲ့ ရှင်းထုတ်ပြီးမှ ရခိုင်မျိုးဖြုတ်မယ်ဆိုတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မဟာဗျူဟာကို အဝကျွန်းသား ရခိုင်ခေါင်းဆောင်တွေ နားမလည်ခဲ့တာအမှန်ပဲ။ ရိုဟင်ဂျာတွေကို…
